Headlines News :
Home » » ဆန္ဒပြခေါင်းဆောင်ကို ထိုင်းတရားရုံးက ဖမ်းဝရမ်းထုတ်

ဆန္ဒပြခေါင်းဆောင်ကို ထိုင်းတရားရုံးက ဖမ်းဝရမ်းထုတ်

Written By လွင့်မောင်မောင် on Tuesday, December 3, 2013 | 7:55 AM



ထိုင်းနိုင်ငံက ဆန္ဒပြတဲ့ အဖွဲ့ခေါင်းဆောင် Suthep Thaugsuban (Credit: AFP) 

ထိုင်းနိုင်ငံတရားရုံးက ​အစိုးရကို ​ဆန့်ကျင်ဆန္ဒပြတဲ့ ​အဖွဲ့ခေါင်းဆောင် ​Suthep ​Thaugsuban ​ကို ​အစိုးရကို ​ဖြုတ်ချဖို့ ​ကြိုးစားတဲ့ ​ဆူပူအုံကြွမှုနဲ့ ​ဖမ်းဝရမ်း ​ထုတ်လိုက်ပါတယ်။

ဆန္ဒပြအဖွဲ့ခေါင်းဆောင် ​Suthep ​Thaugsuban ​ကို ​သေဒဏ် ​ဒါမှမဟုတ် ​တသက်တကျွန်းအထိ ​အပစ်ပေးနိုင်ဖွယ်ရှိတယ်လို့ ​ထိုင်းနိုင်ငံရဲကပြောပါတယ်။ ​လေးနက်တဲ့ ​စွဲချက်ဖြစ်ပေမယ့် ​ထိုင်းနိုင်ငံဟာ ​သေဒဏ် ​အပစ်ပေးလေ့ ​မရှိဘူးလို့လည်း ​ဆိုပါတယ်။

တချိန်တည်းမှာပဲ ​ထိုင်းနိုင်ငံ ​၀န်ကြီးချုပ် ​Yingluck ​Shinawatra ​ကလည်း ​အတိုက်အခံဖက်က ​သူ့ကို ​ရာထူးကနေ ​ဆင်းပေးဖို့ ​တောင်းဆိုတာကို ​ငြင်းပယ်လိုက်ပါတယ်။

အတိုက်အခံဖက်က ​အခုလိုတောင်းဆိုတာဟာ ​ဖွဲ့စည်းပုံအခြေခံ ​ဥပဒေနဲ့ ​ကိုက်ညီမှုမရှိသလို ​သူ့အနေနဲ့ ​အတိုက်အခံအဖွဲ့ကိုလည်း ​တိုင်းပြည်ထိန်းချုပ်ခွင့် ​မပေးနိုင်ဘူးလို့ ​တုန့်ပြန်လိုက်ပါတယ်။

လက်ရှိအခြေအနေမှာတော့ ​ဘန်ကောက်မြို့မှာ ​ဆန္ဒပြမှုတွေဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။

ABC Radio Australia
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template