Headlines News :
Home » » » ပြည်ခိုင်ဖြိုး ပါတီတွင်း မညီမျှ၍ ကော်မတီဝင်များ နုတ်ထွက် ချင်စိတ် ပေါက်နေ

» ပြည်ခိုင်ဖြိုး ပါတီတွင်း မညီမျှ၍ ကော်မတီဝင်များ နုတ်ထွက် ချင်စိတ် ပေါက်နေ

Written By လွင့်မောင်မောင် on Saturday, February 15, 2014 | 9:31 AM

 
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ သင်္ဃန်းကျွန်းမြို့နယ် ကော်မတီရွေးချယ်ပွဲကို ရန်ကုန်တိုင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရုံး၌ ပြုလုပ်ခဲ့ ရာ ကော်မတီ ၀င်တချို့က ၎င်းရွေးချယ်ပွဲသည် ညီမျှမှု မရှိသောကြောင့်  ပါတီ ကော်မတီဝင် များနှင့် ကေဒါ အချို့ နုတ်ထွက်ချင်စိတ် ပေါက်နေကြပြီး အဆိုပါ မြို့နယ် ကော်မတီဝင်များ မှာ နုတ်ထွက် မည်ဟု ဖေဖော်ဝါရီလ၇ ရက်တွင် ကော်မတီဝင်တစ်ဦးဖြစ်သူ ဦးအောင်မြင့် က မြန်မာသံတော် ဆင့်သို့ ပြောသည်။

ထိုအခမ်းအနားကို ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် အခမ်းအနားပွဲ ပြုလုပ်ရာ၌ လျှို့ဝှက်စွာ လူရွေးချယ်ပွဲ ပြုလုပ်ခဲ့ရာ အတွင်းရေးမှူး (၂)အဖြစ် ဦးခင်မောင်ဌေး၊ အတွင်းရေးမှူး (၃)အဖြစ် ဦးကိုကိုနိုင်တို့ကို အသီးသီး ရွေးချယ်ခဲ့ပြီး ၎င်းရွေးချယ်ပွဲနှင့် ပတ်သက်၍ သင်္ဃန်းကျွန်းမြို့နယ် ကော်မတီဝင်များအား ကြိုတင် အသိပေး ဆောင်ရွက်ထားခြင်း မရှိဘဲ လုပ်ဆောင်ခဲ့သည့် အတွက် ပါတီမှ နုတ်ထွက်သွားမည် ဖြစ်သည်ဟု သင်္ဃန်းကျွန်း မြို့နယ် ကော်မတီဝင်များက မြန်မာသံတော်ဆင့်သို့ ပြောသည်။


ထိုကဲ့သို့ ကြံ့ခိုင်ရေးပါတီမှ နုတ်ထွက်မည့် ကိစ္စရပ်နှင့် ပတ်သက်၍ သင်္ဃန်းကျွန်း မြို့နယ် ကော်မတီဝင် ဦးအောင်မြင့်က ““ရပ်ကွက်တွေက တကယ်တမ်း သူတို့အတည်ဖြစ်သွားရင် အားလုံး ထွက်ကြလိမ့်မယ်။ အစုလိုက် အပြုံလိုက် အားလုံးထွက်ဖို့ အစီအစဉ်ရှိတယ်၊ သူတို့ကို အတည်ဖြစ်ရင် ကျွန်တော်တို့ အားလုံး ထွက်ကြမယ်၊ အတည်ကတော့ မဖြစ်သေးဘူး၊ သူတို့ပြည်ထောင်စုနေ့စဉ် သတင်းစာထဲမှာ အောင်မြင်စွာ ပြီးဆုံးသွားပြီလို့ ထည့်ထားတယ်””ဟု မြန်မာသံတော်ဆင့်သို့ ပြောသည်။
၎င်းကိစ္စရပ်နှင့် ပတ်သက်၍လည်း သင်္ဃန်းကျွန်းမြို့နယ် ကော်မတီဝင် ဦးအောင်ကိုကိုမှ “ကျွန်တော်တို့ ပါတီက လက်ရှိ လူကြီးတွေပြောပြောနေတဲ့ အာဏာ ရပါတီဆိုပြီး၊ ဒီပါတီထဲမှာ ဒီလိုမျိုး ဖြစ်နေတာ ကျွန်တော်တို့ ပါတီအတွက် အရမ်း နစ်နာပါတယ်။ နောက်ပြီး လူကြီးတွေက ဒီဟာကို တကယ်တမ်း စစ်ဆေးပြီးတော့ လုပ်ပေး စေချင်ပါတယ်။ ဒီမှာ အများကြီး နစ်နာတဲ့သူတွေ ရှိတာပေါ့။ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ပါတီအတွက် တကယ်လုပ်နိုင်တဲ့သူတွေ စိတ်ပျက်သွားတယ်၊ အဲ့လို အခြေအနေတွေ ရှိတယ်၊ ပါတီက အခု လူကြီးတွေကို အယုံအကြည် ကင်းမဲ့နေသလို ဖြစ်နေတယ်”” ဟု ၎င်းမှ မြန်မာသံတော်ဆင့်သို့ ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ သင်္ဃန်းကျွန်းမြို့နယ် ကော်မတီ ရွေးချယ်ပွဲတွင် ဦးဆောင်ပြုလုပ်ခဲ့သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ရန်ကုန်တိုင်း ခေတ္တယာယီ အတွင်းရေးမှူး ဦးမင်းသိန်းက ““အဘဦးမြင့်ဆွေက အဲဒီနေ့က အလုပ်များတယ် ဆိုပြီး မလာဖြစ်တော့ဘူး၊ ဦးတို့တိုင်း ကော်မတီ ၀င်တွေကပဲ ဦးဆောင်ပြီး လုပ်လိုက်ရတာပေါ့၊ မသိဘူးဆိုတာ ဒီပွဲမှာ ဘက်လိုက်မှုတွေ ရှိမှာစိုးလို့ ဦးတို့က ရုံးရောက်မှ တွေ့ဆုံပွဲမှာ အသိပေးပြီးတော့ တစ်ခါတည်း ရွေးချယ်ပွဲ လုပ်လိုက်တာပေါ့၊ ဘာဖြစ်လို့လဲဆိုတော့ အဲဒီမှာ ဂိုဏ်းဂဏတွေ ပုဂ္ဂိုလ်စွဲတွေ ရှိတာပေါ့၊ ရှိတော့၊ အဲ့လို ပုဂ္ဂိုလ်စွဲတွေနဲ့ မဖြစ်သင့်တဲ့လူတွေ အရည်အချင်း မရှိတဲ့ သူတွေ ဖြစ်သွားမှာစိုးလို့ ဦးတို့ပါတီက စိုးရိမ်တာပေါ့၊ အဲဒါကြောင့်ပေါ့၊ အဓိက ကတော့ ပါတီအောင်နိုင်ရေး လုပ်တယ်ဆိုတာ ထူးချွန် ထက်မြက်တဲ့ စည်းရုံးနိုင်တဲ့ စည်းရုံးသမားတွေ ဖြစ်မှ ပါတီအောင်နိုင်ရေး သမားတွေ ဖြစ်မှာပေါ့။ ဦးမောင်ဌေးနဲ့ ဦးကိုကိုနိုင်က ဒီရွေးချယ်ပွဲ လုပ်မယ်ဆိုတာ ကြိုသိနေတာကတော့ ဦးတို့လည်း မသိဘူး”” ဟု ၎င်းမှ မြန်မာသံတော်ဆင့်သို့ ပြောသည်။

ယခင် ရန်ကုန်တိုင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တာဝန်ခံ ဦးအောင်သိန်းလင်းက ချေးငွေများ ထုတ်ချေးခဲ့ရာ မြို့နယ် ကော်မတီဝင်များက ယင်းငွေကြေးများကို အလွဲသုံးစား ပြုလုပ်ခဲ့သည့်အတွက် ငွေစာရင်းရှင်းတမ်း လိမ်လည်မှုများ ဖြစ်ပေါ်ခဲ့သည်။ အဆိုပါ ငွေစာရင်းရှင်းတမ်း လိမ်လည်မှု ပြဿနာများကြောင့် မြို့နယ်အချို့ ၏ ကော်မတီဝင်တချို့ နုတ်ထွက်ခဲ့ခြင်း၊ ကော်မတီဝင်များ စုပေါင်း လက်မှတ်ရေးထိုး၍ မကျေနပ်ချက်များကို တိုင်ကြားခြင်းများလည်း ရှိခဲ့သည်။ ပြည်ခိုင်ဖြိုးပါတီသည် လက်ရှိ အာဏာရ ပါတီကြီးတစ်ခု ဖြစ်သော်လည်း ပါတီတွင်း ဒီမိုကရေစီကိုမူ တည်ဆောက်နိုင်ခြင်း မရှိသေးသည်မှာ ထင်ရှားကြောင်း၊ ပါတီဗဟိုတွင် သြဇာကြီးမားသော တိုင်းနှင့် ပြည်နယ် တာဝန်ခံ ဗဟိုအလုပ်အမှုဆောင်များ အနေဖြင့် သက်ဆိုင်ရာ ဒေသများတွင် ၎င်းတို့နှင့် အသင်းကာလကတည်း ကပလဲနံပသင့်သော အတွင်းရေး မှူးများကို အပြစ်ပေး အရေးယူခြင်း အလျှင်းမရှိဘဲ ပါတီတာဝန်များ ဆက်လက် ပေးထားခြင်း၊ အလုပ် အမှုဆောင် အဖွဲ့ဝင်များ၊ ကော်မတီဝင်များနှင့် ကေဒါများ၏ တင်ပြချက်များထက် အတွင်းရေးမှူးများ၏ ပြောစကားများသာ နားဝင်လေ့ ရှိကြောင်း၊ သို့ဖြစ်၍ ပါတီတွင်း မကျေနပ်ချက်များနှင့် စည်းရုံးရေး ခိုင်မာမှု မရှိခြင်းမှာ တစ်နေ့တခြား ပေါ်ပေါက် လာနိုင်ကြောင်း၊ ပါတီ ဥက္ကဋ္ဌအသစ် အနေဖြင့်လည်း ဗဟို အလုပ် အမှုဆောင်များ ပြောတိုင်း ယုံကြည် လက်ခံနေခြင်းမှာ မဖြစ်သင့်ကြောင်း၊ ပါတီ ကျစ်လျစ်ခိုင်မာမှုနှင့် စည်းရုံးရေးအင်အား ခိုင်မာ တောင့်တင်းမှုကို ဆက်လက် ထိမ်းသိမ်းထားရန် လိုလားပါက ကော်မတီဝင်များ မဟုတ်သော ကေဒါများနှင့် ၀ါရင့် အောက်ခြေ အလုပ်အမှုဆောင်များ ပြောဆိုတင်ပြမှုကို အလေးထား နားထောင်ရန် လိုအပ်နေပြီ ဖြစ်ကြောင်း၊ ကြံ့ခိုင်ရေး၏ ၀ါရင့် အလုပ်အမှုဆောင် တစ်ဦးက မြန်မာသံတော်ဆင့်သို့ သုံးသပ် ပြောကြားသည်။

ယခု ပါတီတွင်း ပြဿနာ ဖြစ်နေသော သင်္ဃန်းကျွန်းမြို့နယ်သည် နယ်မြေတာဝန်ခံ ဗဟိုအလုပ် အမှုဆောင် အဖွဲ့တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးသိန်းဇော် အသင်း ကာလကတည်းက တာဝန်ခံ၍ ကိုင် တွယ်ခဲ့သော မြို့နယ်ဖြစ်ပြီး၊ NLD မပါဝင်သော ၂၀၁၀ ရွေးကောက်ပွဲတွင်ပင် ၎င်းမြို့နယ် ကြံ့ခိုင်ရေးများမှာ အခြားပါတီကို  ရှုံးနိမ့်ခဲ့သည်။

ချမ်းမြေ့ခိုင်
Myanmartandawsint Newspaper
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template