Headlines News :
Home » » NLD ကျန်းမာရေးကွန်ရက် ရန်ပုံငွေဂီတပွဲ ကျပ်သိန်းရှစ်ရာကျော်နှင့် အရေးပေါ် လူနာတင်ကားတစ်စီး ရရှိ

NLD ကျန်းမာရေးကွန်ရက် ရန်ပုံငွေဂီတပွဲ ကျပ်သိန်းရှစ်ရာကျော်နှင့် အရေးပေါ် လူနာတင်ကားတစ်စီး ရရှိ

Written By လွင့်မောင်မောင် on Monday, February 10, 2014 | 12:20 PM

 
ရန်ကုန်၊ ဖေဖော်ဝါရီ ၉

အရေးပေါ်ကျန်းမာရေး ဝန်ဆောင်မှု အကောင်အထည်ဖော်ရန် ကျင်းပသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ဖေဖော်ဝါရီလ ၈ ရက်နေ့က ကျင်းပသော အမျိုးသား ကျန်းမာရေးကွန်ရက် နှစ်ပတ်လည် ရန်ပုံငွေ ဂီတဖျော်ဖြေပွဲတွင် ကျပ်သိန်း ရှစ်ရာကျော်နှင့် အရေးပေါ် လူနာတင်ကားတစ်စီး ရရှိခဲ့ကြောင်း အဆိုပါကွန်ရက် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက The Voice သို့ ပြောကြားသည်။

အရေးပေါ် လူနာတင်ကားအတွက် Ever Green Auto Group ကလှူဒါန်းခဲ့ပြီး ငွေကျပ် သိန်းရှစ်ရာကို တက်ရောက်လာသူများက လှူဒါန်းခြင်း ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

အမျိုးသားကျန်းမာရေး ကွန်ရက်သို့ ဒေါ်လာတစ်သောင်း ငါးထောင်တန် TOYOTA HI-ACE အရေးပေါ် အသက်ကယ် သူနာတင်ယာဉ် တစ်စီးကို ဂျပန်နိုင်ငံမှ မစ္စတာ OKAZAKI က ဒီဇင်ဘာ ၂၉ ရက်နေ့တွင် လှူဒါန်းခဲ့ကြောင်း အဆိုပါ ကွန်ရက်ထံမှ သိရှိရသည်။
“တစ်စီးကို ခွဲစိတ်ခန်း အသေးစားလုပ်မယ်။ နောက်တစ်စီးကို အသက်ကယ် သူနာတင်ယာဉ် လုပ်မယ်။ ရန်ပုံငွေက ခွဲခန်းလုပ်မယ့် ကားအတွက် ပစ္စည်းဝယ်နိုင်မယ်။ အသက်ကယ် သူနာတင်ယာဉ် အတွက်တော့ ပစ္စည်းတွေက အရမ်းဈေးကြီးတာကြောင့် အချိန်တော့ ကြာဦးမယ်” ဟု ၎င်းကဆိုသည်။

လက်ရှိ အချိန်တွင် အမျိုးသား ကျန်းမာရေးကွန်ရက် အဖွဲ့ဝင် ဆရာဝန်များကို အရေးပေါ် အသက်ကယ်ယာဉ် အသုံးပြု နည်းသင်တန်းများ ပေးအပ်ထားပြီး ဖြစ်ကြောင်း ယင်းကွန်ရက် အဖွဲ့ဝင်များထံမှ သိရှိရသည်။

အမျိုးသား ကျန်းမာရေး ကွန်ရက်သည် နယ်လှည့် ဆေးကုသမှု လုပ်ငန်းများကို ၂၀၁၃ ခုနှစ်ကတည်းက စတင်ဆောင်ရွက်ခဲ့ပြီး ယခုနှစ်တွင် အရေးပေါ် အသက်ကယ် ဝန်ဆောင်မှုကို ထပ်မံတိုးချဲ့ရန် စီစဉ်နေခြင်း ဖြစ်သည်။

The Voice Weekly
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template