Headlines News :
Home » » » မြန်မာဈေးကွက်မှာ အပြိုင်အဆိုင်တွေများလာတဲ့ ဂျပန်ကားများ

» မြန်မာဈေးကွက်မှာ အပြိုင်အဆိုင်တွေများလာတဲ့ ဂျပန်ကားများ

Written By လွင့်မောင်မောင် on Sunday, February 9, 2014 | 7:50 AM

 
သမ္မတဦးသိန်းစိန်အစိုးရ အာဏာရလာသည့် ၂၀၁၁ ခုနှစ်မှစပြီး အခွန်များနှင့် လုပ်ထုံးလုပ်နည်းများ လျှော့ပေါ့ပေးလိုက်သည့်အတွက် ဂျပန်နိုင်ငံထုတ် တစ်ပတ်ရစ်ကားများ မြန်မာနိုင်ငံသို့ အလုံးအရင်းနှင့် ၀င်ရောက်လာနေသည်။

ထိုကဲ့သို့ ၀င်ရောက်လာမှုက မြန်မာနိုင်ငံ၏ စီးပွားရေးမြို့ တော် ရန်ကုန်တွင် ကားအရောင်းပြခခန်းများ ဖွင့်လှစ်လာသည့် ဥရောပနှင့် အမေရိကန်မှ ကားထုတ်လုပ်သူများနှင့် အပြိုင်အဆိုင်များ တိုးလာသလို ရှိနေပါသည်။

စစ်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လာသော မြန်မာတွင် အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုများ ဖယ်ရှားလိုက်မှုနှင့်အတူ အနောက်တိုင်းကားကုမ္ပဏီများ ၀င်ရောက်လာခြင်းဖြစ်သည်။

မြန်မာပို့ဆောင်ရေးဝန်ကြီးဌာန၏ စာရင်းဇယားအရ ပြီးခဲ့သည့် အောက်တိုဘာတွင် မြန်မာနိုင်ငံ၌ မှတ်ပုံတင်သည့် ကားစီးရေ ၃၉၀၀၀၀ ရှိပြီး ပြီးခဲ့သည့် ၂၀၁၂ ဧပြီလမှ ၁၈ လအတွင်း မှတ်ပုံတင်နှုန်း ၅၀ ရာခိုင်နှုန်းခန့် မြင့်တက်လာသည်။
မြန်မာနိုင်ငံ လမ်းများပေါ်တွင် ပြေးနေသော ကားများ၏ ၉၀ ရာခိုင်နှုန်းမှာ ဂျပန်တစ်ပတ်ရစ်ကားများသာဖြစ်သည်ဟု လေ့လာသူများကဆိုသည်။ သုတေသနလုပ်ငန်းတစ်ခုဖြစ်သည့် Frost & Sullivan က မြန်မာကားဈေးကွက်သည် အနှေးအမြန်ဆိုသလို ဆက်တိုက် တိုးတက်လာမည်ဟု ခန့်မှန်းထားသည်။ တိုင်းပြည်ဝင်ငွေတိုးလာသည့်အတွက် ၂၀၁၉ အထိ တစ်နှစ်လျှင် ၇ ဒသမ ၈ ရာခိုင်နှုန်း နှစ်စဉ်တိုးလာမည်ဟု သူတို့၏ ခန့်မှန်းမှုတွင် ဖော်ပြထားသည်။

ကားထုတ်လုပ်သူများအတွက် ကားအသစ် တောင်းဆိုသည့် ဈေးကွက်ကလည်း အလားအလာ ကောင်းနေသည်။ မြန်မာက စစ်အုပ်ချုပ်ရေးမှ ဒီမိုကရေစီစနစ်သို့    ကူးပြောင်းသွားသည့်နောက်ပိုင်း ဂျပန်ဆူဇူကီးကားကော်ပိုရေးရှင်းက ထရပ်ကားအငယ်စားများကို ထုတ်လုပ်သည့် လုပ်ငန်းကို ပြန်လည်လုပ်ကိုင်ခဲ့သည်။ နစ်ဆန်းမော်တော်ကားစက်ရုံကလည်း ၂၀၁၅ ခုနှစ်တွင် ကားထုတ်လုပ်သည့်လုပ်ငန်းကို စတင်လုပ်ကိုင်တော့မည်ဟု ကြေညာထားပြီးဖြစ်သည်။

မာဇဒါနှင့် မစ်ဆူဘစ်ရှီမှာ ကားအသစ်များ တိုက်ရိုက်တင်သွင်းရောင်းချရန် စီစဉ်နေသည်။ ဥရောပနှင့် အမေရိကန် ကားထုတ်လုပ်သူများထဲတွင် ဖို့ဒ်နှင့် ဂျင်နရယ်မော်တော်ကား ကုမ္ပဏီများက အရောင်းပြခန်းများ ဖွင့်လှစ်ထားကြပြီဖြစ်သည်။ အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများအောက်တွင် မြန်မာနိုင်ငံ ရုန်းကန်နေရဆဲအချိန်က ထိုကဲ့သို့ အဖြစ်မျိုးမှာ စိတ်ကူးပင် မယဉ်နိုင်သော အဖြစ်မျိုးများဖြစ်သည်။ဂျာမန်ဇိမ်ခံကားများဖြစ်သော ဘီအမ်ဒဗလျူနှင့် မာစီးဒီးဘင့်ဇ်ကလည်း ဈေးကွက်သို့ဝင်ရောက်လာပါပြီ။

သို့သော်လည်း မြန်မာကားဈေးကွက်မှာ အန္တရာယ်ကင်းလှသည်တော့မဟုတ်။ ရုတ်တရက် အပြောင်းအလဲများအပေါ် လုပ်ထုံးလုပ်နည်းများက တစ်ချိန်လုံး ပြောင်းလဲနေချိန်တွင် တိုးတက်မှုလမ်းကြောင်းက      နှေးကွေးနေသည်။

ဂျပန်ကားထုတ်လုပ်သူများအတွက် ခေါင်းခဲစရာပြဿနာတစ်ခုမှာ လက်ယာကပ်မောင်းစနစ်ရှိသော မြန်မာနိုင်ငံတွင် လက်ဝဲမောင်းကားများ  တင်ပို့နေမှုကို ကန့်သတ်ရန် ဆွေးနွေးဖို့ ရှိလာနိုင်သည်။ ထို့အပြင် စတီယာယင်ညာဘက်မှာရှိသော ဂျပန်ကားများက ယာဉ်တိုက်မှုများ တိုးလာသည့်အတွက်  အစိုးရတာဝန်ရှိသူများကလည်း သိသိသာသာ စိုးရိမ်မကင်း ဖြစ်လာကြသည်။

ဂျပန်ပြည်ပကုန်သွယ်ရေးအဖွဲ့၏ ရန်ကုန်ရုံးအကြီးအကဲ မာစကီတာကာယာရာက ““ပြိုင်ဆိုင်မှုတွေ ပြင်းထန်တဲ့အတွက် ဂျပန်ကားတွေအနေနဲ့ ဈေးကွက်ဝေစုဆုံးရှုံးလာလိမ့်မယ်။ အနာဂတ်မှာတော့ ကားရောင်းပြီးရင် ၀န်ဆောင်မှုပေးတာကိုပဲ တိုးမြှင့်လုပ်ပေးဖို့က အဓိကဖြစ်လာလိမ့်မယ်””  

(ဂျပန်တိုင်းမ်သတင်းစာတွင် ဖော်ပြထားသော ကျိုဒိုသတင်းဌာနမှ Japanese Cars Face Fight in Myanmar သတင်းဆောင်းပါးကို ထားထားမြင့် ဘာသာပြန်ဆိုသည်။ )

Author: ထားထားမြင့် (7DAY DAILY)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template