Headlines News :
Home » » ရွှေဆိုင် နှင့် အင်းဝဘဏ်တို့တွင် လုယက်မှု ကျူးလွန်ခဲ့သူများအား ပြင်းထန်စွာ အရေးယူဆောင်ရွက်

ရွှေဆိုင် နှင့် အင်းဝဘဏ်တို့တွင် လုယက်မှု ကျူးလွန်ခဲ့သူများအား ပြင်းထန်စွာ အရေးယူဆောင်ရွက်

Written By လွင့်မောင်မောင် on Saturday, February 15, 2014 | 7:08 PM



နေပြည်တော် ၊ ၁၅-၂-၂၀၁၄

မော်လမြိုင် မြို့နယ် ဇင်းကျိုက် ကျေးရွာ အမှတ်(၉) ရပ်ကွက် အိမ်အမှတ် (၆၈) ဦးတင်မြင့် ရွှေဆိုင်၌ ၂ဝ၁၃ ခုနှစ် အောက်တိုဘာ ၄ ရက် နံနက် ၁၁ နာရီခန့်တွင် ရွှေထည့် ထားသည့် မှန်ဗီရိုအား သေနတ်ဒင် ဖြင့် ရိုက်ခွဲ၍ ရွှေဆွဲပြား စုစုပေါင်း တန်ဖိုးငွေ ကျပ်သိန်း ၂ဝ ခန့် လုယက်မှု ဖြစ်ပွားခဲ့ပြီး အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ကျူးလွန်သူ ဗိုလ်ကြီး အောင်ခန့်မင်း အား စစ်ဘက်ဥပဒေ နှင့်အညီ အကျဉ်း စစ်တရားရုံးချုပ် ဖြင့် စစ်ဆေး ခဲ့ရာတွင်
တရားခံ၏ ဝန်ခံချက်နှင့် သက်သေ ထွက်ဆိုချက် များအရ ပြစ်မှု ထင်ရှားသဖြင့် ၄င်းအား ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီ ၁ဝ ရက်တွင် တပ်မတော်မှ ရှုတ်ချ၍ အမြဲတမ်း ထုတ်ပစ်ဒဏ် နှင့် အလုပ်ကြမ်း နှင့် ထောင်ဒဏ် ၁ဝ နှစ်အား နယ်ဘက် အကျဉ်းထောင် တွင်ကျခံ စေခဲ့သည်။

အလားတူ မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာမြို့ အင်းဝဘဏ် လီမိတက် (မိတ္ထီလာ ဘဏ်ခွဲ) ၌ ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၁၂ရက် နံနက် ၁ဝ နာရီခွဲခန့်တွင် ဘဏ်မန်နေဂျာ ဖြစ်သူအား ဓားဖြင့် ထောက်၍ ငွေလုယက်မှု ဖြစ်ပွားခဲ့ပြီး အဆိုပါ ဖြစ်စဉ် နှင့် ပတ်သက်၍ ကျူးလွန်သူ ဗိုလ်ကြီး ဝေယံမျိုးကျော် အား စစ်ဘက်ဥပဒေ နှင့်အညီ အကျဉ်း စစ်တရားရုံးချုပ် ဖြင့် စစ်ဆေးခဲ့ ရာတွင် တရားခံ၏ ဝန်ခံချက် နှင့် သက်သေ ထွက်ဆိုချက် များ အရ ပြစ်မှုထင်ရှား သဖြင့် ၄င်းအား ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်တွင် တပ်မတော်မှ ရှုတ်ချ၍ အမြဲတမ်း ထုတ်ပစ်ဒဏ် နှင့် အလုပ် ကြမ်း နှင့်ထောင်ဒဏ် ၈ နှစ်အား နယ်ဘက် အကျဉ်းထောင် တွင် ကျခံစေ ခဲ့ကြောင်း သိရှိရသည်။

Themyawadydaily
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template