Headlines News :
Home » » ဂျာမန်သမ္မတ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်စုတို့ကို တွေ့ဆုံမယ်

ဂျာမန်သမ္မတ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်စုတို့ကို တွေ့ဆုံမယ်

Written By လွင့်မောင်မောင် on Monday, February 10, 2014 | 12:26 PM



ဂျာမနီနိုင်ငံ သမ္မတ Joachim Gauck (Credit: AFP) 
 မြန်မာနိုင်ငံကို ​ရောက်ရှိနေတဲ့ ​ဂျာမနီနိုင်ငံ ​သမ္မတ ​Joachim ​Gauck ​ဟာ ​ဒီကနေ့မှာ ​နေပြည်တော်ကို ​သွားရောက်လည်ပတ်မှာဖြစ်ပြီးတော့ ​သမ္မတ ​ဦးသိန်းစိန်နဲ့ ​အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ​ဥက္ကဌ ​ဒေါ်အောင်ဆန်းစုကြည်တို့ကို ​တွေ့ဆုံမယ်လို့ ​သိရပါတယ်။

ဂျာမနီနိုင်ငံ ​သမ္မတဟာ ​သူ့ရဲ့ ​သုံးရက်တာ ​အရှေ့တောင်အာရှခရီးစဉ်အတွင်း ​မြန်မာနိုင်ငံကို ​တနင်္ဂနွေနေ့တုန်းက ​ရောက်ရှိနေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံကို ​ရောက်ရှိနေချိန်မှာပဲ ​ဂျာမန်သမ္မတနဲ့ ​သူ့ရဲ့ ​ဇနီးသည် ​Daniela ​Schadt ​တို့ဟာ ​ရန်ကုန်မြို့က ​ရွှေတိဂုံဘုရားကိုလည်း ​သွားရောက်လည်ပတ်ခဲ့ပါတယ်။

ဂျာမန် ​သမ္မတဟာ ​မြန်မာနိုင်ငံကနေ ​ပြန်လည်မထွက်ခွာခင် ​အင်္ဂါနေ့မှာတော့ ​ရန်ကုန်တက္ကသိုလ်မှာ ​မိန့်ခွန်းပြောကြား ​ဖို့ရှိတယ်လို့လည်း ​သိရပါတယ်။

ဂျာမန်သမ္မတ ​အနေနဲ့ ​မြန်မာနိုင်ငံကို ​မလာရောက်ခင် ​အိန္ဒိယနိုင်ငံကိုလည်း ​ခြောက်ရက်ကြာ ​လည်ပတ်ခဲ့ ​ပါတယ်။

ABC Radio Australia
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template