Headlines News :
Home » » တနင်္သာရီတိုင်းအတွင်း သိမ်းဆည်းခံလယ်ယာမြေများ ပြန်ရရေး ဥပဒေဘောင်အတွင်းမှ ကူညီပေးသွားမည်ဟုဆို

တနင်္သာရီတိုင်းအတွင်း သိမ်းဆည်းခံလယ်ယာမြေများ ပြန်ရရေး ဥပဒေဘောင်အတွင်းမှ ကူညီပေးသွားမည်ဟုဆို

Written By လွင့်မောင်မောင် on Sunday, July 13, 2014 | 10:06 PM


ထားဝယ်၊ ဇူလိုင် ၁၃
လယ်ယာမြေပြဿနာများ နေရာအနှံ့ ဖြစ်ပေါ်နေသည့် တနင်္သာရီတိုင်း
ဒေသကြီးအတွင်းရှိ သိမ်းဆည်းခံ လယ်ယာမြေများပြန်လည်ရရှိရေးအတွ
က်
ဥပဒေဘောင်အတွင်းမှ ကူညီပေးရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း
မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ
တိုင်းစည်းရုံးရေးမှူး ဦးဥာဏ်ဝင်းအောင်က ပြောသည်။
လယ်ယာမြေ သိမ်းဆည်းမှုနှင့် သက်ဆိုင်သည့်ဌာနဆိုင်ရာများသည်
လယ်ယာမြေဥပဒေများကို နားလည်ထားကြသူများ ဖြစ်သည့်အတွက် လယ်သမားများ
ကိုယ်တိုင်လည်း ယင်းဥပဒေများကို နားလည်ရန် လိုအပ်ခြင်းကြောင့်
ဥပဒေများကို ရှင်းလင်းပြောပြပေးမည်ဖြစ်ပြီး သိမ်းဆည်းလယ်မြေများ
ပြန်လည်ရရှိရေးအတွက်လည်း ဥပဒေဘောင်အတွင်းမှ ကူညီ ပေးသွားမည်ဟု အထက်ပါ
စည်းရုံးရေးမှူး ဦးဥာဏ်ဝင်းအောင်က ရှင်းပြသည်။
“ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ဥပဒေအရ အရေးယူမယ်ဆိုတာတွေပဲ အမြဲကြား
နေရတယ်။ ဥပဒေအရ ကာ ကွယ် ပေးမယ်လို့ ပြောတဲ့သူ မတွေ့ဖူးသေးဘူး။ ပါတီအနေနဲ့
ကတော့ နစ်နာနေတဲ့ လယ်သမားတွေကို ဥပဒေအရ ကာကွယ် ပေးမယ်။ ကူညီပေးမယ်”ဟု ၎င်းက
ဆိုသည်။
နိုင်ငံအနှံ့အပြားတွင် လယ်သမားများ ကြုံတွေ့နေရသည့် ထောင်ချခံရခြင်း၊
တရားရင်ဆိုင်နေရခြင်း စသည်တို့သည် ဥပဒေဘောင်အတွင်းမှ လုပ်ဆောင်ချက်များ
အားနည်းခြင်းကြောင့် ဖြစ်သည်ဟု ဦးဥာဏ်ဝင်းအောင်က ပြောသည်။
“ကူညီပေးမယ် ဆိုရင်တော့ ကောင်းပါတယ်။  တတ်နိုင်သမျှ ကူညီ
ပေးစေချင်ပါတယ်”ဟု အမှုငါးခုဖြင့် ထားဝယ်မြို့ နယ် တရားရုံးတွင် တရား
ရင်ဆိုင်နေရသူ ဆန်းချီရပ်ကွက်မှ လယ်သမား ဦးထွန်းထွန်းဝင်း က ပြောသည်။
ဥပဒေဘောင်အတွင်းမှ လုပ်ဆောင်ရာတွင်လည်း သက်ဆိုင်ရာ ဌာနများ သည် ဥပဒေအရ
ဆောင်ရွက်ပေးရမည့် ကိစ္စများတွင် နှောင့်နှေးကြန့်ကြာမှုများ ရှိနေသေးသည်ဟု
ဦးဥာဏ်ဝင်းအောင်က ဝေဖန်သည်။
လက်ရှိတွင် မြန်မာနိုင်ငံတောင်သူ လယ်သမားဖွံ့ဖြိုး တိုးတက်ရေး ပါတီ
အနေဖြင့် သရက်ချောင်းမြို့နယ် စော် ဖျားကျေးရွာအုပ်ချုပ်ရေးမှူးက
ပိုက်နက်ကျူးလွန်မှုဖြင့် တရားစွဲ ဒဏ်ငွေ ချမှတ်ခံခဲ့ရသည့် လယ်သမား တစ်ဦး၏
အမှုတစ်ခုကို လိုက်ပါကူညီပေးလျက်ရှိပြီး လယ်ပိုင်ရှင် လယ်သမားဘက်မှ
ပြန်လည်တရားစွဲနိုင်ရန် ကူညီပေး လျက်ရှိသည်ဟု ၎င်းက ပြောသည်။
သိမ်းဆည်းခံ လယ်ပိုင်ရှင်များ အနေဖြင့် တောင်သူလယ်သမား ဖွံ့ဖြိုး
တိုးတက်ရေးပါတီအား လာရောက် ဆက်သွယ် ပေးစေလိုပြီး ပါတီအနေဖြင့် လည်းလာမည့်
ပွင့်လင်းရာသီတွင် ဒေသအသီးသီးမှ လယ်မြေများသို့ သွား ရောက်၍
ကွင်းဆင်းလေ့လာပြီး ကူညီ ပေးသွားမည် ဖြစ်ကြောင်း ၎င်းက ဆို သည်။
လက်ရှိ အချိန်တွင်ပါတီရုံးခန်း အနေဖြင့်
သီးသန့်ဖွင့်လှစ်ထားခြင်းမရှိသေးသော်လည်း တိုင်းဒေသကြီးအတွင်း
ရုံးများဖွင့်လှစ်နိုင်ရန် ကြိုးပမ်း လျက်ရှိကြောင်း ယင်းပါတီထံမှ သိရ
သည်။
ယင်းပါတီသည် ၂၀၁၄ ခုနစ် ကြားဖြတ်ရွေးကောက်ပွဲတွင် တနင်္သာ
ရီတိုင်းဒေသကြီးအတွင်း လစ်လပ် နေ ရာများကို ဝင်ရောက်ယှဉ်ပြိုင်မည် မ
ဟုတ်ဘဲ ၂၀၁၅ ခုနစ် ရွေးကောက်ပွဲ တွင်သာ တိုင်းဒေသကြီး ၇ ခု တွင်
ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း ပါတီထံမှ သိရသည်။

|Dawei Watch|
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template