၂၀၁၄ ဇူလိုင်လ ၁၄ ရက် ည (၇)နာရီအချိန် |
ရွှေပေါက်ကံမြို့သစ်၊ (၂၁)ရပ်ကွက် ၏ ၁၄-၇-၂၀၁၄ နေ့ ၁၉း၃၀ ချိန် မြင်ကွင်း |
ဒီနေ့ ၁၄-၇-၂၀၁၄ ရက်နေ့ ညနေ (၅)နာရီ အချိန်ခန့်မှ စပြီး ငမိုးရိပ်ချောင်း ထူးကဲဒီရေ တက်မှုကြောင့် ရန်ကုန်တိုင်း ဒေသကြီး၊ မြောက်ဥက္က လာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်၊ (၂၁)ရပ်ကွက်တွင် ရေလွှမ်းမိုး မှုများ ဖြစ်ပေါ်ခဲ့ ပါသည်။ မနေ့က ၁၃-၇-၂၀၁၄ ရက်နေ့မှာလည်း ညနေ(၄)နာရီ အချိန်ခန့်မှာ ငမိုးရိပ် ချောင်းရေ တက်မှုကြောင့် ရွှေပေါက်ကံမြို့သစ်၊ (၂၁)ရပ်ကွက် တစ်ခုလုံးနီးပါး ရေလွှမ်းမိုးခဲ့ ပါသည်။
ရွှေပေါက်ကံမြို့သစ် ကို ၁၉၉၀-၉၁ ခုနှစ်မှာ မြို့သစ်ဖော်ပြီး၊ လူနေအိမ်ယာကွက်များချထားခဲ့သည့်အခါ ငမိုးရိပ်ချောင်း ရေလွှမ်းမိုးမှုမှ ကာကွယ်ရန် ငမိုးရိပ်ချောင်းတစ်လျှောက်တွင် တာရိုးပြုလုပ်ထား ခဲ့သော်လည်း ယခုအခါတွင်၎င်းတာရိုးမှာ နိမ့်သွားခဲ့ပြီး၊ ယခုကဲ့သို့ ရေကြီးသည့် အချိန်တွင် တာရိုးမှရေကျော်ကာ (၂၁)ရပ်ကွက် တစ်ခုလုံးနီးပါး ရေလွှမ်းမိုးခြင်း ဖြစ်ပါသည်။
ရေ ထ ရက်ဖြစ်သော အချိန်ကာလများတွင် ယခုကဲ့သို့ ရေလွှမ်းမိုးမှုများ ထပ်မံ ကြုံတွေ့ နေရဦးမည်ဖြစ်ပါ သည်။ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့် ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များ ဆက်လက် ဆောင်ရွက်လိမ့်မည်ဟု ရပ်ကွက်နေ ပြည်သူများက မျှော်လင့်နေကြပါပြီ။
သတင်း - ဓါတ်ပုံ ။ သူသူအောင်
BY THIT HTOO LWIN