Headlines News :
Home » » ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ သား ၂ ယောက် နိုင်ငံခြားသား ဖြစ်ရပုံ

ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ သား ၂ ယောက် နိုင်ငံခြားသား ဖြစ်ရပုံ

Written By လွင့်မောင်မောင် on Monday, July 14, 2014 | 2:25 PM

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဇူလိုင်လ ၁၂ ရက်နေ့တုန်း က ပခုက္ကူ မှာ ကျင်းပတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထု ပညာပေး ဟောပြောပွဲမှာ ပုဒ်မ ၅၉ ဆိုတဲ့ သမ္မတ ဖြစ်ခွင့် တားမြစ်ထားတဲ့ ဥပဒေအကြောင်းလည်း ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။ 


ပခုက္ကူ လူထုဟောပြောပွဲမှာ တွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဓာတ်ပုံ - NLD

အဲဒီ ဥပဒေအရ သမ္မတ ဖြစ်ရမယ့် သူရဲ့ သား၊ သမီး ချွေးမ၊ သားမက် စတဲ့ သူတွေဟာ နိုင်ငံခြားသားဖြစ် အဲဒီသူဟာ သမ္မတ ဖြစ်ခွင့် မရှိဘူးလို့ ပုဒ်မ ၅၉ စ က ကန့်သတ်ထားတာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ သား ၂ ဦး နိုင်ငံခြားသား ဖြစ်လို့ သမ္မတ ဖြစ်ခွင့် မရှိဘူးလို့ ပြဋ္ဌာန်းထားချက် အပေါ် အခုလို တုံ့ပြန်ထားပါတယ်။ 

 " တချို့က ပြောကြတယ်၊ ကျမ သား ၂ ယောက် က မြန်မာနိုင်ငံသား ခံယူလိုက်ရင် ကျမ သမ္မတ ဖြစ်လို့ ရပြီပေါ့။ ကျမ ပြောမယ်။ ကျမ သမ္မတ ဖြစ်တာ မဖြစ်တာက အဓိက မဟုတ်ဘူး။ အဓိက က ဥပဒေကြောင်း အရ မမျှတလို့ ပြင်တာ။ ဘယ်လို မကြိုက်တာလည်း ပြောရင် ကျမ သားတွေက နဂိုက မြန်မာနိုင်ငံသား လက်မှတ်ရနေပြီး ၁၉၉၈ ခုနှစ် နောက်ပိုင်း ကျမ အကျယ်ချုပ် ကျတော့ ကျမသားတွေကို အရင်အစိုးရ က နိုင်ငံသား လက်မှတ်တွေကို ရုပ်သိမ်းလိုက်တယ်။ အဲဒီနောက်ပိုင်း ကျမ သားတွေ ဗြိတိန်နိုင်ငံသား ဖြစ် သွားတယ်" လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။ 

ဒီအကြောင်း အပြည့်အစုံ အသံဖိုင်ကို အောက်ပါ ဖိုင်တွေက တဆင့် နားဆင်နိုင်ပါတယ်။

https://soundcloud.com/infonldburma/tog5pvo06kwh
ဧရာဝတီ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template