Headlines News :
Home » » ပုဒ်မ ၄၃၆ ပြင်ဆင်ရေးထက် ဖွဲ့စည်းပုံပြင်ဆင်နိုင်ရန် ပိုမိုအရေးကြီးသည့်အတွက် လေးပွင့်ဆိုင်တွေ့ဆုံရေးဖြစ်ပေါ်ဖို့ လက်မှတ်ရေးထိုး တောင်းဆိုသင့်ကြောင်း ပြည်သူများသို့ ဒေါက်တာအေးမောင် တိုက်တွန်း

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးထက် ဖွဲ့စည်းပုံပြင်ဆင်နိုင်ရန် ပိုမိုအရေးကြီးသည့်အတွက် လေးပွင့်ဆိုင်တွေ့ဆုံရေးဖြစ်ပေါ်ဖို့ လက်မှတ်ရေးထိုး တောင်းဆိုသင့်ကြောင်း ပြည်သူများသို့ ဒေါက်တာအေးမောင် တိုက်တွန်း

Written By လွင့်မောင်မောင် on Sunday, July 13, 2014 | 10:18 PM

  July 12, 2014


ပုဒ်မ ၄၃၆ ပြင်ဆင်ရေးထက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ဖို့ ပိုမိုအရေးကြီးသည့်အတွက် လေးပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးရေးဖြစ်ပေါ်ရန် လက်မှတ်ရေးထိုး တောင်းဆိုမှုများ ပိုမိုပြုလုပ်သင့်ကြောင်း ဒေါက်တာအေးမောင်က ပြည်သူများအား တိုက်တွန်းပြောဆိုခဲ့သည်။
ဒေါက်တာအေးမောင်က “ပုဒ်မ ၄၃၆ ကလည်း ပြင်ရမယ့် ပုဒ်မတစ်ခုပါပဲ။ ဒါပေမဲ့အဓိကကျတာက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်နိုင်ဖို့ပါ။ ဒါကြောင့် လေးပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးရေးဖြစ်ပေါ်ဖို့ လိုပါတယ်။ ဒါမှသာတစ်ယောက်ရဲ့ သဘောထားကို သိနိုင်မှာပါ။ ၂၀၁၅-၂၀၂၀ မှာ ဒီဖွဲ့စည်းပုံကို ပြင်နိုင်မှ နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေ ပြည့်ပြည့်၀၀ရလာမယ်။ ပြင်ဆင်ဖို့ တောင်းဆိုရာမှာလည်း အချုပ်အခြာအာဏာရဲ့ အောက်က ပြင်ရမှာပါ။ အချုပ်အခြာအာဏာပျက်အောင် ပြင်လို့မရပါဘူး။ ဖွဲ့စည်းပုံ ပြင်ဖို့ဆင်ဖို့ရဲ့ အဓိကကတော့ တွေ့ဆုံဖို့ပဲ” ဟု သုံးသပ်ပြောကြားသည်။
ဖွဲ့စည်းပုံပြင်ဆင်ရေးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အရေးကြီးကြောင်း၊ တပ်မတော်၏ အင်အားကို မည်ရွေ့မည်မျှလျှော့မည်၊ တပ်မတော်သား ကိုယ်စားလှယ်များကို ထိန်းသိမ်းနိုင်သည်မှာလည်း ကာချုပ်ပင်ဖြစ်ကြောင်း၊ ထို့အတွက် တွေ့ဆုံဆွေးနွေးပြီး နိုင်ငံအတွက် ပိုမိုကောင်းမွန်ရန် ညှိနှိုင်းသင့်နေပြီဖြစ်ကြောင်း အကြံပြုခဲ့သည်။
“လေးပွင့်ဆိုင်ဆွေးနွေးနိုင်ပါက သမ္မတကြီးဘက်ကလည်း ဘာတွေလိုက်လျောမယ်။ ဘာတွေလျှော့မယ်စသည်ဖြင့် ညှိနှိုင်းနိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီးတော့ လွှတ်တော်နာယက ဦးရွှေမန်းကလည်း ဘာတွေလုပ်မယ်။ တပ်မတော်သားကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လိုသဘောထားတယ် စတာတွေကို ၂၀၁၅-၂၀၂၀ အတွက် ပြင်ဆင်သင့်ပြီထင်ပါတယ်။ ကျွန်တော်တို့နိုင်ငံ ကောင်းဖို့အတွက် အခုအချိန်က မျက်နှာချင်းဆိုင်သင့်နေပါပြီ” ဟု ပြောကြားသည်။
ဆက်လက်၍ ဒေါက်တာအေးမောင်က ဒေါ်အောင်ဆန်းစုကြည်အနေနှင့် တပ်မတော်အပေါ် ထားရှိသည့် သဘောထားများကို ပွင့်လင်းစွာချပြရန် လိုအပ်ကြောင်း၊ တပ်မတော်သားများ၏ ယုံကြည်မှုရရှိရန်အတွက် ကြိုးစားသင့်ကြောင်း၊ တိုင်းရင်းသားအရေး ကိစ္စများကိုလည်း မည်သို့မည်ပုံထားရှိမည် ဖြစ်ကြောင်းများကို ပွင့်လင်းစွာချပြစည်းရုံးသင့်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
“လေးပွင့်ဆိုင်တွေ့ဆုံဖို့ မေတ္တာရပ်ခံတာက နိုင်ငံကောင်းဖို့အတွက်ပါ။ လက်ရှိဖွဲ့စည်းပုံနဲ့က နိုင်ငံသားအခွင့်အရေးတွေ အပြည့်အ၀မရနိုင်ဘူး။ ဒါကြောင့်ပြင်နိုင်ဖို့အတွက် တစ်ခုတည်းသော နည်းလမ်းက တွေ့ဆုံညှိနှိုင်းဖို့ပါ။ ဒါမှအဖြေရှာနိုင်မယ်။ ပြည်သူတွေအနေနဲ့ကလည်း ဒါကို တောင်းဆိုသင့်တယ်။ ပြည်သူတွေ တောင်းဆိုလာပြီဆိုရင်တော့ သမ္မတကြီးလည်း လျစ်လျူရှုလို့မရပါဘူး။ ပြည်သူတွေ တင်မြှောက်ထားတဲ့အတွက် ပြည်သူတွေရဲ့ ဆန္ဒကို ပစ်ပယ်လို့မရနိုင်ပါဘူး။ ၄၃၆ ကိုပြင်ဖို့ကလည်း လေးပွင့်ဆိုင်တွေ့မှ ဖြစ်နိုင်မှာပါ။ ဖြစ်နိုင်မယ်ဆိုရင်တော့ လေးပွင့်ဆိုင်မဟုတ်ဘူး။ တိုင်းရင်းသား ကိုယ်စားလှယ်တွေပါတဲ့ ငါးပွင့်ဆိုင် တွေ့ဆုံသင့်ပါတယ်” ဟု ဒေါက်တာအေးမောင်က ပြောကြားသည်။
နိုင်ငံသားအခွင့်အရေးများကို အပြည့်အ၀ရရှိမည့် ဖွဲ့စည်းပုံအခြေခံဖြစ်ဖို့ လိုအပ်သည်ဆိုသည်ကို ပြည်သူများ သိရှိနားလည်ရန် လိုအပ်ကြောင်း၊ လက်ရှိခေါင်းဆောင်များ အနေဖြင့် တိုင်းပြည်ကို အလုပ်အကျွေးပြုပြီး နိုင်ငံကောင်းအောင် ပြင်ဆင်သင့်သည်များကို ပြင်ဆင်ရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။
၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် မည်သည့်စနစ်ကို ကျင့်သုံးသင့်သည်ကို ပြည်သူများသိရှိမည်ဟု ထင်မြင်မိကြောင်း၊ ရွေးကောက်ပွဲနီးလာချိန်တွင် အခက်အခဲများ၊ ပြိုင်ဆိုင်မှုများ ပိုမိုပြင်းထန်လာမည်ဟု ထင်မြင်မိကြောင်း၊ ချောမွေ့သည့် နိုင်ငံရေးအခင်းအကျင်းဖြစ်ရန် လိုအပ်ကြောင်း ဆက်လက်ပြောကြားသည်။
“ကျွန်တော်တို့တိုင်းရင်းသားတွေ အနေနဲ့ကတော့ ပီအာရ်စနစ်ကို လုံးဝလက်မခံပါဘူး။ ပြည်ထောင်စု လွှတ်တော်နာယကနဲ့ တွေ့ဆုံဆွေးနွေးလျက် ရှိပါတယ်။ တိုင်းရင်းသားဒေသက လွှတ်တော်တွေအပြင် အမျိုးသားလွှတ်တော်မှာပါ ကျင့်သုံးခြင်းမပြုဖို့ ဆွေးနွေးထားပါတယ်။ ကျင့်သုံးမယ်ဆိုရင်တော့ ရှမ်းပြည်နယ်ကစပြီး ဆန္ဒဖော်ထုတ်မယ်။ ပြီးရင် ရခိုင်၊ မွန် စသည်ဖြင့် ဆန္ဒထုတ်ဖော်သွားမှာ ဖြစ်ပါတယ်။ ပီအာရ်စနစ်ကို သွတ်သွင်းတဲ့သူတွေကို ပြည်သူက ဘယ်လိုသဘောထားမယ်ဆိုတာ လူထုရဲ့ ဒီမိုကရေစီ ရင့်ကျက်မှုအပေါ် မူတည်ပါတယ်” ဟု ဒေါက်တာအေးမောင်က ပြောကြားသည်။
စိုးမင်းထိုက်EMG
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template