Headlines News :
Home » » ဦးတေဇ၏အကူအညီကြောင့် ကျောက်နဂါးအား ခေါင်းရုပ်ထုတပ်မှုအပေါ် ဒေသခံများ အလိုမရှိ

ဦးတေဇ၏အကူအညီကြောင့် ကျောက်နဂါးအား ခေါင်းရုပ်ထုတပ်မှုအပေါ် ဒေသခံများ အလိုမရှိ

Written By လွင့်မောင်မောင် on Sunday, July 13, 2014 | 10:22 PM


 မချမ်းဘော မြို့နယ်ရှိ “ကျောက်နဂါး” အား နဂို အတိုင်း မထားပဲ ဦးတေဇ၏ အကူအညီဖြင့် တပ်မတော် တပ်ရင်းများမှ နဂါးခေါင်း ရုပ်တုအား တပ်ဆင်ခြင်းနှင့် နဂါးထိပ်တွင် စေတီများ တည်ခဲ့သည့်ကို ရိုးရာ အဖွဲ့အစည်းများနှင့် ဒေသခံများမှ ပြန်ဖြုတ်ပေးရန် အလိုရှိနေကြကြောင်း သတင်း ရရှိသည် ။

“ဒါဟာ သဘာဝကို ဖျက်ဆီး လိုက်တာပဲ ။ ”ဟု ပူတာအိုမှ ဘသာရေး ဆရာ တစ်ဦးမှ ဆိုသည် ။

ယခုအချိန်သည် ထို ကျောက်နဂါးသည် အားလုံး အတွက် မဟုတ်တော့ ပဲ ဗုဒ္စ ဘာသာ တစ်ခုတည်း အတွက် ဖြစ်သွားပြီး ဖြစ်ကြောင်းလည်း ဆိုသည် ။

ပိုတာအို ဒေသရှိ သမိုင်းဝင် အထင်ကရ နေရာများတွင် ဦးတေဇမှ အလှူ ငွေများပေးကာ စေတီများ တည်ဆောက် ပေးလျှက် ရှိသည် ။

ကျောက်နဂါး အကြောင်းအရာသည် ယခင် ကတည်းက ကချင်နှင့် ရှမ်း ပုံပြင်များတွင်သာ တွေ့ရပြီး မည့်သည့် တိုင်းရင်းသား၊ ဘာသာတို့ ပုံပြင်များတွင် မတွေ့ရှိရကြောင်းလည်း ဆိုသည် ။

ထို ကျောက်နဂါးသည် မြွေဘ၀တွင် မုဆိုးမ၏ သားကို မြိုလိုက်သည့် အတွက် မိုးကြိုးပစ် ခံရကာ ယခုကဲ့သို့ ကျောက်နဂါး အဖြစ် တည်ရှိနေခြင်း ဖြစ်ကြောင်း ကချင် ပုံပြင် စာအုပ်တွင် ဖော်ပြ ထားသည် ။

“ကျွန်တော် ကတော့ ဒီ ကျောက်နဂါးကို သဘာဝ အတိုင်းပဲ နေခိုင်ချင်တယ် ။ လွတ်လွတ်လပ်လပ် နေပါစေ ။ အခုလို လုပ်လိုက်တော့ တစ်ဖွဲ့ဖွဲ့ရဲ့ နေရာ ဖြစ်သွားပြီ ”ဟု မချမ်းဘော ဒေသခံ တစ်ဦးမှ ဆိုသည် ။

ပူတာအို ဒေသခံရှိ ခြံများ အထင်ကရ နေရာများ ဒေသခံများ ပိုင်ဆိုင်သည့် သမိုင်းဝင် ရိုးရာ အသုံးအဆောင်များအား ဦးတေဇမှ ၀ယ်ယူ ထားပြီးပြီ ဖြစ်ကြောင်း သေဒခံများမှ ဆိုသည် ။

ပူတာအို ခရိုင်ရှိ အထင်ကရ နေရာများ ဖြစ်သော ကျောက်နဂါး နှင့် နတ်စားပွဲ

BY - Kachinwaves 
ဒေါင်းမာန်ဟုန်
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template