Headlines News :
Home » » ဆောက်လုပ်ရေး ၀န်ကြီးဌာန၏ စီမံကိန်းသစ်ဖြစ်သည့် ကျပ်သန်း ၆၄၀၀ ကျော်ကုန်ကျမည့် နေပြည်တော်ရှိ ဗိုလ်ရှုခံစင်မြင့် အဆောက်အအုံ တည်ဆောက်ခြင်း လုပ်ငန်းအား တင်ဒါခေါ်ယူခြင်းမရှိဘဲ ACE ကုမ္ပဏီအား ပေးအပ်ခြင်းကို လွှတ်တော်ကိုယ်စားလှယ်များ ဝေဖန်

ဆောက်လုပ်ရေး ၀န်ကြီးဌာန၏ စီမံကိန်းသစ်ဖြစ်သည့် ကျပ်သန်း ၆၄၀၀ ကျော်ကုန်ကျမည့် နေပြည်တော်ရှိ ဗိုလ်ရှုခံစင်မြင့် အဆောက်အအုံ တည်ဆောက်ခြင်း လုပ်ငန်းအား တင်ဒါခေါ်ယူခြင်းမရှိဘဲ ACE ကုမ္ပဏီအား ပေးအပ်ခြင်းကို လွှတ်တော်ကိုယ်စားလှယ်များ ဝေဖန်

Written By လွင့်မောင်မောင် on Saturday, October 25, 2014 | 4:31 PM

အောက်တိုဘာ ၂၄ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို တွေ့ရစဉ်

 October 24, 2014


ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ စီမံကိန်းသစ်ဖြစ်သည့် ကျပ်သန်း ၆၄ဝဝ ကျော် ကုန်ကျမည့် နေပြည်တော်ရှိ ဗိုလ်ရှုခံစင်မြင့် အဆောက်အအုံ တည်ဆောက်ခြင်းလုပ်ငန်းအား တင်ဒါခေါ်ယူခြင်း မရှိဘဲ ACEကုမ္ပဏီအား ပေးအပ်ခြင်းကို လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ခဲ့ကြသည်။
အောက်တိုဘာ ၂၄ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များက ထည့်သွင်းဆွေးနွေး ခဲ့ကြခြင်းဖြစ်သည်။
ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ဆွေးနွေးရာတွင် “ဆောက်လုပ်ရေး ဝန်ကြီးဌာနရဲ့ လုပ်ငန်းသစ်စီမံကိန်း တစ်ခုဖြစ်တဲ့ ဗိုလ်ရှုခံစင်မြင့် အဆောက်အအုံ တည်ဆောက်ခြင်း လုပ်ငန်းများအတွက် စီမံကိန်းသစ်တန်ဖိုး ကျပ်သန်းပေါင်း ၆၄၅ဝ ဒသမ ၆၆ ဟာ BEမှာ မပါဝင်ဘဲ ယခုမှ ဖြည့်စွက်ခွင့်ပြုငွေမှာ ကျပ်သန်းပေါင်း ၃ဝဝဝ တောင်းခံလာခြင်းမျိုး မဖြစ်သင့်ပါဘူး။ လုပ်ငန်းစီမံကိန်းကို စစ်ဆေးကြည့်ရာမှာလည်း လိုအပ်သော ပရိဘောဂပစ္စည်းများအတွက် ကျပ်သန်းပေါင်း ၄၂၁ ဒသမ ၉၇၈ သုံးစွဲထားခြင်း၊ ဗိုလ်ရှုခံရေရရှိရေး လုပ်ငန်းအတွက် ကျပ်သန်းပေါင်း ၅ဝဝ သုံးစွဲထားခြင်း၊ ဗိုလ်ရှုခံစင်မြင့် လျှပ်စစ်လုပ်ငန်းအတွက် ဆိုကာ ကျပ်သန်းပေါင်း ၁ဝဝဝ သုံးစွဲထားခြင်းများ၊ ထို့အပြင် ဗိုလ်ရှုခံစင်မြင့် တည်ဆောက်ရေး လုပ်ငန်းများ ဆောက်လုပ်ရန် ယှဉ်ပြိုင်တင်ဒါခေါ်ယူခြင်းမရှိဘဲ နေပြည်တော်ကောင်စီ တစ်ဝန်းလုံးမှာရှိတဲ့ လုပ်ငန်းစီမံကိန်း အများအပြားကို ဆောင်ရွက်နေတဲ့ ACEဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးတည်းကိုသာ ပေးအပ်ခြင်းမျိုးဟာ မူနဲ့ညီပါသလား။ ၎င်းစီမံကိန်းသစ်တွေကို မည်သည့်မူဝါဒများနဲ့ ချမှတ်ဆောင်ရွက် နေသည်ကိုလည်း သိရှိလိုပါတယ်” ဟု မေးမြန်းဆွေးနွေး ခဲ့ခြင်းဖြစ်သည်။
အလားတူ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များကလည်း ဗိုလ်ရှုခံစင်မြင့် တည်ဆောက်မှုနှင့်ပတ်သက်၍ ပြည်သူ့ဘဏ္ဍာငွေ လေလွင့်မှုများ မဖြစ်ပေါ်စေရန်နှင့် ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်ကြောင်း ဆွေးနွေးသည်။
အစိုးရမှ ထပ်တိုးဘတ်ဂျက်အဖြစ် ငွေကျပ်ဘီလျံ ၂၆ဝဝ ကျော်အား လွှတ်တော်သို့ အောက်တိုဘာ ၂ဝ ရက်တွင် ထပ်မံတောင်းခံခဲ့သည်။
အစိုးရအဖွဲ့မှ ထပ်မံတောင်းခံလာသည့် ထပ်တိုးဘတ်ဂျက်တွင် ပြည်ထောင်စုအဆင့်ဌာန အဖွဲ့အစည်းများ၏ နောက်ထပ်အသုံး စရိတ်လိုငွေမှာ ကျပ်ဘီလျံ ၂ဝ၃၂ ဒသမ ၆၄၇၊ ပြည်ပအကူအညီရငွေ၊ ချေးငွေတို့ဖြင့် ဆက်နွှယ်ထားသည့် လုပ်ငန်းအသုံးစရိတ် ကျပ်ဘီလျံ ၅၃၅ ဒသမ ၄၄၉ နှင့် တိုင်းဒေသကြီး/ပြည်နယ် အဖွဲ့အစည်းများသို့ ထောက်ပံ့ငွေကျပ် ဘီလျံ ၁ဝ၂ ဒသမ ၆၅၄ တို့ အသီးသီးဖြစ်ပြီး စုစုပေါင်းမှာ ကျပ်ဘီလျံ ၂၆၇ဝ ဒသမ ၇၅ဝ ဘီလျံဖြစ်သည်။
ထပ်တိုးဘတ်ဂျက် အများဆုံး တောင်းခံသော ဝန်ကြီးဌာနမှာ သမဝါယမ ဝန်ကြီးဌာနဖြစ်ပြီး ၎င်းဝန်ကြီးဌာနသည် မူလခွင့်ပြု ဘတ်ဂျက်ထက် ၁ဝ ရာခိုင်နှုန်းထက် ကျော်လွန်၍ ၆၁၆ ဒသမ ၃၃ ရာခိုင်နှုန်းအထိ ပိုမိုတောင်းခံထားကြောင်း၊ သမဝါယမ ဝန်ကြီးဌာန၏ ဘတ်ဂျက်တောင်းခံမှု များပြားနေခြင်းသည် နိုင်ငံတကာ ချေးငွေများ ချေးယူရန် တင်ပြခြင်းကြောင့် ဖြစ်ကြောင်းသိရသည်။

ဝေယံဖြိုးဦး၊ စိုးမင်းထိုက်၊ မျိုးမင်းထက် EMG
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template