Headlines News :
Home » » တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့်ဥပဒေကြမ်းအား ယခုအချိန်တွင် ဆိုင်းငံ့ထားသင့်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ ဆွေးနွေး

တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့်ဥပဒေကြမ်းအား ယခုအချိန်တွင် ဆိုင်းငံ့ထားသင့်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ ဆွေးနွေး

Written By လွင့်မောင်မောင် on Tuesday, October 21, 2014 | 11:27 PM

October 21, 2014

တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့်ဥပဒေကြမ်းအား လက်ရှိအချိန်တွင် ဆိုင်းငံ့ထားသင့်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက အောက်တိုဘာ ၂၀ ရက် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးသည်။

ဦးလှဆွေက "တိုင်းရင်းသားဆိုပြီးပြောမယ့်အစား ကျွန်တော်တို့က ပြည်ထောင်စုသားလို့ပြောလိုက်ရင် ပိုပြီးတော့သင့်လျော်မယ်။ ဒီဥပဒေရဲ့ခေါင်းစဉ်ကိုက တိုင်းရင်းသားလူမျိုးများရဲ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးဥပဒေဆိုပြီး ခေါင်းစဉ်တပ်ဖော်ပြထားတယ်။ ဒါဆိုရင် တိုင်းရင်းသားဆိုတာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းဆိုတာ တွေ့ပါတယ်။ အဲလိုတွေ့တဲ့အခါ ကျွန်တော်တို့တင်ပြချင်တာကတော့ ဒီတိုင်းရင်းသားဆိုတဲ့အထဲမှာ ဗမာလည်းပါတယ်။ အခုဟာက တိုင်းရင်းသားဆိုတာ ဗမာမပါဘူး။ တိုင်းရင်းသားဆိုတာ တိုင်းရင်းသားပဲဆိုပြီး အဲဒီလိုမျိုးဖြစ်နေတဲ့အခါမှာ တိုင်းရင်းသားလူမျိုးတွေကို ကာကွယ်စောင့်ရှောက်မယ့်ဥပဒေဆိုတော့ ခေါင်းစဉ်ကို ကျွန်တော့်အနေနဲ့ ဘ၀င်မကျဘူး။ ဘာကြောင့်လဲဆိုရင် ဒီအထဲမှာ ဗမာပါပါနေပြီဆိုတော့ ဒီအခြေခံဥပဒေစာအုပ်ကြီးဟာ ကျွန်တော်တို့ဗမာအပါအ၀င် တိုင်းရင်းသားအားလုံးကို ကာကွယ်စောင့်ရှောက်နေတဲ့ဥပဒေ ဖြစ်ပြီးသားပါ။ ဒီအခြေခံဥပဒေထဲမှာ တိုင်းရင်းသားဆိုတဲ့စကားလုံး အလုံး ၃၀ ပါတယ်။ အဲ့ဒီတော့ ကျွန်တော်တို့ အခုရေးဆွဲထားတဲ့ ဥပဒေထဲမှာပါတဲ့အချက်တွေက တော်တော်များများ အခြေခံဥပဒေထဲကအချက်တွေကို ထည့်ထားတာတွေ့ရပါတယ်။ ဆိုတော့ ဒါကို အခြေခံဥပဒေထဲကနုတ်ပြီးတော့ ဒီအထဲထည့်လိုက်တဲ့ ဥပဒေကြီးတစ်ခုဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့် သီးခြားပြဋ္ဌာန်းစရာ လတ်တလောမှာတော့ လိုမလား မလိုဘူးလားဆိုတာကို ကျွန်တော်က ဆွေးနွေးချင်တာဖြစ်ပါတယ်" ဟု ဆွေးနွေးသည်။

ဆက်လက်၍ ဦးလှဆွေက အခြေခံဥပဒေနှင့်ထပ်တူဖြစ်သည့်အချက်များ ပါဝင်ကြောင်း၊ အခြေခံဥပဒေကြီးထဲမှာလည်း ကာကွယ်စောင့်ရှောက်ပြီးသားဖြစ်နေကြောင်း၊ နောက်တစ်ချက်က သန်းခေါင်စာရင်းကြီးကောက်သည့်အခါမှာလည်း မြန်မာပြည်မှာရှိသည့်လူမျိုးတွေက ၁၀၁ မျိုးလား ၁၃၅ မျိုးလားဆိုသည့် အဖြေမထွက်သေးတာကတစ်ကြောင်း၊ အဲဒီအချိန်မှာ ပြည်သူ့လွှတ်တော်ကလည်း မျိုးနွယ်စုဆိုပြီး ထည့်ထားတာရှိကြောင်း၊ ဒါဟာမီးပွားတစ်ခုဖြစ်နိုင်ကြောင်း၊ ဒါကြောင့် ဒီလိုဥပဒေနှစ်ခုကလည်း သွားပြီးတော့ အတူတူတိုက်ဆိုင်နေတယ်ဆိုရင် ကျွန်တော်တို့မှီငြမ်းကိုးကားရတဲ့အခါမှာ ဥပဒေသဘောတရားအရ နည်းနည်းရှုပ်ထွေးမည်ဖြစ်ကြောင်း၊ ဒါကြောင့် မလိုအပ်ဘူး" ဟုဆိုသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဂျေယောဝူက "တိုင်းရင်းသားလူမျိုးတွေရဲ့ အခွင့်အရေးကာကွယ်စောင့်ရှောက်တဲ့အနေနဲ့ တိုင်းရင်းသားတွေရဲ့ပြည်နယ်နေ့တွေမှာ ရုံးတွေ၊ ကျောင်းတွေပိတ်ပေးသင့်ပါတယ်။ တိုင်းရင်းသားဒေသတွေမှာ စီမံကိန်းတွေဖော်ဆောင်မယ်ဆိုရင် ဒေသခံပြည်ထောင်စုတိုင်းရင်းသားများကို ပွင့်လင်းမြင်သာစွာ ချပြသင့်ပါတယ်" ဟုဆွေးနွေးသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဗညားအောင်မိုးက "တိုင်းရင်းသားလူမျိုးများရေးရာဥပဒေကြမ်းကို ကျွန်တော့်အနေနဲ့ တတိယပုံမှန်အစည်းအဝေးမှာ တင်ခဲ့ပါတယ်။ အခုလည်း ပြည်သူ့လွှတ်တော်က အတည်ပြုပြီး အမျိုးသားလွှတ်တော်ဆီရောက်လာတော့ ၀မ်းသာမိပါတယ်။ ဒီဥပဒေကြမ်းမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုတွင် တိုင်းရင်းသားကိုယ်စားလှယ်ရရှိထားသော လူမျိုးများလို့ ဖြည့်စွက်လိုပါတယ်။ ဒါ့အပြင် တိုင်းရင်းသားလူမျိုးတွေရဲ့ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုနဲ့ ရိုးရာဓလေ့ထုံးတမ်းတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့နဲ့ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်တာတွေ၊ သမိုင်းနဲ့ ရှေးဟောင်းအမွေအနှစ်တွေကို စူးစမ်းရှာဖွေဖော်ထုတ်ရေးနဲ့ ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ဆောင်ရွက်ခြင်းဆိုပြီး ဖြည့်စွက်လိုပါတယ်" ဟုဆွေးနွေးသည်။
စိုးမင်းထိုက် EMG
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template