Headlines News :
Home » » စကားပြန်နှင့် ထိုင်းရဲတို့က သတ်ပစ်မည်ဟု ခြိမ်းခြောက်မှုကြောင့် လူသတ်မှု ကျူးလွန်ခဲ့သည်ဟု ၀န်ခံခဲ့ရကြောင်း စွပ်စွဲဖမ်းဆီးခံ မြန်မာအလုပ်သမားနှစ်ဦးက မိဘများနှင့် တွေ့ဆုံစဉ်ပြောကြား

စကားပြန်နှင့် ထိုင်းရဲတို့က သတ်ပစ်မည်ဟု ခြိမ်းခြောက်မှုကြောင့် လူသတ်မှု ကျူးလွန်ခဲ့သည်ဟု ၀န်ခံခဲ့ရကြောင်း စွပ်စွဲဖမ်းဆီးခံ မြန်မာအလုပ်သမားနှစ်ဦးက မိဘများနှင့် တွေ့ဆုံစဉ်ပြောကြား

Written By လွင့်မောင်မောင် on Saturday, October 25, 2014 | 4:29 PM




ထိုင်းနိုင်ငံတောင်ပိုင်းရှိ ခိုထောင်ကျွန်းတွင် ဗြိတိန်နှစ်ဦး အသတ်ခံရမှုတွင် ကျူးလွန်သည်ဟု စွပ်စွဲဖမ်းဆီးခံထားရသည့် မြန်မာလုပ်သားနှစ်ဦးမှာ ၎င်းတို့ကို စကားပြန်နှင့် ထိုင်းရဲတို့က သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုမှုကြောင့် ဝန်ခံခဲ့ရသည်ဟု မိဘများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
အောက်တိုဘာ ၂၄ ရက်တွင် ထိုင်းနိုင်ငံတောင်ပိုင်းရှိ ကော့စမွီ အကျဉ်းထောင်၌ ဖမ်းဆီးခံထားရသည့် မြန်မာလုပ်သား နှစ်ဦးထံသို့ မြန်မာသံရုံး အထူးကိုယ်စားလှယ် အဖွဲ့ဝင်များ၊ လူ့အခွင့်အရေး ရှေ့နေများအပါအဝင် မိဘများက သွားရောက်တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာသံရုံးရှေ့နေ ဦးအောင်မျိုးသန်းက “ကလေးတွေနဲ့ သူတို့မိဘတွေတွေ့တော့ ငိုကြပါတယ်။ ပြီးတော့ ကလေးတွေက သူတို့ဘာမှ ကျူးလွန်ခဲ့ခြင်းမရှိဘူး။ ကျွန်တော်တို့ကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်လို့ ဝန်ခံခဲ့ရတယ်လို့ သူတို့မိဘတွေကို ပြောပါတယ်” ဟု The Daily Elevenသတင်းစာသို့ အောက်တိုဘာ ၂၄ ရက်က ပြောကြားသည်။
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အသင်းအမှုဆောင်ဒါရိုက်တာ ဦးကျော်သောင်းက “ဒီနေ့ ကျွန်တော်တို့ နှစ်နာရီလောက် တွေ့ခွင့်ရတယ်။ ကလေးတွေက ကျွန်တော်တို့ လုံးဝမလုပ်ရပါဘူးလို့ ပြောတယ်။ ကျွန်တော်တို့ အရင်တစ်ခါတွေ့တုန်းက ဘာလို့ဝန်ခံတဲ့ သဘောမျိုး ပြောရတာလဲလို့ ပြန်မေးတော့ သူတို့က ကျွန်တော်တို့ကို ကိုရဲဆိုတဲ့ ဘာသာပြန်ပွဲစားက မင်းတို့ဘာထင်လဲ။ အူတွေကို အပိုင်းပိုင်းဖြတ်ပြီးတော့ ပင်လယ်ထဲ မျှောပစ်လိုက်မယ်။ ဒါမှမဟုတ် ကားတာယာကွင်း စွပ်ပြီးတော့ မီးရှို့ပစ်မယ်လို့ပြောလို့ ကြောက်ရွံ့ပြီး သူတို့အနေနဲ့ သေရင်လည်း သေပါလေ့စေတော့ဆိုပြီး ဝန်ခံခဲ့ရတယ်လို့ ပြောတယ်” ဟုThe Daily Elevenသတင်းစာသို့ ပြောကြားသည်။
ဆက်လက်ပြီး ၎င်းက “ကလေးတွေရဲ့ မိဘတွေက ကျွန်တော်တို့မှာပါလာတဲ့ လူ့အခွင့်အရေး ရှေ့နေနှစ်ဦးနဲ့ ဒီအမှုရဲ့ လွဲချော်မှုအတွက် ကော့စမွီခရိုင်တရားရုံးမှာ ပြန်ပြီးတော့ ဦးတိုက်လျှောက်ပါတယ်” ဟု ပြောကြားသည်။
ထို့ပြင် စွပ်စွဲဖမ်းဆီးခံထားရသူ နှစ်ဦးကို သံခြေချင်းခတ်ထားမှုအပေါ် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ စာထုတ်သွားမည်ဖြစ်ပြီး ထိုင်းလူ့အခွင့်အရေး ကော်မရှင်နှင့် တိုင်ပင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာသံရုံးရှေ့နေ ဦးအောင်မျိုးသန်းက “သံခြေချင်းခတ်တဲ့ အပေါ်ကို သံရုံးစာနဲ့ တရားခံလို့ မသတ်မှတ်ရသေးဘဲ ခြေချင်းခတ်မှုအပေါ် ရုပ်သိမ်းပေးဖို့ကို ထိုင်းလူ့အခွင့်အရေး ကော်မရှင်နဲ့ ဆောင်ရွက်သွားမှာပါ” ဟု ပြောကြားသည်။
ဥာဏ်ဝင်းရှိန် EMG
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template