|Dawei Watch| မြိတ်၊ အောက်တိုဘာ
၂၂
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၊ ကန်ဖျားနယ်မြေ၊ ဘုရားငါးဆူအရှေ့ရပ်၊
ပုလဲလမ်းနှင့် ကျောက်ဖျာ ကျေးရွာအုပ်စု၊ ၀န်ဖို့ကျေးရွာအနောက်ပိုင်းတွင် အောက်တိုဘာလ
၂၁ ရက်နေ့က လူသေမှု သုံးခုဖြစ်ပွားခဲ့ကြောင်း မြိတ်မြို့နယ် ရဲစခန်း၏ မှုခင်းမှတ်တမ်းများအရ
သိရသည်။
မြိတ်မြို့ ကန်ဖျားနယ်မြေ၊ ဘုရားငါးဆူအရှေ့ရပ်၊ ပုလဲလမ်းနေ ခြောက်တန်းကျောင်းသားတစ်ဦး
မီးဖိုချောင်ထဲတွင် လျှပ်စစ်မီးကြိုးကို ကိုင်ရာမှ ဓာတ်လိုက်သေဆုံးခဲ့ကြောင်း အထက်ပါ
ရဲစခန်းမှ သိရသည်။
ထို့အပြင် ကျောက်ဖျာကျေးရွာအုပ်စု၊ ၀န်ဖို့ကျေးရွာအနောက်ပိုင်းရှိ
နေအိပ်တစ်လုံးတွင် အမျိုးသမီးတစ်ဦးသည် ကြိုးဆွဲချသေဆုံးနေပြီး အနီးရှိ ပုခက်အတွင်း၌
သုံးလသမီး မိန်းကလေးငယ်တစ်ဦးသည်လည်း သေဆုံး နေကြောင်း မြိတ်မြို့နယ် ရဲစခန်းမှ သိရသည်။
သေဆုံးသူ အမျိုးသမီး အသက် ၃၉ နှစ်သည်၊ လွန်ခဲ့သော သုံးလခန့်က ကလေးကို
မြိတ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးဆေးရုံတွင် မွေးဖွားခဲ့ပြီး အဆိုပါ ကလေးငယ်ကို
မွေးဖွားခဲ့စဉ်က ဆေးစစ်ချက်များအရ သားအမိနှစ်ယောက်နှစ်ယောက်စလုံး တွင် ဘီပိုးရှိနေကြောင်း
ဆရာဝန်များ၏ ဆေးမှတ်တမ်းများအရ သိရသည်။
အဆိုပါ အမျိုးသမီးသည် သမီးငယ်သေဆုံးခြင်းကြောင့် စိတ်သောက ရောက်ကာ
ကြိုးဆွဲချသေဆုံးခြင်း ဖြစ်နိုင်ကြောင်း ရဲမှတ်တမ်းတွင် သုံးသပ်ထားချက်အရ သိရသည်။
သေဆုံးသည့် အမျိုးသမီးတွင် သားသမီး ၅ ယောက်ရှိပြီး အခင်းမဖြစ်ပွားခင်တစ်ပတ်ခန့်က စိတ်ဓာတ်ကျ သောကရောက်နေသည့် ပုံစံဖြင့် အဆိုပါ သားသမီးများကို
ဆွေမျိုးများထံ လိုက်လံအပ်နှံမှု ပြုခဲ့ပြီး ဆွေးမျိုးများက လက်မခံခဲ့ဟု အိမ်နီးနားချင်းများထံမှ
သိရသည်။
အထက်ပါ သေမှုသေခင်းများကို မြိတ်မြို့နယ်ရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
Dawei Watch