Headlines News :
Home » » ရဲစခန်းရှေ့ရှိရတနာဆိုင်မှ ကျပ်သိန်း ၁၉၀ တန် စိန်နားကပ်ခိုးယူသွားသည့် စင်ကာပူနိုင်ငံသား တရုတ်လူမျိုးနှစ်ဦးအားဖမ်းဆီးနိုင်ရန် လေဆိပ်၊ တိုးဂိတ်များ၌ ဓာတ်ပုံများဖြန့်ဝေထား

ရဲစခန်းရှေ့ရှိရတနာဆိုင်မှ ကျပ်သိန်း ၁၉၀ တန် စိန်နားကပ်ခိုးယူသွားသည့် စင်ကာပူနိုင်ငံသား တရုတ်လူမျိုးနှစ်ဦးအားဖမ်းဆီးနိုင်ရန် လေဆိပ်၊ တိုးဂိတ်များ၌ ဓာတ်ပုံများဖြန့်ဝေထား

Written By လွင့်မောင်မောင် on Thursday, October 23, 2014 | 8:56 AM

 
 October 22, 2014
စိန်နားကပ်ခိုးယူသွားသည့် စင်ကာပူနိုင်ငံသားအမျိုးသားနှစ်ဦးအား ရတနာဆိုင်အတွင်းရှိ လုံခြုံရေးကင်မရာမှတွေ့ရစဉ်

လမ်းမတော်မြို့မရဲစခန်းရှေ့ရှိ ရတနာဆိုင်တစ်ဆိုင်မှ ကျပ်သိန်း ၁၉၀ တန် စိန်နားကပ်အား ခိုးယူသွားသည့် စင်ကာပူနိုင်ငံသား တရုတ်လူမျိုးနှစ်ဦးအား အမြန်ဆုံးဖမ်းဆီးနိုင်ရန်အတွက် လေဆိပ်၊ တိုးဂိတ်များတွင် ၎င်းတို့နှစ်ဦး၏ဓာတ်ပုံများအား ဖြန့်ဝေထားပြီဖြစ်ကြောင်း သက်ဆိုင်ရာရဲစခန်းက အောက်တိုဘာ ၂၂ ရက်တွင် စုံစမ်းသိရှိရသည်။
   
ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် လမ်းမတော်မြို့နယ်၊ ၆ ရပ်ကွက်၊ မဟာဗန္ဓုလလမ်း၊ လမ်းမတော်မြို့မရဲစခန်းရှေ့ရှိ Diamond & Me ရတနာရွှေဆိုင်သို့ စင်ကာပူနိုင်ငံသား တရုတ်လူမျိုးနှစ်ဦးရောက်ရှိလာပြီး ငွေကျပ်သိန်း ၁၉၀ တန်ဖိုးရှိ စိန်နားကပ်တစ်ရံအားကြည့်ရှုသဖြင့် အရောင်းစားရေးမတစ်ဦးကပြသရာ လေး၊ ငါး ကြိမ်ခန့်ကြည့်ရှုပြီးနောက် အခြားပစ္စည်းများအားကြည့်ရှုကာ မည်သည့်ပစ္စည်းမှမ၀ယ်ဘဲ ပြန်သွားခဲ့ကြောင်း ရဲတာဝန်ရှိသူများစစ်ဆေးချက်အရ သိရသည်။
   
ယင်းသို့ ၎င်းတို့ပြန်သွားပြီးနောက် ပစ္စည်းများအားစစ်ဆေးရာ ၎င်းတို့ လေး၊ ငါးကြိမ်ကြည့်ရှုခဲ့သည့် စိန်နားကပ်မှာမရှိတော့ဘဲ ဘူးခွံသာကျန်ရှိတော့ကြောင်း တွေ့ရှိခဲ့ရပြီး အဆိုပါဖြစ်စဉ်ကို ရဲစခန်းသို့တိုင်တန်းခဲ့ကြောင်း သိရသည်။
   
ထိုကဲ့သို့ဖြစ်ပွားခဲ့မှုနှင့်ပတ်သက်၍ အခင်းဖြစ်ပွားခဲ့ရာဆိုင်သို့ သွားရောက်မေးမြန်းရာ "အဲဒီနေ့မှာရောင်းတဲ့ ဆိုင်ဝန်ထမ်းကလည်းမလာဘူး။ ကျန်တဲ့ဒီက၀န်ထမ်းတွေကလည်း ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မသိကြဘူး။ အသေးစိတ်သိချင်ရင်တော့ ရဲစခန်းကိုသွားမေးပါ" ဟု ဆိုင်တာဝန်ရှိသူတစ်ဦးက ပြန်လည်ဖြေကြားခဲ့သည်။
   
"စီစီတီဗွီမှတ်တမ်းကနေရရှိတဲ့ ကျူးလွန်သူတွေရဲ့ပုံတွေကို လေဆိပ်တို့၊ ကားဂိတ်၊ တိုးဂိတ် စတဲ့နေရာတွေမှာ လိုက်လံဖြန့်ဝေထားပါပြီ။ သူတို့ကို အမြန်ဆုံးဖမ်းဖို့အတွက် တိုင်း၊ ခရိုင်ရဲတပ်ဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်" ဟု အောက်တို  ၂၂ ရက်တွင် လမ်းမတော်မြို့မရဲစခန်းက တာဝန်ကျရဲအရာရှိတစ်ဦးက ပြောကြားသည်။
   
အဆိုပါဖြစ်စဉ်ကို လမ်းမတော်မြို့မရဲစခန်းက (ပ)၂၃၅/၁၄ ပြစ်မှုပုဒ်မ ၃၈၀ ဖြင့်အမှုဖွင့်ကာ ကျူးလွန်သူဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
EMG
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template