Headlines News :
Home » » ကနေဒါပါလီမန် တွင် အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပွားရာ ISIS လက်ချက်ဟု သံသယရှိနေ

ကနေဒါပါလီမန် တွင် အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပွားရာ ISIS လက်ချက်ဟု သံသယရှိနေ

Written By လွင့်မောင်မောင် on Thursday, October 23, 2014 | 1:39 PM

Terrorist' murdered soldier 'in cold blood,' Canada's Prime Minister says

အော့တ၀ါ ၊ ၂၃-၁၀-၂၀၁၄

ယမန်နေ့ ဒေသ စံတော်ချိန် နံနက် ၉ နာရီ ၅၂ မိနစ် တွင် ကနေဒါနိုင်ငံ အော့တာဝါမြို့ အမျိုးသား လွှတ်တော် ကြားနာနေချိန် နှင့် ကနေဒါနိုင်ငံ ဝန်ကြီးချုပ် စတီဖင်ဟာပါ ရုံးတက် နေချိန်တွင် လွှတ်တော် အဆောက်အအုံ ပရဝဏ်အတွင်း သေနတ် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ လုံခြုံရေး တပ်ဖွဲ့ဝင် တစ်ဦး သေဆုံး ခဲ့ပြီး သေနတ်သမား ကိုလည်း အသေ ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။

သေနတ်သမား တစ်ဦးက အော်တဝါ စစ်ပွဲ အောက်မေ့ဖွယ် ကျောက်တိုင်ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး ခြေလှမ်း အနည်းငယ်သာ ကွာဝေးသော အမျိုးသား လွှတ်တော် အဆောက်အအုံ ဘက်သို့ ပြေးသွားကာ သေနတ်ဖြင့် အချက်ပေါင်းများစွာ ထပ်မံပစ်ခတ် ခဲ့ခြင်းဖြစ်ပြီး လွှတ်တော်ထဲသို့ ဝင်ရောက် ပျောက်ကွယ် သွားရာ လုံခြုံရေး တပ်ဖွဲ့ဝင် များက တစ်ခန်းဝင်၊ တစ်ခန်းထွက် ရှာဖွေပစ်ခတ် ဖမ်းဆီးခဲ့ ရကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ကနေဒါနိုင်ငံ က အကြမ်းဖက် တိုက်ခိုက်မှု အန္တရာယ်ကို အလယ်အလတ် အဆင့်သို့ တိုးမြှင့် သတ်မှတ် လိုက်ပြီး သေနတ်သမား ကိုလည်း နာရီပိုင်း အတွင်း အသေဖမ်းဆီး ရမိခဲ့ကြောင်း နှင့် ဝန်ကြီးချုပ် လည်း ဘေးမသီ ရန်မခ ထွက်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် တိုက်ခိုက်မှု အန္တရာယ်ကို အဆင့်တိုးမြှင့် သတ်မှတ် လိုက်ခြင်းကို ISIS စစ်သွေးကြွ အဖွဲ့နှင့် Al-Qaeda တို့က အွန်လိုင်းပေါ်တွင် ပြောင်ပြောင် တင်းတင်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ အကြမ်းဖက် အဖွဲ့များက ကနေဒါနိုင်ငံ တွင်းမှဖြစ်စေ၊ ပြည်ပ မှဖြစ်စေ တိုက်ခိုက်မှုများ ပြုလုပ် လာနိုင်ဖွယ် ရှိသဖြင့် ယခုကဲ့သို့ လုံခြုံရေး အဆင့်ကို တိုးမြှင့် သတ်မှတ်ရခြင်း ဖြစ်ကြောင်း ဝန်ကြီးချုပ်ရုံးမှ ပြောရေးဆိုခွင့် ရှိသူ တစ်ဦးက ပြောကြားသည်။

ကနေဒါနိုင်ငံ တွင် အကြမ်းဖက် တိုက်ခိုက်မှုများ စတင် ဖြစ်ပေါ်လာ နေပြီး အောက်တိုဘာလ ၂၁ ရက် ကလည်း ကွီဘက်မြို့တွင် တပ်ဖွဲ့ဝင် နှစ်ဦးကို မိမိကားပေါ် တင်ဆောင် လာသူက သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ တပ်ဖွဲ့ဝင် တစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာ ရရှိခဲ့ရာ ယင်း သေနတ်သမား ကိုလည်း ကွီဘက် ရဲတပ်ဖွဲ့က အသေပစ်ခတ် ဖမ်းဆီး ခဲ့ရသည်။

ကနေဒါနိုင်ငံသည် ISIS စစ်သွေးကြွ များကို ချေမှုန်းရန် အမေရိကန် ဦးဆောင်သော မဟာမိတ် တပ်ပေါင်းစုနှင့် ပူးပေါင်းမည်ဟု ကြေငြာချက် ထုတ်ပြန် ခဲ့ပြီးနောက် ယခုကဲ့သို့ အကြမ်းဖက် တိုက်ခိုက်မှု များကို စတင်ကြုံတွေ့ နေရခြင်း ဖြစ်ကြောင်း သိရသည်။

#PyiChitThar
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template