
ကနေဒါနိုင်ငံ အမျိုးသား စစ်ဗိမာန်မှာ အစောင့် စစ်သားတဦး ပစ်ခတ်ခံရပြီး တဲ့နောက်၊ သေနတ်သမားတွေဟာ အနီးအနားမှာရှိတဲ့ ကနေဒါ လွှတ်တော်တွင်းကို ၀င်ရောက်ပြီး ပစ်ခတ်မှုတွေ ထပ်ဖြစ်ပွားခဲ့ပါတယ်။ ဒါကြောင့် ကနေဒါ လွှတ်တော်ကို လုံခြုံရေးအရ ပိတ်ထား လိုက်ပြီးနောက် အနီးတ၀ိုက်မှာ လက်နက်အပြည့်အစုံနဲ့ ကနေဒါ လုံခြုံရေး တပ်ဖွဲ့တွေ နေရာယူ ထားပါတယ်။
ကနေဒါ ၀န်ကြီးချုပ်ကတော့ အခင်းဖြစ်ပွားရာ နေရာကနေ ထွက်သွားပြီး၊ ဘေးကင်း လုံခြုံစွာ ရှိတယ်လို့ ပြောခွင့် ရသူတွေက ပြောပါတယ်။ ဒဏ်ရာရထားတဲ့ စစ်သားတဦး ကိုတော့ ဆေးရုံကို ပို့ထားရပြီး၊ အခြေအနေ မသိရသေးပါဘူး။ တနေ့ကပဲ ကနေဒါနိုင်ငံ Montreal မြို့အနီးမှာ အစ္စလာမ်ဘာသာ ပြောင်းသူတဦးက ကားနဲ့ ကနေဒါ စစ်သားနှစ်ဦး ကို ၀င်တိုက်တာကြောင့် စစ်သားတဦး သေဆုံးခဲ့ရပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)