Headlines News :
Home » » ရန်ကုန်မြို့ ၌ အကောင်အထည်ဖော်မည့် မြို့တွင်းပတ်လမ်းနှင့် မြို့ ပြင်ပတ်လမ်း စီမံကိန်းများကို ချိတ်ဆက်သွားလာရန် ရန်ကုန်မြစ်နှင့် လှိုင်မြစ်ကူးတံတားတစ်စင်းစီ ထပ်ဆောက်မည်

ရန်ကုန်မြို့ ၌ အကောင်အထည်ဖော်မည့် မြို့တွင်းပတ်လမ်းနှင့် မြို့ ပြင်ပတ်လမ်း စီမံကိန်းများကို ချိတ်ဆက်သွားလာရန် ရန်ကုန်မြစ်နှင့် လှိုင်မြစ်ကူးတံတားတစ်စင်းစီ ထပ်ဆောက်မည်

Written By လွင့်မောင်မောင် on Wednesday, April 15, 2015 | 8:55 AM


ရန်ကုန်မြို့၌ အကောင်အထည်ဖော်မည့် မြို့တွင်းပတ်လမ်းနှင့် မြို့ပြင်ပတ်လမ်းကွန်ရက် စီမံကိန်းများကို ချိတ်ဆက်သွားလာနိုင်ရန်အတွက် လိုအပ်သည့် ရန်ကုန်မြစ်ကူးတံတားနှင့် လှိုင်မြစ်ကူးတံတား တစ်စင်းစီ ထပ်မံဆောက်လုပ်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ တံတားနှစ်စင်းမှာ ရန်ကုန်မြစ်ကူးတံတား (ထီးတန်း)နှင့် လှိုင်မြစ်ကူးတံတား (ဝါးတစ်ရာ) တို့ဖြစ်ကြောင်း၊ ရန်ကုန်မြစ်ကူးတံတား (ထီးတန်း) မှာ အလျား ၁ ဒသမ ၄၇ မီတာရှည်လျားပြီး လှိုင်မြစ်ကူးတံတား (ဝါးတစ်ရာ) မှာမူ ၁ ဒသမ ၂၁၆ ကီလိုမီတာ ရှည်လျားမည်ဖြစ်ကြောင်း သိရသည်။

“ရန်ကုန်မြို့ရဲ့ အနာဂတ်မြို့တွင်းပတ်လမ်း စီမံကိန်းနဲ့ မြို့ပြင်ပတ်လမ်း စီမံကိန်းတွေမှာ ချိတ်ဆက်သွားလာဖို့အတွက် တံတားနှစ်စင်းလိုမှာ။ မြို့ပြင်ပတ်လမ်းက နေပတ်သွားပြီးရင် အတွင်းထဲဝင်ချင်ရင် အဲဒီတံတားတွေကနေ ဝင်ရမှာ။ ဒါကြောင့် တံတားနှစ်စင်းထပ်ဆောက်ဖို့ လျာထားပါတယ်”ဟု ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောကြားသည်။

ရန်ကုန်မြို့၏ အနာဂတ်စီမံ ကိန်းများဖြစ်သည့် မြို့တွင်းပတ်လမ်း၊ မြို့ပြင်ပတ်လမ်း စီမံကိန်းများအတွက် ဒေါ်လာ ၃ ဒသမ ၅ ဘီလျံခန့် ကုန်ကျမည်ဟု ခန့်မှန်းထားပြီး ယင်းအထဲတွင် အဆိုပါတံတားနှစ်စင်းလည်း ပါဝင်မည်ဖြစ်သည်။ ယင်းလုပ်ငန်းများကို ပြည်တွင်းလုပ်ငန်းရှင်များ စိတ်ဝင်စားပါက တင်ဒါခေါ်ယူ၍ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ အဆိုပါစီမံကိန်းမှာ လာမည့် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်၊ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်များတွင် ဖြစ်နိုင်ကြောင်း ရန်ကုန်မြို့တော်ဝန်က ဆိုသည်။

“ပြည်တွင်း လုပ်ငန်းရှင်တွေ လုပ်ချင်ရင်လည်း တင်ဒါခေါ်ပြီး တော့ လုပ်သွားမှာပေါ့။ ဒီအစိုးရလက်ထက်မှာ မပြီးရင်လည်း နောက်အစိုးရလက်ထက်မှာ ပြီးအောင်လို့ ဖြစ်နိုင်ခြေလေ့လာမှုတွေ လုပ်ပေးထားမှာပါ”ဟု ရန်ကုန်မြို့တော်ဝန် က ပြောကြားသည်။

ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုကို ရာနှုန်းပြည့် လျှော့ချနိုင်ရန် ရည်ရွယ်၍ ကောင်းမွန်သော လမ်းကွန်ရက်စနစ် ရေရှည်စီမံကိန်းဖြစ်သည့် မြို့တွင်းပတ်လမ်း၊ မြို့ပြင်ပတ်လမ်းများ ဖြစ်ပေါ်လာစေရေး လုပ်ဆောင်နေကြောင်း သိရသည်။
Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template