Headlines News :
Home » » မူဆယ် မူးယစ်ရဲတပ်ဖွဲ့က ရဲအုပ် ၂ ဦး ဗုံးကြောင့် သေဆုံး

မူဆယ် မူးယစ်ရဲတပ်ဖွဲ့က ရဲအုပ် ၂ ဦး ဗုံးကြောင့် သေဆုံး

Written By လွင့်မောင်မောင် on Sunday, April 12, 2015 | 10:48 PM



 ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မူးယစ်အထူး တပ်ဖွဲ့က ရဲအုပ်၂ယောက်ဟာ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး လုပ်ငန်းလုပ်ဆောင်ရင်း ထောင်မိုင်းလို့ ယူဆရတဲ့ ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ပါတယ်။

ဧပြီလ ၁၁ ရက်ညနေ ၄ နာရီလောက်က မူဆယ်မြို့နယ်၊ လုံခန်ကျေးရွာအ၀င် ညောင်ပင်အနီးမှာ မူးယစ်ရဲတပ်ဖွဲ့က ပုံမှန်စစ်ဆေးမှုပြုလုပ်ဖို့ သွားရောက်စဉ် ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး ရဲအုပ်စိုးဝင်းနိုင် (၄၀) နှစ်နဲ့ ရဲအုပ်စိုင်းကျော်မြင့်ထွန်း (၃၂) နှစ်တို့ ၂ ဦး သေဆုံးခဲ့တာလို့ တာဝန်ကျရဲတပ်ကြပ်ကြီး ၀င်းမင်းသိန်းက ပြောပါတယ်။

“ကျနော်တို့ဆီက ရဲအုပ်စိုးအောင် ဦးစီး ၆ ယောက်၊ ရဲအုပ်စိုင်းကျော်မြင့်ထွန်း ဦးစီး ၆ ယောက် အဲ့ဒီအဖွဲ့တွေ သွားတာ၊ သွားတော့ ရဲအုပ်စိုးဝင်းနိုင်၊ ရဲအုပ်စိုင်းကျော်မြင့်ထွန်းတို့ ပေါက်ကွဲတဲ့နေရာမှာပဲ ပွဲချင်းပြီး သေပါတယ်၊ အခြားအဆင့် ၃ယောက် ဒဏ်ရာရပါတယ်။”

ဗုံးပေါက်ကွဲပြီး လူသေဆုံးမှုအတွက် မူဆယ်ရဲစခန်းမှာ အမှုဖွင့်ထားပြီး စုံစမ်းစစ်ဆေးတုန်းလို့ ပြောပါတယ်။

ပြီးခဲ့တဲ့လတွေအတွင်း မူဆယ်မြို့နယ်ထဲ ပေါက်ကွဲမှု ၂ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပေမယ့် လူသေဆုံးတာ မရှိဘဲ ဒဏ်ရာရတာပဲ ရှိခဲ့ဖူးပါတယ်။ ပေါက်ကွဲမှုတွေကို ဘယ်သူဘယ်ဝါ ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ကြောင်း စုံစမ်းဖော်ထုတ်နိုင်ခဲ့ခြင်းလည်း မရှိပါဘူး။

မူဆယ်မှာ မူးယစ်ရဲတပ်ဖွဲ့ဝင်တွေ တာဝန်ထမ်းဆောင်ရင်း သေဆုံးခဲ့တာမျိုးလည်း အရင်က မဖြစ်ခဲ့ဖူးဘူးလို့ သိရပါတယ်။

 By ရွှေအောင် (ဒီဗွီဘီ)
http://burmese.dvb.no
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template