Headlines News :
Home » » ဗိုလ်ချုပ်မှူးကြီးသန်းရွှေက "တိုင်းပြည်ကောင်းအောင် လုပ်ရန်" မှာထားခဲ့ကြောင်း၊ လက်ရှိတွင် အမှားနည်းအောင် စုပေါင်းခေါင်းဆောင်မှု ပုံစံဖြင့် တိုင်းပြည်ကို အုပ်ချုပ်နေဟု သမ္မတဦးသိန်းစိန် ပြောကြား

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက "တိုင်းပြည်ကောင်းအောင် လုပ်ရန်" မှာထားခဲ့ကြောင်း၊ လက်ရှိတွင် အမှားနည်းအောင် စုပေါင်းခေါင်းဆောင်မှု ပုံစံဖြင့် တိုင်းပြည်ကို အုပ်ချုပ်နေဟု သမ္မတဦးသိန်းစိန် ပြောကြား

Written By လွင့်မောင်မောင် on Sunday, April 12, 2015 | 1:00 AM


ဧပြီလ ၉ ရက်နေ့တွင် ဂျပန်အခြေစိုက် မီနီချီ သတင်းစာကြီးနှင့် အင်တာဗျူးကို နေပြည်တော် သမ္မတအိမ်တော်တွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ အင်တာဗျူးတွင် မီနီချီသတင်းစာ ရန်ကုန်ဗျူ ရိုတာဝန်ခံ Takayuki Kasuga က "ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အကြံဥာဏ်တွေ အမှာစကားတွေ ထားခဲ့တာမျိုး ရှိခဲ့ပါသလား" မေးမြန်းခဲ့ရာ

သမ္မတဦးသိန်းစိန် က
"" ဗိုလ်ချုပ်မှူးကြီးသန်းရွှေအပါအ၀င် ကျွန်တော်တို့ခေါင်းဆောင် တွေ အားလုံးက စစ်တပ်ထဲမှာ ကျွန်တော်တို့ ကို လေ့ကျင် သင်ကြား ပြုစု ပျိုးထောင်လာခဲ့ပါတယ်။ ဗိုလ်ချုပ်မှုးကြီးသန်းရွှေတင် မဟုတ်ပါဘူး။ ကျွန်တော်တို့ ခေါင်းဆောင်အားလုံးက အငယ်တွေကို အကြံဥာဏ်ပေး ခဲ့ကြတာပါ။ သူတို့ မှာ အချက် ၂ ခုရှိပါလိမ့်မယ်။ တစ်ခုက တိုင်းပြည် အတွက် ကောင်းအောင် လုပ်ဖို့ ရယ်၊ တစ်ခုက စေတနာနဲ့  လုပ်ဖို့ ရယ် ပါ။ ခေါင်းဆောင်အားလုံးက သည်လို အကြံဥာဏ်တွေပဲ ပေးခဲ့တာပါ။ ကျွန်တော် ကလည်း အနာဂတ်ခေါင်းဆောင်တွေနဲ့  ကျွန်တော့်နေရာကို ဆက်ခံမည့်သူတွေအတွက် အဲဒီအမှာစကားကိုပဲ ပေးခဲ့ရမှာပါ။ တိုင်းပြည်ကောင်းဖို့အတွက်လုပ်ဖို့ ရယ်၊ စေတနာနဲ့ လုပ်ဖို့ ရယ်ပါ။"" ဟု ဖြေကြားခဲ့သည်။

ထို့နောက် Takayuki Kasuga က နိုင်ငံရေးခေါင်းဆောင်မှု နှစ်မျိုး ဖြစ်သည့် စုပေါင်းစပ်ပေါင်း ခေါင်းဆောင်မှုနဲ့ ကိုယ်ပိုင်သီးသန့်  အားကောင်းတဲ့ ခေါင်းဆောင်မှုတို့တွင် လက်ရှိ အစိုးရအဖွဲ့ ၏ ဆုံးဖြတ်ချက် ချတဲ့ပုံစံ အား မေးမြန်းရာတွင်

သမ္မတဦးသိန်းစိန် က
"" ခေါင်းဆောင်မှုမှာတော့ တစ်ဦးချင်းဆုံးဖြတ်ချက်က အမှားတွေ ဖြစ်နိုင် ပါတယ်။ စုပေါင်းခေါင်းဆောင်တဲ့စနစ်ကတော့ အမှားနည်းတာပေါ့။ ဒါကြောင့် ကျွန်တော်တို့ ခေါင်းဆောင်မှုမှာလည်း တစ်ဦးချင်းနဲ့  အကောင်အထည် မဖော်ပါဘူးး။အစိုးရအဖွဲ့ က လုပ်တဲ့ ဆုံးဖြတ်ချက် ဆိုရင် ၀န်ကြီးတွေအကုန် အတူတကွ ဆုံးဖြတ်ကြတယ်။

အခြေခံဥပဒေအရ နိုင်ငံရဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးနဲ့ ဆိုင်တဲ့ အရေးကြီး ကိစ္စတွေအတွက် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ဖွဲ့ ထား ပါတယ်။ အရေးပေါ် ကာကွယ်ရေးနဲ့ လုံခြုံရေးပြဿနာတွေ ရှိလာရင် သည်ကောင်စီင်္က အရေးကြီးတဲ့ ဆုံးဖြတ် ချက်တွေ ချမှတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် မဆုံးဖြတ်ပါဘူး။ ကောင်စီက ဆုံးဖြတ်တာကိုပဲ လိုက်နာပါတယ်။ ဒါကြောင့် တစ်ဦးချင်းခေါင်းဆောင်မှု မဟုတ်ပါဘူး။ စုပေါင်းခေါင်းဆောင်မှုပါ"" ဟု လည်း ဖြေကြားခဲ့သည်။

လင်းလင်း

The Ladies News Journal
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template