Headlines News :
Home » » ရခိုင်ပြည်နယ်အမ်းမြို့တွင် နှစ် ၁၆ဝ ကျော်သက်တမ်းရှိ ရှေးဟောင်းကြေးခေါင်းလောင်းတစ်လုံး တွေ့ရှိ

ရခိုင်ပြည်နယ်အမ်းမြို့တွင် နှစ် ၁၆ဝ ကျော်သက်တမ်းရှိ ရှေးဟောင်းကြေးခေါင်းလောင်းတစ်လုံး တွေ့ရှိ

Written By လွင့်မောင်မောင် on Monday, April 13, 2015 | 7:51 AM


စစ်တွေ၊ ဧပြီ ၁၂
(ဓာတ်ပုံ - facebook)
(ဓာတ်ပုံ – facebook)
ရခိုင်ပြည်နယ်အမ်းမြို့တွင် နှစ် ၁၆ဝ ကျော်သက်တမ်းရှိ ရှေးဟောင်းကြေးခေါင်းလောင်းတစ်လုံး မြေကြီး တူးဖော်ရာမှ ရှာဖွေတွေ့ရှိခဲ့သည်ဟု သတင်းရရှိသည်။
ဧပြီလ ၇ ရက်နေ့၊ နံနက် ၁၁ နာရီခန့်က အမ်းမြို့၊ လေယာဉ် ကွင်းရပ်ကွက်အတွင်းရှိ အမ်းချောင်းထဲမှ ယင်းခေါင်းလောင်းအား တူးဖော်တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု မြို့ခံများက ဆိုသည်။
အမ်းမြို့နယ်အတွင်းရှိ စီမံကိန်းလုပ်ငန်းခွင်တစ်ခုအတွက် အမ်းချောင်းထဲရှိသဲကျောက်များကို  “နေလသစ္စာ” ကုမ္ပဏီမှ Backhoe ယာဉ်ဖြင့် တူးယူရာတွင် အဆိုပါခေါင်းလောင်းကို ယခုကဲ့သို့ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း လေယာဉ်ကွင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဘခင်က ပြောသည်။
“ခေါင်းလောင်းရပြီးတဲ့နောက်ပိုင်းမှာတော့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ သိမ်းထားတယ် ခင်ဗျ။ ဘယ်လိုရှေ့ဆက်ဆောင်ရွက်မယ်ဆိုတာတော့ ကျွန်တော်တို့လည်း မသိရသေးဘူး”ဟု သူကဆက်လက် ပြောသည်။
အသေးစိတ်သိရှိနိုင်ရန် မြို့နယ်အုပ်ချုပ်ရေးမှူးထံ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။
ဒေသခံများကမူ အဆိုပါခေါင်းလောင်းကို အမ်းမြို့တွင်သာထားရှိစေလိုသည်ဟု ဆိုသည်။
“ခေါင်းလောင်းဆိုတာက ဘုရားစေတီမှာပဲထားရတာလေ။ ကျွန်တော်တို့ကတော့ အမ်းမြို့မှာရှိတဲ့ မြို့ဦးဓာတ်ပေါင်းစုစေတီမှာပဲ ထားပေးစေချင်တယ်”ဟု အမ်းမြို့ခံ ဦးတင်အောင်က ဆိုသည်။
အဆိုပါခေါင်းလောင်းမှာ ထု (၁) လက်မ၊ ခေါင်းလောင်းဝ အချင်း (၁ဝ) လက်မခွဲ၊ အမြင့် (၁၆)လက်မ၊ လုံးပတ် (၃၂) လက်မခွဲရှိပြီး အရောင်မှာ ကြေးပုတ်ရောင် ဖြစ်ကြောင်း သိရသည်။
ခေါင်းလောင်းပေါ်တွင် “သက္ကရာဇ် ၁၂၁၃ ခုနှစ်၊ တော်သလင်းလဆန်း ၆ ရက်နေ့တွင် ဘုရားဒါယိကာ ဦးပြောင်ရှင်နှင့် သမီး၊ ခင်ပွန်းတို့သည် နိဗ္ဗာန်ရောက်လို ကြည်ညိုသဒ္ဓါ စေတနာဖြင့် အသပြာ ၃၄ ကျပ် ၇ ပြားပေး၍ ခေါင်းလောင်းကြေးချိန် ၁၆/၂၅ကို လှူဒါန်းပူဇော်ပါ၏။ ဤကောင်းမှုကိုလည်း မိဘဘိုးဘွား ဆရာသမား သတ္တာဝါ ဝေနေယျတို့ ရကြပါစေကြောင်း ကျွန်ုပ်တောင်းသည်။ သောင်းသောင်းသာဓုသာဓု ခေါ်စေသော်”ဟု ရေးသားပါရှိသည်။
မာန်ယုကျော် (ရွှေဝမြေ) နိရဉ္စရာ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template