Headlines News :
Home » » အတာသင်္ကြန်နဲ့ သံချပ်

အတာသင်္ကြန်နဲ့ သံချပ်

Written By လွင့်မောင်မောင် on Monday, April 13, 2015 | 11:14 PM

ဒီနေ့ တနင်္လာနေ့ဟာ ကောဇာသက္ကရာဇ် ၁၃၇၇ ပြည့်နှစ် တန်ခူးလပြည့်ကျော် ၁၀ ရက် မဟာအတာသင်္ကြန်အကြိုနေ့ တနင်္လာနေ့ဖြစ်ပါတယ်။ မြန်မာ နိုင်ငံတဝှမ်း သင်္ကြန်ကာလ နှစ်သစ်ကူးနေကြချိန် မြန်မာ့ရိုးရာ အတာရေသဘင်ပွဲတော်ရဲ့ သင်္ကေတဖြစ်တဲ့ သံချပ်ထိုး ဖျော်ဖြေမှုတွေထဲ ထူးထူး ခြားခြားဆိုသလို လက်ရှိမြန်မာ့နိုင်ငံရေးကို ထင်ဟပ်စေတဲ့ ဖန်တီးမှုတွေလည်း တွေ့ရပါတယ်။ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့ (တကသ) ကျောင်းသားတွေရဲ့ ဒီနှစ်သံချပ်မှာတော့ မကြာသေးခင်က ပညာရေး ပြုပြင်ပြောင်းလဲရေး တောင်းဆိုဆန္ဒပြခဲ့ကြရင်း အာဏာပိုင်တွေရဲ့ အင်အားသုံး ဖြိုခွင့်းတာ ခံခဲ့ကြရတဲ့ ကျောင်းသားတွေရဲ့ လှုပ်ရှားမှုကို ဂုဏ်ပြုသံချပ်ထိုးခဲ့ကြပါတယ်။ တကသကျောင်းသားတွေရဲ့ ၂၀၁၅ သံချပ်ဖျော်ဖြေမှု တင်ဆက်ပေးချင်ပါတယ်။
မြန်မာ့နှစ်သစ်ကူး မဟာအတာသင်္ကြန်သင်္ကြန်အကြိုနေ့ မှာ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့ (တကသ) ကျောင်းသားလူငယ်တွေရဲ့ “ဒေါင်းတို့ မျိုးဆက်”သံချပ်အဖွဲ့ ရန်ကုန်မှာ ဖိတ်ကြားထားတဲ့ မြို့နယ်တွေနဲ့အတူ ရေကစားမဏ္ဍပ် လိုက်လံဖျော်ဖြေနေပြီဖြစ်ပါတယ်။
ဒေါင်းတို့မျိုးဆက်-သံချပ်အဖွဲ့ရဲ့ဖျော်ဖြေတင်ဆက်မှုကို အားပေးနေတဲ့ ပရိသတ်(ဧပြီ ၁၃၊ ၂၀၁၅)ဒေါင်းတို့မျိုးဆက်-သံချပ်အဖွဲ့ရဲ့ဖျော်ဖြေတင်ဆက်မှုကို အားပေးနေတဲ့ ပရိသတ်(ဧပြီ ၁၃၊ ၂၀၁၅)
ဒေါင်းတို့မျိုးဆက်သံချပ်သံ
ဒီနှစ်မှာတော့ “ဒေါင်းတို့မျိုးဆက်” သံချပ်အဖွဲ့ဟာ ပင်နီအကျီ နဲ့ ယောလုံခြည်ဆင်တူဝတ်ဆင်ကြမှာဖြစ်ပြီး သူတို့သီဆိုမယ့် သံချပ်တွေကို ဆင်ဆာမတင်ဘဲ လွတ်လပ်စွာ လုပ်ဆောင်ခဲ့ကြတယ်လို့ဆိုပါတယ်။ ဒေါင်းတို့မျိုးဆက် ဆိုတာ စစ်မှန်သော ဒီမိုကရေစီရရှိရေး၊ ပြည်သူတွေအတွက် ဖွဲ့စည်းထားတာ ဖြစ်တယ်လို့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့က ကိုရဲဇာနည်ထွန်းက ဗွီအိုအေမြန်မာပိုင်းကို အခုလိုပြောပါတယ်။
“ကျနော်တို့ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ တကသ-ပေါ့၊ တကသကျောင်းသားတွေရဲ့လှုပ်ရှားမှုပေါ့။ နှစ်တိုင်းပဲ ကျနော်တို့ ‘ဒေါင်းတို့မျိုးဆက်’ ဆိုတဲ့နာမည်နဲ့ နယ်တွေမှာရော၊ မြို့တွေမှာရော သင်္ကြန်သံချပ် ဖျော်ဖြေတာပေါ့နော်။ တကသ သမဂ္ဂကနေ ရေးတာပါ။”
၂၀၁၅ ဒေါင်းတို့မျိုးဆက် သံချပ်ကသံချပ်စာသားတွေကတော့ တကသကျောင်းသားတွေကိုယ်တိုင် ချီတက်လမ်းလျှောက်တောင်းဆိုခဲ့ကြတဲ့ အမျိုးသား ပညာရေး ဥပဒေပြင်ဆင်ရေးဆိုင်ရာ ကျောင်းသားသပိတ်အရေး၊ အခုလက်ရှိ မြန်မာနိုင်ငံတွင်းဖြစ်ပျက်နေတဲ့ ပြည်သူတွေရဲ့ လူမှုဘဝအစုံစုံ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစတဲ့ လူထုခံစားချက်တွေနဲ့ထင်ဟပ်အောင် တကသကျောင်းသားတွေက သံချပ်စာသားတွေနဲ့ ဖွဲ့ဆိုထားတာဖြစ်တယ်လို့ ကိုရဲဇာနည်ထွန်းက အခုလို ပြောပါတယ်။
“သံချပ်ကတော့ဗျာ- အကြောင်းအရာစုံလင်အောင်ပေါ့၊ ပညာရေးပါသလို တခြားလက်ရှိမှာဖြစ်နေတဲ့ current situation ကို မပြတ်အောင် ဖော်ပြနေတယ်လေ။ ဥပမာ- ….. ကိစ္စတို့၊ ကိုပါကြီး၊ လက်ပံတောင်းတောင် ဒေါ်ခင်ဝင်းကိစ္စတို့၊ ကျနော်တို့ ဒီမှာဖြစ်နေတဲ့ကိစ္စတွေ၊ အကြမ်းဖက် ဖြိုခွဲတဲ့ကိစ္စတွေ- အားလုံးပေါ့။ …တော်တော်များများ သံချပ်ထဲမှာပါတယ်ဗျ။”
ဒေါင်းတို့မျိုးဆက် သံချပ်ဖျော်ဖြေရေးကား နဖူးစီးမှာတော့ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံကားချပ်ကို ချိတ်ဆွဲထားပြီး တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ တကသ ဒေါင်းအမှတ်တံဆိပ်နဲ့ “သံချပ်ထိုးလို့ သံလျက်ကျိုးစေ” - ဆိုတဲ့စာသားတွေ ရေးထိုးထားတာဖြစ်ပါတယ်။ ကျောင်းသားတွေမှာ “ခမောက်တစ်လုံး၊ ခွပ်ဒေါင်း လက်ပတ်တစ်ခု၊ သပြေတစ်ခက်နဲ့ ဖိနပ်တစ်ရံ . . . ခွပ်ဒေါင်းအလံကို ဆောင်လာပြီး ချီတက်လာချိန် ကျောင်းသားဦးခေါင်းကိုသာ ရိုက်လို့ ရမယ် . . .ဉာဏ်ပညာကို ရိုက်လို့ မရဘူး…
ကျောင်းသားတွေတောင်းဆိုနေတဲ့
ပညာရေး ကို လက်ထိပ် ခတ်တယ် . . . ဉာဏ်ပညာကို လက်ထိပ်မခတ်ပါနဲ့ ။
ဘာတွေ ဘယ်လိုပဲ ကြပ်ကြပ်. . .ဉာဏ်ပညာကို မကြပ်ဖို့ နဲ့  ဆင်ဆာမဖြတ်ဖို့  လိုတယ် စသဖြင့် ဒီနှစ် ၂၀၁၅ ခုနှစ်အတွက် ဒေါင်းတို့မျိုးဆက်- သံချပ်အဖွဲ့က ကျောင်းသားသပိတ်နဲ့ပတ်သက်လို့လည်း အထူးသံချပ်ထိုးခဲ့ကြတာဖြစ်ပါတယ်လို့ တကသက ပြောပါတယ်။
“ကျနော်တို့ လုံးဝ ဆင်ဆာမတင်ပါဘူးဗျ။ ကျနော်တို့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့စထွက်ကတည်းက လှုပ်ရှားမှုစကတည်းက ဘယ်တုန်းကမှ စိစစ်ရေးမတင်ခဲ့ဘူး၊ ဆင်ဆာမတင်ခဲ့ဘူးဗျ။ ကျနော်တို့လူငယ်တွေ ကြိုးစားပမ်းစားလုပ်တာပေါ့ဗျာ။ ကျနော်တို့အတွေ့အကြံအရ၊ အသက်အရွယ်အရ၊ ကျနော်တို့ရဲ့အနုပညာခံစားမှုအရ တချို့က လိုကောင်းလိုနိုင်ပါတယ်။ ကြိုးစားပြီးတော့ လုပ်နေကြတာပါပဲ။”
ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဟာ ရန်ကုန် နာရေးကူညီမှုအသင်းရုံးမှာ သံချပ် တိုက်ခဲ့ကြပြီး ဧပြီလ ၁၂ရက်နေ့ကစလို ရန်ကုန်တိုင်း မှော်ဘီ ရွှေညဝါဆရာတော်ကျောင်းတိုက်နဲ့ ပဲခူးတိုင်း ရွှေမော်ဓော၊ ရွှေသာလျောင်းမှာ စတင်ဖျော်ဖြေခဲ့ကြပြီး သင်္ကြန်အကြိုနေ့ကစလို့ ရန်ကုန်မြို့မှာ လိုက်လံဖျော်ဖြေနေပြီး သင်္ကြန်တွင်း တတွင်းလုံးမှာ ဖိတ်ခေါ်တဲ့ မြို့နယ်တွေမှာ လိုက်လံဖျော်ဖြေကြမှာဖြစ်ပါတယ်။
 မဆုမွန် VOA
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template