Headlines News :
Home » » ပင်စင်စားများအားလုံး တိုးမြှင့်ပင်စင်လစာကို ဧပြီလမှစ၍ ခံစားခွင့် ပြုမည်

ပင်စင်စားများအားလုံး တိုးမြှင့်ပင်စင်လစာကို ဧပြီလမှစ၍ ခံစားခွင့် ပြုမည်

Written By လွင့်မောင်မောင် on Sunday, April 12, 2015 | 10:09 AM



 နိုင်ငံ့ဝန်ထမ်းများအတွက် လစာနှုန်းထားများ တိုးမြှင့်သတ်မှတ် ပေးပြီးနောက် အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာများ တိုးမြှင့်သတ်မှတ်ခြင်းနှင့် စပ်လျဉ်း၍ မြန်မာ့သတင်းစဉ် သတင်းအဖွဲ့မှ ပင်စင်ဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဝင်းနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါ သည်။

မေး။ ။ နိုင်ငံ့ဝန်ထမ်းများ လစာ နှုန်းထား တိုးမြှင့်ခွင့်ပြုပြီးဖြစ်ပေ မယ့် ပင်စင်စားတွေအတွက် တိုးမြှင့် ပေးမယ့်နှုန်းထားပါရှိခြင်း မရှိတဲ့ အတွက် ပင်စင်စားတွေကို ဘယ်လို တိုးမြှင့်ပေးမလဲဆိုတာ သိလိုပါတယ်။

ဖြေ။ ။ ပင်စင်လစာ တိုးမြှင့်ရေးနဲ့ ပတ်သက်ပြီးတော့ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ဧပြီ(၁ဝ)ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ်၊ ၁ဝ၅၉/ ၂ဝ၁၅ ဖြင့် ပင်စင်စားတွေရဲ့ ပင်စင်လစာကို တိုးမြှင့်သတ်မှတ်ပေးဖို့ အမိန့် ကြော်ငြာစာ ထုတ်ပြန်ပေးပြီး ဖြစ်ပါတယ်။ အဲဒီအမိန့်ကြော်ငြာစာမှာ ပင်စင်စားတွေကို လက်ရှိပင်စင်လစာအပြင် ထပ်မံတိုးမြှင့်သတ်မှတ်တဲ့ လစာ ကျပ် ၄၅ဝဝဝ အပေါ် မူတည် ပြီး တည်ဆဲပင်စင်နည်းဥပဒေနဲ့ အညီတွက်ချက်ပြီး တိုးမြှင့်ပင်စင် လစာအဖြစ် ထပ်မံတိုးမြှင့်ခွင့်ပြုသွား မှာ ဖြစ်ပါတယ်။

မေး။ ။ ပင်စင်စားတွေအနေနဲ့ တိုးမြှင့် ပင်စင်လစာကို ဘယ်လ၊ ဘယ်နေ့ ကစပြီး စတင်ခံစားခွင့်ရှိသလဲဆိုတာ ကို သိရှိလိုပါတယ်။ ဒါ့အပြင် ၂ဝ၁၃ ခုနှစ်၊ ၂ဝ၁၄ ခုနှစ်များမှာ ပင်စင်လစာတိုးမြှင့်ခြင်းနဲ့ ယခု ၂ဝ၁၅ ခုနှစ် တိုးမြှင့်ပင်စင်လစာရဲ့ ကွာခြားမှုကို သိရှိလိုပါတယ်။

ဖြေ။ ။ တိုးမြှင့် ပင်စင်လစာကို ၂ဝ၁၅ ခုနှစ် ဧပြီလကစပြီး ခံစားခွင့်ပြု မှာ ဖြစ်ပါတယ်။ ၂ဝ၁၃ ခုနှစ်၊ ၂ဝ၁၄ ခုနှစ်တွေမှာ ကျပ် ၂ဝဝဝဝ ပေါ်မှာ တိုးမြှင့်ပင်စင်လစာ တွက်ချက်ပေးခဲ့ ခြင်းဖြစ်ပြီး ယခု ၂ဝ၁၅ ခုနှစ်မှာ ကျပ် ၄၅ဝဝဝ ပေါ်မှာ တိုးမြှင့်တွက်ချက်ရ ခြင်းဖြစ်တဲ့အတွက် ပင်စင်စားတွေ အနေနဲ့ ၂ ဒသမ၂၅ ဆ ပိုမို၍ အကျိုးခံစားခွင့် ပေးထားတာကိုတွေ့ရှိရပါတယ်။ ဥပမာအားဖြင့် ယခင်ကျပ် ၂ဝဝဝဝ တိုးမြှင့်ပေးစဉ်က လုပ်သက် (၁ဝ) နှစ်အတွက် ကျပ် ၃ဝဝဝ သာ တိုးမြှင့်ခံစားခွင့်ရရှိပြီး ယခု ကျပ် ၄၅ဝဝဝ နှုန်းနဲ့ တွက်ချက်ပါက ကျပ် ၆၇၅ဝ တိုးမြှင့်ခံစားခွင့်ရရှိမှာဖြစ်ပါတယ်။

မေး။ ။၂ဝ၁၅ ခုနှစ် တိုးမြှင့် ပင်စင်လစာဟာ ပင်စင်စားအားလုံးနဲ့ သက်ဆိုင်ပါသလား။ ဧပြီ ၁ ရက်နေ့ နောက်ပိုင်း ပင်စင်ယူမယ့် ဝန်ထမ်းတွေအတွက် ပင်စင်အကျိုးခံစားခွင့် ဘယ်လိုခွင့်ပြုမလဲဆိုတာကို သိရှိလိုပါတယ်။

ဖြေ။ ။ဧပြီ ၁ ရက်နေ့ မတိုင်မီ လက်ရှိပင်စင်စားအားလုံးနဲ့ သက်ဆိုင် ပါတယ်။ ဧပြီ ၁ ရက်နေ့ နောက်ပိုင်း ပင်စင်ယူမယ့် ဝန်ထမ်းတွေဟာ ဘဏ္ဍာရေးဝန်ကြီးဌာန အမိန့် ကြော်ငြာစာအမှတ်၊ ၈၇၂/၂ဝ၁၅ နဲ့ ခွင့်ပြုထားတဲ့ လစာနှုန်းသစ်ကို အခြေခံပြီး ပင်စင်နဲ့ဆုငွေကို တွက်ချက်ခွင့်ပြုသွားမှာ ဖြစ်ပါ တယ်။

မေး။ ။ မြို့ပြ ပင်စင်စားတွေနဲ့ တပ်မတော်ပင်စင်စားတွေအတွက် တိုးမြှင့်ပင်စင်လစာကို ဘယ်လိုတွက်ချက်မလဲကို သိရှိလိုပါတယ်။

ဖြေ။ ။မြို့ပြဝန်ထမ်းတွေအတွက် နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများပါ ပြဋ္ဌာန်းချက်နဲ့အညီ ပင်စင်ဦးစီးဌာန က တွက်ချက်ခွင့်ပြုပေးသွားမှာ ဖြစ်ပါ တယ်။ တပ်မတော် ပင်စင်စားတွေ အတွက် တပ်မတော်ဆိုင်ရာ ပင်စင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ကာကွယ်ရေးဝန်ကြီးဌာန ငွေစာရင်ရုံးကတွက်ချက်ခွင့်ပြုမှာ ဖြစ်ပါ တယ်။

မေး။ ။ ပင်စင်စားတွေအနေနဲ့ တိုးမြှင့် ပင်စင်အတွက် လျှောက်ထားဖို့ လိုပါ သလား။ ပင်စင်စားအားလုံး တိုးမြှင့် ပင်စင်ရရှိရေးအတွက် အချိနဘယ်လောက် လိုအပ်ပါသလဲ။

ဖြေ။ ။ ပင်စင်စားတွေက လျှောက် ထားဖို့ မလိုပါဘူး။ ပင်စင်ဦးစီးဌာန (ရုံးချုပ်)နဲ့ တိုင်းဒေသကြီး/ ပြည်နယ်ရုံးခွဲတွေက ဥပဒေနဲ့အညီ တွက်ချက်ပြီး တိုးမြှင့်ပေးမှာ ဖြစ်ပါ တယ်။ မြန်မာ့စီးပွားရေးဘဏ်ခွဲများ ကလည်း ရုံးပိတ်ရက်မှအပ တိုးမြှင့်ပင်စင်ကို နေ့စဉ်ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။ ပင်စင်စားတွေအားလုံး တိုးမြှင့်ပင်စင် ခံစားခွင့်ရရှိစေရေးအတွက် ပင်စင်ဦးစီးဌာနအနေနဲ့ စီမံချက်ချမှတ်ပြီး အမြန်ဆုံးဆောင် ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ အဲဒီလို ဆောင်ရွက်နိုင်ဖို့ ကြိုတင်ပြင်ဆင် မှုတွေပြုလုပ်ထားပြီး ဖြစ်ပါတယ်။

မေး။ ။ပင်စင်စားတွေကို ဘာများ အသိပေးပြောကြားလိုပါသလဲ။

ဖြေ။ ။ ပင်စင်ဦးစီးဌာနအနေနဲ့ ပင်စင်စားတွေအားလုံး တိုးမြှင့် ပင်စင်လစာ ရရှိရေးဆောင်ရွက် ပေးသွားမှာ ဖြစ်ပါတယ်။ ပင်စင်စား တွေအနေနဲ့ တိုးမြှင့်ပင်စင်ရရှိရေး အခက်အခဲရှိပါက ပင်စင်ဦးစီးဌာန (ရုံးချုပ်)၊ ဖုန်း- ဝ၆၇-၄၁ဝ၄၁၅၊ ဝ၆၇-၁ဝ၄၄၅ နဲ့အထက်မှာ ဖော်ပြ ထားတဲ့ ပင်စင်ဦးစီးဌာန၊ တိုင်းဒေသ ကြီး/ ပြည်နယ်ရုံးခွဲတွေကို ဆက်သွယ် မေးမြန်းနိုင်ပါတယ်။ ။

The Mirror Daily
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template