လွှတ်တော်အစည်းအဝေး မေလ ၂ ရက်နေ့ ကို ရွှေ့ ဆိုင်း
|
Photo - Google Images |
နေပြည်တော် ဧပြီ ၃၀
လာမည့် မေ ၂ ရက်တွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်သီးသန့်အစည်းအဝေးများ ကျင်းပကောင်းကျင်းပနိုင်ကြောင်း
ယနေ့ကျင်းပနေသော ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် အခမ်းအနားမှူးက
တစ်နာရီဝန်းကျင်တွင် ကြားဖြတ်ကြေညာသွားသည်။ မေ ၂ ရက်တွင် အစည်းအဝေးများ
ကျင်းပ၊ မကျင်းပနှင့်ပတ်သက် ၍ ပြည်သူ့လွှတ်တော်နှင့်
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှစ်ဦး သီးသန့် ဆွေးနွေးပြီးကြေညာမည်ဖြစ်ကြောင်းလည်း သတင်းရရှိသည်။
တတိယအကြိမ် ပုံမှန် လွှတ်တော်အစည်းအဝေးများမှာ မူလအစီအစဉ်အရ ယနေ့တွင်
ပြီးဆုံးမည်ဖြစ်သည်။ သို့သော် ယနေ့နံနက်တွင် ကြားဖြတ်ရွေးကောက်ပွဲတွင်
မဲအပြတ်အသတ်နှင့် အနိုင်ရရှိထားသော ဒေါ်အောင်ဆန်းစုကြည်အပါအ၀င်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များမှ မေ ၂ ရက်တွင်
လွှတ်တော်စတင်မည်ဟု ကြေညာခဲ့သည်။
ယင်းနောက် ယနေ့နေ့လည်
ကျင်းပမည့် ပြည်သူ့လွှတ်တော် ပထမအကြိမ် တတိယပုံမှန်အစည်းဝေးကို
မကျင်းပတော့ဘဲ မေလ ၂ ရက်တွင်မှ ကျင်းပရန် ရွှေ့ ဆိုင်းလိုက်ကြောင်း
လွှတ်တော်အစည်းအဝေးတွင် တက်ရောက်သတင်းရယူနေသော 7Day News သတင်းထောက်က
သတင်းပေးပို့သည်။
ယနေ့ကျင်းပမည့် အစည်းအဝေးအစီအစဉ်များအတိုင်း မေလ ၂ ရက်တွင် ပြန်လည်ကျင်းပမည်ဖြစ်သည်ဟု 7Day News - Facebook အင်တာနက်စာမျက်နှာမှာ ရေးသားဖော်ပြထားပါသည်။