Headlines News :
Home » » ၂၀၁၂ ခုနှစ် ဇွန်လ ၁ ရက်နေ့မှစ၍ ဆိုက်ရောက်ဗီဇာ စတင် ခွင့်ပြုပေးမည်ဖြစ်ပြီး စီးပွားရေးဗီဇာများကို ဦးစားပေးမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ပြောကြား

၂၀၁၂ ခုနှစ် ဇွန်လ ၁ ရက်နေ့မှစ၍ ဆိုက်ရောက်ဗီဇာ စတင် ခွင့်ပြုပေးမည်ဖြစ်ပြီး စီးပွားရေးဗီဇာများကို ဦးစားပေးမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ပြောကြား

Written By လွင့်မောင်မောင် on Wednesday, May 2, 2012 | 2:55 PM




Wednesday, 02 May 2012 09:42
၂၀၁၂ ခုနှစ် ဇွန်လ ၁ ရက်နေ့မှစ၍ ဆိုက်ရောက်ဗီဇာများခွင့်ပြု ပေးသွားမည်ဖြစ်ပြီး စီးပွားရေးဗီဇာ များကို ဦးစားပေးခွင့်ပြုမည်ဟု လူ ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားခဲ့ပါသည်။

ဧပြီလ ၂၉ ရက်နေ့က နေပြည် တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည့် တွေ့ဆုံပွဲတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက''ဇွန်လ ၁ ရက်နေ့ကစပြီး On Arrival ဗီဇာ စပေးဖို့ စီစဉ်ထားတယ်။ ပထမဆင့် အနေနဲ့ပေါ့။ အဲဒီမှာ Business Visa ကို ဦးစားပေးမယ်။ လက်ရှိစနစ်က နိုင်ငံခြားက စီးပွားရေးကိစ္စလာမယ်ဆိုရင် ၀န်ကြီးဌာနတစ်ခုခုက တာဝန်ခံပြီးရင် ၀န်ကြီးဌာန အလိုက် ပြန်တင်နဲ့ အချိန် အရမ်းကြာတယ်။ ဇွန် လ ၁ နေ့ကစပြီး On Arrival ဗီဇာကို ခွင့်ပြုမယ်။ စီးပွားရေးဗီဇာအတွက် ရက် ၇၀ ကို အမေရိကန်ဒေါ်လာ ၄၀ နဲ့ ခွင့်ပြုပေးဖို့ ရှိတယ်'' ဟု ပြောကြားခဲ့ပါသည်။
ယခုအခါ မြန်မာနိုင်ငံသို့ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံရန်အတွက် ဖြစ်စေ၊ ကုန်သွယ်မှု ပြုရန်အတွက်ဖြစ်စေ၊ စီးပွားရေးအတွက် တွေ့ဆုံ ဆွေးနွေးရန်အတွက်ဖြစ်စေ လုပ်ငန်းရှင်များ အဖွဲ့လိုက် စုစည်းလာရောက်မှုမှာ များပြားလာကြောင်း၊ ထိုသို့ လာရောက်တိုင်း ဗီဇာအတွက် အချိန်ယူ လုပ်ပေးရကြောင်း၊ ယခုကဲ့သို့ ပြင်ဆင်ပေးသည့်အတွက် စီးပွားရေးလုပ်ငန်းရှင်များ လာရောက်ရန် ပိုမိုလွယ်ကူလာမည်ဖြစ်ကြောင်း UMFCCI မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။

''အရင်က အာရှနိုင်ငံတချို့ကပဲ လာတာများတယ်။ အခု ဥရောပ နိုင်ငံတွေကပါ လာတယ်။ လာတဲ့အကြိမ်ရေနဲ့ လာတဲ့လုပ်ငန်းရှင် အဖွဲ့လိုက် အရေအတွက်ကလည်း ပိုပိုများလာတယ်။ လာဖို့အတွက်ဆိုရင် ဗီဇာအတွက် အဆင့်ဆင့်တင်ပြီး လုပ်ရတော့ အချိန်ကြာတယ်။ အခုလို ခွင့်ပြုပေးရင်တော့ သွားလာရတာ လွယ်ကူသလို စီးပွားရေးကဏ္ဍကတော့ ပိုပြီး သွက်သွက်လက်လက် ရှိလာနိုင်မှာပါ''ဟု UMFCCI မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံသို့ နိုင်ငံတကာမှ နိုင်ငံခြားသား လာရောက်မှုမှာ ယခင်ကထက် နှစ်ဆမှ သုံးဆအထိ မြင့်တက်လာသည့်အပေါ် ''ထိုင်းဆိုရင် အရင်က တစ်ရက်ကို ၂၀၀ လောက် ပဲရှိတာ အခု ၆၀၀ လောက်ရှိတယ်။ ကိုရီးယားဆို အရင်က ၁၀၀ လောက်ရှိတာ အခု ၂၅၀ လောက်ဖြစ်နေပြီ။ ဂျပန်ဆိုလည်း အခု ၄၀၀ လောက်ရှိတယ်။ ဗီဇာလက်မှတ်ထိုးရတာ။ အခုလိုပြောင်းလိုက်ရင် ဒါတွေပြေလည်သွားပြီ''ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် တာဝန်ရှိသူတစ်ဦးကလည်း ပြောကြားခဲ့ပါသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template