Headlines News :
Home » » ရွှေရင်ကျော်ဣစ္ဆာသယမဟိဒ္ဓိစေ website စတင်ရေးသားခြင်း

ရွှေရင်ကျော်ဣစ္ဆာသယမဟိဒ္ဓိစေ website စတင်ရေးသားခြင်း

Written By လွင့်မောင်မောင် on Friday, May 4, 2012 | 10:52 AM



ရွှေရင်ကျော် ၀ဘ်ဆိုက် ၀ဘ်ဆိုက်ကို စတင်ရေးသားနေပါပြီ. အခုလက်ရှိ မြ၀တီ ရခိုင်ကျောင်းတိုင်ဆရာတော်ကို ကုသစဉ် ဆရာတော်ခွင့်ပြုချက်ဖြင့် video မှတ်တမ်း ရိုက်ကူးထားခဲ့ပါသည်။ ၄င်း video ဖိုင်အား တင်ပေးထားပါသည်။ ဂိုဏ်းဝင်ထားခြင်း မရှိသောသူများ လေ့လာဖတ်ရှု့နိုင်စေရန်အတွက် စတင်ရေးသားနေပါပြီ ဖြစ်တဲ့အကြောင်း ကျွန်တော့်အနေဖြင့် အသိပေးအပ်ပါတယ်.


ကျွန်တော့်အနေဖြင့် ပထမဦးစွာ နော်ဝေနိုင်ငံရှိ ကိုစောကျော်ဦး (၀ဘ်ဆိုက်လှူဒါန်းသူအား) ထိုင်းနိုင်ငံကနေ လှမ်းပြီး ကုသခဲ့ပြီးပါပြီ. ကုသစဉ်က video မှတ်တမ်း ရိုက်ကူးခဲ့ဖို့ မေ့သွားခဲ့ပါသည်။ ကိုစောကျော်ဦးသည် 1988 ခုနှစ်တုန်းက မိုင်းထိထားသဖြင့် အောက်ပိုင်းလမ်းလျှောက်မရခြင်းကြောင့် ၀ှီးရှဲဖြင့် သွားနေရသည့် ကျွန်တော့်ခင်မင်ရတဲ့ အစ်ကိုတစ်ယောက် ဖြစ်ပါတယ်. သွေးတိုးနှင့်ဆီးချိုကို ကုသပေးပြီးမှ အခုကိုယ်တွင်း၊ ရိုးတွင်းချဉ်ဆီ၊ သွေး၊ သား ထဲမှာ ရှိနေသော မိုင်းဆိပ်များကို မျက်စိကနေတစ်ဆင့် ရေဇလုံထဲကို ထုတ်ပေးတာပါ။ မိုင်းစများနှင့် မိုင်းဆိပ်များ ထွက်လာပါတယ်။ နော်ဝေနိုင်ငံကို မြန်မာပြည် ကော့သောင်းကနေတစ်ဆင့် ကုသပေးခဲ့တာဖြစ်ပါတယ်။ လွန်ခဲ့သော (15)ရက်ကနေ စတင်ပြီး ကုသခဲ့ပါတယ်. အခုလကုန်ရက်မှာ သွေးတိုး၊ ဆီးချိုနှင့် မိုင်းဆိပ်များကို လစဉ် ဆေးစစ်ချက်ယူရပါတယ်။ မိုင်းဆိပ်ဟာ လစဉ် ပိုပိုပြီးပျံ့နှံ့လာတဲ့အတွက် ပိုပိုဆိုးလာပြီး ဆေးတွေလဲ ပိုပိုများလာခဲ့ပါတယ်. အခုလမှာ ဆေးကုသပြီး result ကတော့ မိုင်းပျံ့နှံ့နှုန်း 10% လျှော့ကျသွားခဲ့ပါတယ်. အဲ့ဒီ့ သက်သေအထောက်အထားများကို ကျွန်တော် ကိုစောကျော်ဦးရဲ့ ခွင့်ပြုချက်ဖြင့် တင်ခွင့်ရခဲ့လျှင် ယခင်လတွေက မိုင်းပျံ့နှံ့နှုန်းနှင့် ယခုလ လျှော့ကျသည့် medical check up ကို တင်ပေးပါ့မယ်. ဆရာဝန်အနေဖြင့် အဲ့လိုမျိုး 10% အထိ လျှော့ကျသွားတဲ့အပေါ် အံ့အားသင့်ပြီး မေးမြန်းတဲ့အဆင့်အထိ ရောက်လာပါတယ်. ဒါကိုကျွန်တော့်ရဲ့ ခင်မင်ရတဲ့အစ်ကို စောကျော်ဦး အသက် (57)နှစ်ဟာ ဖြေရှင်းလျှင် ယုံမည်မဟုတ်တာ သိတဲ့အတွက်ကြောင့်မို့ မြန်မာပြည်က ပို့တဲ့ဆေးကိုတော့ စားနေပါတယ်လို့ ဆရာဝန်ကိုပြောလိုက်ပါတယ်. ဆရာဝန်က အဲ့ဒီ့ဆေးကို အရမ်းစိတ်ဝင်စားပြီး နည်းနည်းလောက် ယူလာပြဖို့နဲ့ ဓါတ်ခွဲစမ်းသပ်ဖို့အထိ ပြောလာပါတယ်. အဲ့တော့ ဒါတွေဟာ သက်သေသာဓကတွေပါ. နိုင်ငံတွေဝေးနေပေမယ့် ကုသလို့ ရပါတယ်. အသေးစိတ်ကို http://www.shweyinkyaw.org ၀ဘ်ဆိုက်မှာ ရေးပေးမှာ ဖြစ်ပါတယ်. အားလုံးပဲ ဂိုဏ်းရဲ့အပေါ်မှာ နားလည်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်.

ဝေဖန်တာက သူတို့အလုပ် လုပ်ရမှာက ကိုယ့်အလုပ်
(အဖဆရာများ၏ ဆုံးမစကား)

အားလုံးကိုခင်မင်လေးစားလျှက်
ညီနေမင်း(နည်းပညာ)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template