Headlines News :
Home » » ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ NLD လွှတ်တော်ကိုယ်စားလှယ် ၃၈ ဦး လွှတ်တော်နှစ်ရပ်တွင် မေလ ၂ ရက်နေ့၌ ကျမ်းသစ္စာ ကျိန်ဆိုမှုများ ပြုလုပ်

ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ NLD လွှတ်တော်ကိုယ်စားလှယ် ၃၈ ဦး လွှတ်တော်နှစ်ရပ်တွင် မေလ ၂ ရက်နေ့၌ ကျမ်းသစ္စာ ကျိန်ဆိုမှုများ ပြုလုပ်

Written By လွင့်မောင်မောင် on Thursday, May 3, 2012 | 8:01 AM

ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ NLD လွှတ်တော်ကိုယ်စားလှယ် ၃၈ ဦး လွှတ်တော်နှစ်ရပ်တွင် မေလ ၂ ရက်နေ့၌ ကျမ်းသစ္စာ ကျိန်ဆိုမှုများ ပြုလုပ်
Thursday, 03 May 2012 00:54
ဒေါ်အောင်ဆန်းစုကြည်နှင့် NLD လွှတ်တော်ကိုယ်စားလှယ်များ မေလ ၂ ရက်နေ့၌ ကျမ်းသစ္စာကျိန်ဆိုနေစဉ်
Photo: AFP
ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ NLD လွှတ်တော်ကိုယ်စားလှယ် ၃၈ ဦးသည် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်တွင် ကျမ်းသစ္စာကျိန်ဆိုမှုကို မေလ ၂ ရက်နေ့က ကျင်းပခဲ့သည့် လွှတ်တော်နှစ်ရပ်၏ တတိယပုံမှန် အစည်းအဝေးများတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်များမှ ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရရှိသည့် NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၇ ဦးအနက်မှ ဦးဖြိုးမင်းသိမ်း၊ ဒေါ်စန္ဒာမင်းနှင့် ဦးဇေယျာသော်တို့မှာ ပြည်ပခရီး သွားရောက်နေသဖြင့် ၃၄ ဦးသာ ပြည်သူ့လွှတ်တော်သို့ တက်ရောက်ကာ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြသည်။

အမျိုးသားလွှတ်တော်သို့ အမျိုးသားလွှတ်တော် မဲဆန္ဒများမှ ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရရှိသည့် NLD လွှတ်တော်ကိုယ်စားလှယ် လေးဦးစလုံး တက်ရောက်ကာ ကျမ်းသစ္စာကျိန် ဆိုခဲ့ကြသည်။
554a
ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရရှိသည့် NLD လွှတ်တော်ကိုယ်စားလှယ်များသည် ဧပြီလ ၂၃ ရက်နေ့က စတင်ခဲ့သည့် လွှတ်တော်အသီးသီးတွင် စတင်တက်ရောက်ကာ ကျမ်းသစ္စာကျိန်ဆိုခွင့် ရရှိခဲ့သော်လည်း ကျမ်းသစ္စာကျိန်ဆိုရာတွင် ပါဝင်သည့် စကားလုံးအချို့ကို ပြင်ဆင်ရန် ဆွေးနွေးနေမှုများအတွက် တက်ရောက်နိုင်ခြင်း မရှိခဲ့ကြောင်း သိရှိရသည်။
554b
ယခင်က လွှတ်တော်အသီးသီး၏ အစည်းအဝေးအားလုံးကို ဧပြီလ ၃၀ ရက်နေ့တွင် ပြီးဆုံးရန် စီစဉ်ပြီးဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD လွှတ်တော်ကိုယ်စားလှယ်များ ကျမ်းသစ္စာကျိန်ဆိုနိုင်ရန် ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော် အစည်းအဝေးများကို မေလ ၂ရက်နေ့တွင် ထပ်မံခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
554c
ကျမ်းသစ္စာကျိန်ဆိုရာတွင် ''ကျွန်ုပ်သည် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရပြီးဖြစ်သဖြင့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပြီး နိုင်ငံတော်၏ ဥပဒေများကိုလည်း လိုက်နာပါမည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့် သိရိုသေပါမည်၊ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ထာဝစဉ်ဦးထိပ်ပန်ဆင် ဆောင်ရွက်ပါမည်။ ထို့ပြင် ယခု ကျွန်ုပ်တာဝန်ဆောင်မည်ဖြစ်သော တာဝန်ဝတ္တရားများကို ဖြောင့် မတ်မှန်ကန်စွာ ဆောင်ရွက်မည်ဟု လေးနက်တည်ကြည်စွာ ကတိသစ္စာပြုပါသည်''ဟု ရွတ်ဆိုခဲ့ကြသည်။
554d သတင်းထောက်များမှ ဒေါ်အောင်ဆန်းစုကြည်အား ''လွှတ်တော်တက်ရောက်ပြီးနောက် လွှတ်တော်ကို ဘာပြောချင်ပါသလဲ''ဟု မေးမြန်းခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က ''စောစောစီးစီးပြီးသွားလို့ ၀မ်းသာပါတယ်''ဟု လည်းကောင်း၊ ''မဲဆန္ဒရှင် ပြည်သူတွေကို ဘာပြောချင်ပါသေးလဲ''ဟုမေးရာ ''မဲပေးလိုက်တဲ့ မဲဆန္ဒရှင်တွေရဲ့ အကျိုးအတွက် ဆောင်ရွက်ဖို့ဆိုတာ ကျွန်မတို့ရဲ့တာဝန်ဖြစ်တယ်ဆိုတာ ကျွန်မတို့ လေးလေးစားစားနဲ့ လက်ခံပါတယ်''ဟု ပြန်လည်ဖြေကြားခဲ့သည်။

ဆက်လက်၍ ''အခု လွှတ်တော်တက်လာပြီဆိုတော့ NLD ရဲ့ ရှေ့ဆက်လုပ်မယ့် ရည်မှန်းချက်က ဘာပါလဲ'' ဟုမေးမြန်းရာ ''NLD ရဲ့ နိုင်ငံရေး ရည်မှန်းချက်တွေအတွက် ကျွန်မတို့ လွှတ်တော်ကို တက်လာတာ မဟုတ်ပါဘူး။ ပြည်သူတွေရဲ့ ရည်မှန်းချက်တွေအတွက် လာတက်တာပါ။ အဓိက ပြောရမယ်ဆိုရင် ပြည်သူတွေရဲ့ ရည်မှန်းချက်တွေကို ၁၀၀ ရာခိုင်နှုန်း အောင်မြင်ဖို့အတွက် ကြိုးစားသွားမှာပါ''ဟု လည်းကောင်း၊ ''ပြည်ခိုင်ဖြိုးက ကိုယ်စားလှယ်တွေနဲ့ ဘာပြောဖြစ်ပါသေးလဲ''ဟု မေးမြန်းရာ ''ကျွန်မဘေးမှာထိုင်တဲ့ ကိုယ်စားလှယ်နှစ်ဦးစလုံးက ပြည် ခိုင်ဖြိုး ပါတီကပါပဲ''ဟု လည်းကောင်း၊ ''တပ်မတော်သား ကိုယ်စားလှယ်တွေကိုရော ဘယ်လိုစည်းရုံးမှာပါလဲ''ဟု မေးရာ ''တပ်မတော်သား ကိုယ်စားလှယ်တွေကို ကျွန်မ ထမင်းစားဖိတ်ရင် ကောင်းမလားမသိဘူး''ဟု ဖြေကြားခဲ့သည်။
ပြည်သူတွေရဲ့ ကိုယ်စားလှယ်ဖြစ်တဲ့အတွက် တရားဥပဒေ စိုးမိုးရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး စတာတွေကို ဦးစားပေးအနေနဲ့ ဆောင်ရွက်သွားဖို့ ရှိပါတယ်။ စတုတ္ထအကြိမ်ကျင်းပမယ့် လွှတ်တော်မှာတော့ ပြည်သူတွေ လိုအပ်တာကို လွှတ် တော်မှာ တင်ပြပြီး ဆောင်ရွက်မှာပါ . . .
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦးက ''NLD ကို လုပ်ဖော်ကိုင်ဖက်တွေလို့ပဲ သဘောထားပါတယ်။ အများအကျိုးရှိတာတွေကို ပေါင်းလုပ်မယ်ဆိုရင်တော့ ၀မ်းသာစရာပေါ့။ NLD လွှတ်တော်ထဲကို ၀င်လာတာ ကျွန်တော်တို့ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ကြိုဆိုပါတယ်။ ဒီမိုကရေစီစနစ်ကို ယုံကြည်တဲ့သူတွေ လွှတ်တော်ထဲကို ရောက်လာကြတာပါ။ ကျွန်တော်တို့ ယုံကြည်တဲ့လမ်းကြောင်းကို သူတို့တွေ ပူးပေါင်းပါဝင်လာတဲ့အတွက် ၀မ်းလည်းသာပါတယ်။ ကြိုလည်းကြိုဆိုပါတယ်''ဟု ပြောကြားခဲ့သည်။

NLD ပါတီဝင်တစ်ဦးဖြစ်သူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင်ကလည်း ''ကျွန်တော်တို့ လွှတ်တော်တက်ဖြစ်တာကတော့ ပြည်သူတွေရဲ့ စိတ်ဆန္ဒကို လေးစားလို့ပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေးစားလိုက်နာပါမယ်ဆိုတဲ့ စကားရပ်ကို ပြင်ဆင်ဖို့ မတောင်းဆိုတော့ဘဲ ပြေပြေလည်လည် ညှိညှိနှိုင်းနှိုင်း ဆောင်ရွက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တက်ဖြစ်တာပါ။ ပြည်သူတွေရဲ့ ကိုယ်စားလှယ်ဖြစ်တဲ့အတွက် တရားဥပဒေစိုးမိုးရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး စတာတွေကို ဦးစားပေးအနေနဲ့ ဆောင်ရွက်သွားဖို့ ရှိပါတယ်။ စတုတ္ထအကြိမ် ကျင်းပမယ့် လွှတ်တော်မှာတော့ ပြည်သူတွေ လိုအပ်တာကို လွှတ်တော်မှာတင်ပြပြီး ဆောင်ရွက်မှာပါ''ဟု ပြောကြားခဲ့သည်။

''လွှတ်တော်စတက်တာနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင်တော့ ပြည်သူတွေရဲ့ဆန္ဒကိုပဲ အဓိကထားပြီး ကျွန်တော်တိုရဲ့ ခေါင်းဆောင်ဆုံးဖြတ်တဲ့အတိုင်း လိုက်နာပြီးတက်ခဲ့တာပါ။ နိုင်ငံတော်အတွက်ရော၊ ပြည်သူတွေအတွက်ပါ အကောင်းဆုံးဖြစ်မယ့် ကိစ္စတွေကို အဓိကထား လုပ်ဆောင်သွားမှာပါ။ ဒီနေ့ကတော့ ကတိသစ္စာပြုရုံပဲဆိုတော့ လွှတ်တော်နဲ့ပတ်သက်ပြီးတော့ တိတိကျကျ မပြောနိုင်သေးပါဘူး''ဟု NLD ပါတီဝင်တစ်ဦးဖြစ်သူ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးမင်းသူက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းရင်းသားပါတီ လွှတ်တော်ကိုယ်စားလှယ်များနှင့် နေပြည်တော် စည်ပင်ဧည့်ရိပ်သာတွင်လည်း နေ့လယ်စာ စားသုံးခဲ့ကြောင်း သိရသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template