Headlines News :
Home » » မရမ်းကုန်းဒီချုပ်၏ ပညာရေးဖွံ့ဖြိုးတိုးတတ်မှုအစီအစဉ် စတင်

မရမ်းကုန်းဒီချုပ်၏ ပညာရေးဖွံ့ဖြိုးတိုးတတ်မှုအစီအစဉ် စတင်

Written By လွင့်မောင်မောင် on Saturday, May 5, 2012 | 10:03 PM


မေ(၅)ရက်၊၂၀၁၂ခုနှစ်။

ဒေါ်အောင်ဆန်းစုကြည်က လမ်းညွှန်ထားသော ပညာရေးနှင့်ကျန်းမာရေးဖွံ့ဖြိုးတိုးတတ်မှု အစီအစဉ် များကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မရမ်းကုန်းမြို့နယ်အတွင်းတွင် စတင်ဆောင်ရွက်နေကြောင်း သိရှိရသည်။
 
မရမ်းကုန်းမြို့နယ်အတွင်းတွင် အင်္ဂလိပ်သင်တန်းပြီးစီးပါက ဥပဒေသင်တန်း၊ ကွန်ပျူတာသင်တန်းနှင့် နိုင်ငံရေးသင်တန်းများကိုပါ ဆက်လက်သင်ကြားပေးမည်ဖြစ်ကြောင်း၊ ကျန်းမာရေးအတွက် အခမဲ့ ဆေးခန်းများကိုလည်း ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း မရမ်းကုန်းမြို့နယ်တာဝန်ခံ ဦးဥာဏ်သောင်းက ဆိုသည်။

မရမ်းကုန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ ယနေ့ နံနက် ၁၀ နာရီတွင် အခမဲ့ အင်္ဂလိပ်စာ သင်တန်းများ စတင်ဖွင့်လှစ်ကြောင်း သိရှိရသည်။

 “အန်ကယ်တို့က ဒီကနေ ဗဟိုမှာဖွင့်တဲ့သင်တန်းတွေကို ပို့ပေးမယ်ပြီးရင် အမေရိကန်စင်တာနဲ့ ဗြိတိသျှကောင်စီရှိသင်တန်းများတွင်လဲ အခမဲ့တက်ရောက်နိုင်အောင်စီစဉ်ပေးမှာပါ”ဟု မရမ်းကုန်း မြို့နယ်တာဝန်ခံ ဦးဥာဏ်သောင်းက ပြောသည်။
 
အဆိုပါ သင်တန်းအား မနက်(၁၀) နာရီမှ နေ့လည် (၁) နာရီအထိ တစ်ချိန် နေ့လည် (၂)နာရီမှ ညနေ (၄)နာရီအထိတစ်ချိန် စနေနှင့် တနင်္ဂနွေနေ့များတွင် သင်ကြားပေးမည်ဖြစ်ကြောင်းသိရသည်။

မရမ်းကုန်းမြို့နယ်တွင် ရပ်ကွက်(၁၀)ရပ်ကွက်ရှိပြီး ယနေ့တွင်သင်တန်းဖွင့်ရက်ဖြစ်၍ ရပ်ကွက်(၃)ခု က လာရောက်သင်ကြားနေကြောင်း သိရှိရသည်။ သင်တန်းတစ်ချိန်လျှင် လူဦးသားရေ (၆၀)သတ်မှတ်ထားပြီး အင်္ဂလိပ်စာအခြေခံမှစ၍ သင်ကြားပေးမည်ဖြစ်သည်။
 
“အင်္ဂလိပ်စာအခြေခံကစပြီးသင်ပေးမှာပါ တတ်ပြီးသားလူတွေလဲ ပိုတတ်သွားအောင် ဒီမှာလာတက် တာ ၆ တန်းလောက်ကနေ ဘွဲ့ရတဲ့အထိပါပါတယ်” အင်္ဂလိပ်စာဆရာမကြီးဒေါ်စံဝင့်ခိုင်ကပြောသည်။

Grammar ၊ Writing ၊Reading ၊Speaking များကို သင်ကြားပေးမည်ဖြစ်ပြီး၊ အခြေခံသင်တန်းအား သင်တန်းချိန် သုံးလသတ်မှတ်ထားကြောင်း အင်္ဂလိပ်စာဆရာမကြီး ဒေါ်စံဝင့်ခိုင်က ဆက်ပြောသည်။
 
 “အမတို့မြို့နယ်မှာ ဒီလိုသင်တန်းတွေအခမဲ့တက်ရလို့ပျော်ပါတယ် မတက်နိုင်တဲ့သူတွေအတွက် အထောက်အကူဖြစ်တာပေါ့ အမတို့လဲစာရင်းပေးပြီးလာတက်တာပါ” ဟု မရမ်းကုန်း ၂ ရပ်ကွက်တွင် နေထိုင်သူ မအေးအေးစိုး ကပြောသည်။

သင်တန်းတက်ရောက်လိုသူများသည် နည်းစပ်ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးများတွင် စာရင်း ပေးသွင်းကာ အခမဲ့တက်ရောက်နိုင်သည်။

ရှုမ၀အောင်(မြစ်မခ)
Shwe Myitmakha Media Group


Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template