Headlines News :
Home » » ရန်ကုန်မြို့က သံဃာထုဆန္ဒပြပွဲ

ရန်ကုန်မြို့က သံဃာထုဆန္ဒပြပွဲ

Written By လွင့်မောင်မောင် on Thursday, December 13, 2012 | 9:23 AM

2012-12-12
ရန်ကုန်မြို့က စာသင်သံဃာတော် အပါး ၃၀၀ ဝန်းကျင်ပါဝင်တဲ့ "ဗုဒ္ဓသာဝက ရဟန်းပျိုများအဖွဲ့" ဟာ လက်ပန်းတောင်းတောင် သပိတ်စခန်းဖြိုခွဲမှုနဲ့ ပတ်သတ်ပြီး တောင်းဆိုထားတဲ့အချက်တွေကို အစိုးရဖက်က အကောင်အထည်မဖော်ပေးတဲ့အတွက် ဒီကနေ့ မွန်းလွဲပိုင်းက ရွှေတိဂုံဘုရား ၊ အရှေ့ဘက်မုခ် ၊ ကြေးသွန်းဘုရားကြီးကနေ ရန်ကုန်မြို့လယ် ဆူးလေဘုရားအထိ စီတန်းလမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
Photo:RFA/Kyaw Zawe Win
ဒီဇင်ဘာ ၁၂ ရက်နေ့က လက်ပန်းတောင်း အရေးနှင့် ပက်သက်ပြီး ရန်ကုန်မြို့တွင် သံဃာထုက ဆန္ဒထုတ်ဖော်စဉ်။
သံဃာတော်တွေဟာ "၁၂ ၊ ၁၂ ၊ ၁၂ သံဃာတော်များ အကြမ်းဖက်ခြင်းကို ရပ်တန့်ပေးပါ"၊ ဆိုတဲ့ စာသားပါ လက်ကိုင်ပိုစတာတွေနဲ့ သာသနာ့အလံတော်တွေကို ကိုင်ဆောင်ရင်း အလံပြဘုရားလမ်းတလျှောက် မေတ္တာပို့ရွတ်ဆိုပြီး ဆူးလေစေတီတော်ကို စီတန်းလမ်းလျှောက်ခဲ့ကြပါတယ်။
သံဃာတော်တွေဟာ မွန်းလွဲ ၂ နာရီအချိန်မှာ ရေတာရှည်လမ်းဟောင်းကိုဖြတ်ပြီး  ဦးထောင်ဗိုလ်လမ်းကနေ တစ်ဆင့် အလံပြဘုရားလမ်းအတိုင်း စီတန်းလှည့်လည်ဆန္ဒပြတဲ့အခါ လမ်းတလျှောက်မှာရှိတဲ့ ပြည်သူလူထု ရာပေါင်းများစွာကလည်း သံဃာတော်တွေနဲ့အတူ ငြိမ်းငြိမ်းချမ်းချမ်း စီတန်းလမ်းလျှောက်ခဲ့ကြပါတယ်။
ဒီကနေ့ဆန္ဒပြပွဲမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ကလည်း သံဃာတော်တွေရဲ့ ဦးဆောင်မှုအောက်မှာ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
လမ်းလျှောက်ဆန္ဒပြတဲ့ သံဃာတော်တွေဟာ မွန်းလွဲ ၃ နာရီမှာ ဆူးလေစေတီတော်ကို ရောက်ရှိပြီးနောက် စေတီတော်ကို လက်ယာရစ်လှည့်ပြီး မြို့တော်ခန်းမရှေ့မှာ စုဝေးကာ သံဃာတော်တွေရဲ့ အစိုးရကို တောင်းဆိုထားတဲ့ တောင်းဆိုချက် (၅)ရပ်ကို ဖတ်ကြားခဲ့ပါတယ်။
ရန်ကုန်မြို့မှာ ရာနဲ့ချီတဲ့ သံဃာတော်တွေ ဆန္ဒထုတ်ဖော်ခဲ့တဲ့ တစ်ချိန်တည်းမှာပဲ မန္တလေး ၊ မုံရွာ ၊ ကလေး ၊ စစ်တွေ ၊ ပခုက္ကူ ၊ ချောက် ၊ ပြည်၊  ဝါးခယ်မ ၊ ပုသိမ် ၊ စတဲ့ မြို့ကြီးတွေမှာလည်း သံဃာတော်တွေရဲ့ ဆန္ဒထုတ်ဖော်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
RFA
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template