Headlines News :
Home » » ဒီဇင်ဘာလ ၁၂ ရက်နေ့က မြန်မာနိုင်ငံရှိ မြို့ကြီးများတွင် ပြုလုပ်ခဲ့သည့် ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်ခဲ့သူများကို သက်ဆိုင်ရာ ရဲစခန်းများမှ အမှုဖွင့်

ဒီဇင်ဘာလ ၁၂ ရက်နေ့က မြန်မာနိုင်ငံရှိ မြို့ကြီးများတွင် ပြုလုပ်ခဲ့သည့် ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်ခဲ့သူများကို သက်ဆိုင်ရာ ရဲစခန်းများမှ အမှုဖွင့်

Written By လွင့်မောင်မောင် on Friday, December 14, 2012 | 7:41 PM

ပုဒ်မ(၁၈)ဖြင့် အမှုဖွင့် အရေး ယူခြင်းခံထားရသူ အောင်မှိုင်းဆန်း
"
ဒီဇင်ဘာလ ၁၂ ရက်နေ့က မြန်မာနိုင်ငံရှိ မြို့ကြီးများတွင် ပြုလုပ်ခဲ့သော ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်ခဲ့သူများ အနက် မန္တလေး၊ မြင်းခြံမြို့နှင့် မုံရွာမြို့များရှိ ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်ခဲ့သူများကို သက်ဆိုင်ရာ ရဲစခန်းများမှ အမှုဖွင့်ထားကြောင်း သိရသည်။ အဆိုပါ အမှုဖွင့် အရေးယူခံထားရသူများမှာ မန္တလေးရှိ ဗကသများ အဖွဲ့ချုပ်မှ ၃ ဦးနှင့် ကုန်ဈေးနှုန်း ကျဆင်းရေးလှုပ်ရှားသူတစ်ဦး၊ မြင်းခြံမှ ၅ ဦးနှင့် မုံရွာမှ ၂ ဦးတို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ အမှုဖွင့် အရေးယူခံရသူများကို ဒီဇင်ဘာလ ၁၃ ရက်နေ့ ညပိုင်းက ခေါ်ယူစစ်ဆေးခဲ့ ခြင်းဖြစ်ပြီုး မြင်းခြံမှ ၅ ဦးမှာ အာမခံရရှိခဲ့ပြီး မန္တလေးရှိ ၄ ဦးမှာ ခံဝန်စာရွက်တွင် တရားရုံး၏ ဆုံးဖြတ်ချက် မကျသေးဘဲ တရားခံဟု သုံးနှုန်းထားသည့်အတွက် အာမခံမယူဘဲ နေခဲ့ကြောင်း ဗကသများအဖွဲ့ချုပ်မှ အထက်ဗမာပြည် ပြန်ကြားရေးတာဝန်ခံ ကိုရဲရင့်အောင်၏ ပြောပြချက်အရ သိရှိရသည်။

လက်ပံတောင်းတောင် သပိတ်စခန်းများရှိ သံဃာတော်များအား အကြမ်းဖက် အင်အားသုံးနှိမ်နှင်းမှုအပေါ် သံဃာတော်များနှင့်အတူ ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်မှုကြောင့် ဖမ်းဆီးခံရသူများမှာ မန္တလေးမြို့တွင် ဗကသများအဖွဲ့ချုပ်မှ (ဗဟိုလုပ်ငန်း ကော်မတီ) အဖွဲ့ဝင်များဖြစ်သည့် ကိုအောင်မှိုင်းဆန်း၊ ကိုသန်းထိုက်၊ ကိုမင်းနိုင်လွင်နှင့် ကုန်ဈေးနှုန်းကျဆင်းရေး လှုပ်ရှားသူတစ်ဦးဖြစ်သည့် ကိုသိန်းအောင်မြင့်တို့ဖြစ်ပြီး မြင်းခြံမြို့မှ ကိုသန့်စင်၊ ကိုအောင်မြင့်ဆန်း၊ ကိုဥာဏ်မြင့်သန်း၊ ကိုဇော်လင်းအောင်၊ ကိုမိုးစက်၊ မုံရွာမြို့မှ ဗကသများ အဖွဲ့ဝင် ကိုရဲရင့်အောင်နှင့် ဒေါ်နုတို့ဖြစ်ကြောင်း သိရသည်။

ယခုဖြစ်စဉ်နှင့် ပက်သက်၍ မုံရွာမြို့နယ်မှူး ရဲစခန်းနှင့် မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ကျွန်တော်တို့ဆီတော့ ရောက်မလာသေးလို့ မသိပါဘူးဟု ပြန်လည်ဖြေကြားခဲ့ပါသည်။
Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template