Headlines News :
Home » » Master ကတ် စတင်သုံးသည့် သုံးပတ်အတွင်း ကမ္ဘာလှည့်ခရီးသွားများ ကျပ်ငွေသိန်းပေါင်း ၉၆၀ ထုတ်ယူခဲ့ပြီး ဒေါ်လာ ၁၂၀၀၀၀ ခန့် ဘဏ်မှ လက်ခံရရှိ

Master ကတ် စတင်သုံးသည့် သုံးပတ်အတွင်း ကမ္ဘာလှည့်ခရီးသွားများ ကျပ်ငွေသိန်းပေါင်း ၉၆၀ ထုတ်ယူခဲ့ပြီး ဒေါ်လာ ၁၂၀၀၀၀ ခန့် ဘဏ်မှ လက်ခံရရှိ

Written By လွင့်မောင်မောင် on Sunday, December 9, 2012 | 1:13 PM

 
Sunday, 09 December 2012
Master ကတ်အား မြန်မာနိုင်ငံတွင် နိုဝင်ဘာလ ၁၅ ရက်နေ့မှ စတင် အသုံးပြုသည့် သုံးပတ်ကျော်အတွင်း ကမ္ဘာလှည့်ခရီးသွားများ Master ကတ်ကို အသုံးပြု၍ မြန်မာကျပ်ငွေ သိန်းပေါင်း ၉၆၀ ခန့် ထုတ်ယူခဲ့ပြီး ဒေါ်လာ ၁၂၀၀၀၀ခန့်ဘဏ်မှ လက် ခံရရှိထားကြောင်း သမ၀ါယမလိမိတက် ဘဏ်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်များအရ သိရှိရပါသည်။

''စသုံးတဲ့ နိုဝင်ဘာလ ၁၅ ရက် နေ့ကစပြီး ရက် ၂၀ ကျော်အတွင်း နိုင်ငံခြားသား ကမ္ဘာလည့်ခရီးသွားတွေက မြန်မာငွေထုတ်သုံးနေတာ ကျပ်သိန်းပေါင်း ၉၆၀ ၀န်းကျင် ထုတ်သွားပြီ သူတို့ဆီက ဒေါ်လာ ၁၂၀၀၀၀ ၀န်းကျင် ပြန်ရပြီ''ဟု သမ၀ါယမဘဏ်မှ မန်နေးဂျင်းဒါရိုက်တာ ဦးဖေမြင့်က ပြောကြားခဲ့ပါသည်။

''ကျွန်တော် ဒီကိုလာတုန်းက လေယာဉ်ပေါ်မှာ နိုင်ငံခြားသားတွေ အများကြီးတွေ့ခဲ့ရတယ်။ အဲဒါကြောင့် နိုင်ငံခြားငွေတွေကို ဒီမှာ ထုတ်ယူသုံးစွဲနိုင်ဖို့ကိစ္စတွေ ပိုလိုအပ်လာမယ်။ သူတို့က ပိုက်ဆံကိုင်ပြီး သုံးစွဲတာထက် ကတ်တွေကိုင်ပြီး သုံးစွဲကြတာပိုများတယ်''ဟု Mr. Matthew Driver, President, South East Asia, Master Card Worldwide က ပြောကြားပါသည်။

လက်ရှိအချိန်တွင် နိုင်ငံတကာ ငွေပေးချေနည်းတစ်မျိုးဖြစ်သည့် Master ကတ်သည် MPU Network သို့ အချိန်အတိုင်းအတာတစ်ခုတွင် ပါဝင်လာဖွယ်ရှိကြောင်းကို ''လောလောဆယ် MPU Network မှာ ဂျပန် JCB ကတ်၊ တရုတ် CPU ကတ်တို့က ချိတ်ဆက် ဆောင်ရွက်နေပါတယ်။ Master ကတ်လည်း နောင်လာမယ့်အချိန်မှာ MPU Network မှာ ပါဝင်လာမှာပါ''ဟု သမ၀ါယမ လိမိတက်ဘဏ်မှ တာဝန်ရှိသူတစ်ဦးက သုံးသပ် ပြောကြားခဲ့ပါသည်။

သမ၀ါယမလိမိတက်ဘဏ်အား နိုင်ငံတကာ ငွေပေးချေရေး ကတ်တစ်ခုဖြစ်သော Master ကတ် ထုတ်ဝေခွင့်နှင့် အေတီအမ် စက်များ၊Point Of Sale စက်များတွင် ထုတ်ယူသုံးစွဲခွင့် လိုင်စင်ကို Master Card Worldwide မှ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့တွင် ခွင့်ပြုပေးခဲ့ကြောင်း၊ Master ကတ်သည် ကမ္ဘာတစ်ဝှမ်းတွင် ငွေပေးချေနိုင်သည့် နည်းပညာကုမ္ပဏီတစ်ခုဖြစ်ပြီး အစိုးရအဖွဲ့အစည်းများ၊ ငွေကြေးအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းကြီးများနှင့် ဆက် သွယ် ဆောင်ရွက်လျက်ရှိပြီး နိုင်ငံပေါင်း ၂၁၇ နိုင်ငံမှ Master ကတ် သုံးစွဲသူပေါင်း ၁ ဒသမ ၇ ဘီလျံ ခန့်ရှိပြီး Master ကတ်ဖြင့် ငွေလက်ခံသော ကုန်သည်ပေါင်း ၃၂ သန်းခန့်ရှိကြောင်း သိရသည်။

Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template