Headlines News :
Home » »  တွင်းထွက်သယံဇာတ အရင်းအမြစ်တူးဖော်ရေး စက်မှုလုပ်ငန်းများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး ဦးဆောင်ကော်မတီ ဖွဲ့စည်း

 တွင်းထွက်သယံဇာတ အရင်းအမြစ်တူးဖော်ရေး စက်မှုလုပ်ငန်းများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး ဦးဆောင်ကော်မတီ ဖွဲ့စည်း

Written By လွင့်မောင်မောင် on Saturday, December 15, 2012 | 6:38 PM

တွင်းထွက်သယံဇာတ အရင်းအမြစ်တူးဖော်ရေး စက်မှုလုပ်ငန်းများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး ဦးဆောင်ကော်မတီ ဖွဲ့စည်းလိုက်ကြောင်းကို နိုင်ငံတော်သမ္မတရုံးမှ အမိန့်ကြော်ငြာစာအမှတ်၊ ၉၉/၂၀၁၂ ဒီဇင်ဘာလ ၁၄ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါထုတ်ပြန်ကြေငြာချက်တွင် ဦးစိုးသိန်း ပြည်ထောင်စုဝန်ကြီး သမ္မတရုံးဝန်ကြီးဌာန (၃) မှဥက္ကဌအဖြစ် ပါဝင်ပြီး အတွင်းရေးမှူးအဖြစ် ဦးဝင်းရှိန် ပြည်ထောင်စုဝန်ကြီး ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ အဖွဲ့ဝင်များအဖြစ် ဦးဝင်းထွန်း ပြည်ထောင်စုဝန်ကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဦးသန်းဌေး ပြည်ထောင်စုဝန်ကြီး စွမ်းအင်ဝန်ကြီးဌာနနှင့် ဒေါက်တာမြင့်အောင် ပြည်ထောင်စုဝန်ကြီး သတ္တုတွင်းဝန်ကြီးဌာနတို့ ပါဝင်ကြသည်။
အဆိုပါကော်မတီကို ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်မှာ နိုင်ငံတော်မှချမှတ်ထားသည့် စီးပွားရေးနှင့် လူမှုရေးပြုပြင်ပြောင်းလဲမှု အခြေခံမှုဘောင်များအရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရသည် တွင်းထွက်သယံဇာတ အရင်းအမြစ်တူးဖော်ရေး စက်မှုလုပ်ငန်းများ စီမံကွပ်ကဲမှု ပိုမိုကောင်းမွန်လာစေရန် အတွက်လည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှု ၀န်းကျင်အားကောင်းစေရန်အတွက် လည်းကောင်း၊ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများနှင့် ပြည်သူလူထုအကြား ပွင့်လင်းမြင်သာမှုရှိ၍ အပြန်အလှန်ဆွေးနွေးရှင်းလင်းမှု ရှိလာစေရန်အတွက် လည်းကောင်း၊ ပုဂ္ဂလိကကဏ္ဍ လူထုအခြေပြု အဖွဲ့ အစည်းများနှင့်အတူ လက်တွဲအကောင်အထည်ဖော်ဆောင်ရွက်ပြီး ပြည်သူလူထုအား အသိပေးရန်အတွက် လည်းကောင်း၊ တွင်းထွက်သယံဇာတ အရင်းအမြစ်တူးဖော်ရေး စက်မှုလုပ်ငန်းများနှင့် ပွင့်လင်းမြင်သာမှု ဖော်ဆောင်ခြင်းကိစ္စရပ်ကို နိုင်ငံတော်ကိုယ်စား ဦးစီးဆောင်ရွက်နိုင်ရန်အတွက် တွင်းထွက်သယံဇာတ အရင်းအမြစ်တူးဖော်ရေး စက်မှုလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး ဦးဆောင်ကော်မတီအား ဖွဲ့စည်းရခြင်းဖြစ်ကြောင်းနှင့် လုပ်ငန်းတာဝန်များမှာ (က) တွင်းထွက်သယံဇာတ အရင်းအမြစ်တူးဖော်ရေးနှင့် စက်မှုလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ခြင်းကိစ္စအရပ်ရပ်ကို နိုင်ငံတော်နှင့် လက်တွဲဆောင်ရွက်သွားမည့် ပုဂ္ဂလိကကဏ္ဍနှင့် လူထုအခြေပြု အဖွဲ့အစည်းများအကြား EITI ဆိုင်ရာလုပ်ငန်းများကို တာဝန်ခံဆောင်ရွက်မည့် လုပ်ငန်းကော်မတီတစ်ရပ်ကို ဖွဲ့စည်းရန်၊ (ခ) တွင်းထွက်သယံဇာတ အရင်းအမြစ်တူးဖော်ရေး စက်မှုလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ခြင်းလုပ်ငန်း အကောင်အထည်ဖော်ရန် လုပ်ငန်းစဉ်မူကြမ်းတစ်ရပ် ပြင်ဆင်ရေးဆွဲရန်၊ (ဂ) နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ဖြစ်သော Extractive Industry Transparency Initiative တွင် မြန်မာနိုင်ငံအား အဖွဲ့ဝင်နိုင်ငံတစ်ခုအဖြစ် အပြီးသတ်လျှောက်ထား၍ အဖွဲ့ဝင်လောင်း (Candidate Member) အဆင့်အထိ အောင်မြင်စွာပါဝင်နိုင်ရန် လိုအပ်သည့်လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ (ဃ) မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှု အရင်းအမြစ်အဖွဲ့အစည်း(Myanmar Development Resource Institute) ၏ စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်မှုအဖွဲ့ (Centre for Economic and Social Development) အား ညှိနှိုင်းရေးတာဝန်ခံ (Coordinator) အဖြစ် တာဝန်ပေးအပ်ရန်နှင့်၊ (င) တွင်းထွက် သယံဇာတအရင်းအမြစ် တူးဖော်ရေးလုပ်ငန်းများကို နိုင်ငံဖွံ့ဖြိုးမှုနှင့် စီးပွားရေးတိုးတက်မှုများအတွက် လက်တွေ့အကျိုးရှိပြီး နောင်လာနောက်သား ပြည်သူများအတွက် ရေရှည်တည်တံ့မည့် ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုသော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို သတ်မှတ်အကောင်အထည်ဖော် ဆောင်ရွက်ရန်တို့ဖြစ်ပြီး အဆိုပါလုပ်ငန်းတာဝန်များကို (၃၁-၁၂-၂၀၁၃) ရက်နေ့ နောက်ဆုံးထား၍ အကောင်အထည်ဖော် ဆောင်ရွက်သွားရန်ဖြစ်ကြောင်းတို့ ပါဝင်သည်။
Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template