Headlines News :
Home » » လူထုဆန္ဒရွေးကောက်ခွင့် ပြည်သူသာရမယ်ဆိုလျှင်....

လူထုဆန္ဒရွေးကောက်ခွင့် ပြည်သူသာရမယ်ဆိုလျှင်....

Written By လွင့်မောင်မောင် on Sunday, December 9, 2012 | 11:31 AM

ရေးသားသူ - နတ်မှုး

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း ၃ တွင် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတ၏ အရည်အချင်းများ အပိုဒ်(ဃ)တွင် သမ္မတ လုပ်မည့်သူသည် စစ်ရေးအမြင် ရှိရမည်ဟု ပါလာသည်။ လူတစ်ယောက် စစ်ရေး အမြင်ရှိမရှိ ဘယ်လိုပေတံနှင့် တိုင်းမှာလဲ၊ စစ်မှုထမ်း ဖူးသူများသာ စစ်ရေး အမြင်ရှိသည် ဟု ယူဆလျှင် အရပ်သားများ သမ္မတဖြစ်နိုင်ခွင့် မရှိတော့။ မိန်းမများ သမ္မတဖြစ်ဖို့ ဝေးလှစွာ၏။

ဖိလစ်ပိုင်နိုင်ငံတွင်သမ္မတဖြစ်ခဲ့သော မစ္စစ်အကွီနိုမှာ ကံကောင်းလှ၏။ အကြောင်းမှာ ဖိလစ်ပိုင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် ဤကဲ့သို့  စစ်ရေးအမြင်ရှိရမည်ဟူသော ကန့်သတ် ချုပ်ချယ်မှုမပါ၍ဖြစ်သည်။

ထိုဥပဒေ၏ အပိုဒ်(င)မှာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ မလုပ် နိုင်အောင် တမင် ရည်စူး၍ ရေးထားသလား အောက်မေ့ရသည်။ အကြောင်းမှာ ဒေါ်အောင်ဆန်းစုကြည်၏ ကွယ်လွန်သူ ခင်ပွန်း မိုက်ကယ်အဲရစ်(စ်)နှင့် သားနှစ်ယောက်မှာ နိုင်ငံခြား သားများ ဖြစ်၍ ဖြစ်သည်။

ဤဥပဒေအရဆိုလျှင် ဒေါ်ဆောင်ဆန်းစုကြည်သမ္မတဖြစ်ဖို့လမ်းမမြင်၊ အမေရိကန်နိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ အပိုဒ် (င) လို ဥပဒေမျိုးမပါသည့်အတွက် လက်ရှိသမ္မတ အိုဘားမားအား ကံကောင်းလှ၏။

အကြောင်းမှာ ဘားရက်အိုဘားမား၏ အဖေ Barack Hussein Obama မှာ ကင်ညာနိုင်ငံသား တစ်ယောက်ဖြစ်သည်။ တစ်ဖန် အိုဘားမား၏ မိခင် Ann Dunham မှာ အိုဘားမား၏ အဖေ ကွဲသောအခါ အင်ဒိုနီးရှားနိုင်ငံသား Lo Lo Soetoro နှင့် နောက်အိမ်ထောင်ထူ လိုက်သေးသည်။

၂၀၀၈ ခုနှစ် မြန်မာနိုင်ငံ အခြေခံဥပဒေအရဆိုလျှင် အိုဘားမား တစ်သက်လုံး သမ္မတဖြစ်ခွင့် မရှိတော့။

သို့သော် အမေရိကန်၊ အာဖရိကန် လူမည်း အိုဘားမား သည် အမေရိကန်နိုင်ငံကြီး၏ သမ္မတ ဖြစ်လာခဲ့သည်။ အမေရိကန် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ သူတို့ နိုင်ငံသား တိုင်းကို သမ္မတဖြစ်ခွင့်ပေးထားသည်။

မြန်မာနိုင်ငံ အခြေခံဥပဒေကဲ့သို့ နိုင်ငံခြားသားနှင့် အကြောင်းပါမှုကို ဘိုးစဉ် ဘောင်ဆက်၊ သားစဉ်မြေးဆက် ကန့်သတ် ချုပ်ချယ်မှုတွေ မလုပ်။

နိုင်ငံတစ်နိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေသည် လူ့အခွင့်အရေး ကို လေးစားသင့်ကြောင်း ၊ သမ္မတလုပ်မည့်သူ နိုင်ငံသား ဖြစ်လျှင် လုံလောက်ပြီ။

သူ့အဖေ နိုင်ငံခြားသားဖြစ်ခြင်း၊ သူ့အမေ နိုင်ငံခြားသားကို ယူခြင်း၊ ယောက်ျား နိုင်ငံခြား သားဖြစ်ခြင်း၊ သားသမီးတွေနိုင်ငံခြားသားဖြစ်ခြင်း တို့သည် သူတို့၏ ကိုယ်ရေးကိုယ်တာ ကိစ္စဟု အမေရိကန်ပြည်သူအားလုံးက သဘောထားသည်။

လူတစ်ယောက်နှင့် တစ်ယောက်ညားခြင်းကိစ္စသည် ဖူးစာဖြစ်သည်။ မြန်မာဘုရင် များပင် မြောက်ကျွန်းသူကိုယူခဲ့သည်ဟု ကြားဖူးရာ ယခုခေတ်နိုင်ငံခြားသားကို ဖူးစာဆုံခြင်းကိစ္စမှာ မဆန်းချေ။

အမေရိကန်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေက သမ္မတလောင်း၏ ကိုယ်ရေးကိုယ်တာကိစ္စ များကို ပူပင်မနေ၊ လူတစ်ယောက် သမ္မတဖြစ်မှု၊ မဖြစ်မှုကို ပြည်သူလူထု၏ ပခုံးပေါ်သို့ တင်ပေးလိုက်သည်။

မသူတော် တစ်ယောက် နိုင်ငံခေါင်းဆောင်ဖြစ်မည့်ကိစ္စ စိုးရိမ်သောကများ စရာရှိလျှင် ပြည်သူထက် ဘယ်သူမှ မပို၊ အကြောင်းမှာ မသူတော်တွေ နိုင်ငံခေါင်းဆောင် ဖြစ်လျှင် ကျောကော့အောင် ခံရသူများမှာ အမျိုးသား ညီလာခံ ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ မဟုတ်ဘဲ ဆင်းရဲသား ကျောမွဲပြည်သူ များဖြစ်၍ဖြစ်သည်။

အမေရိကန်ပြည်သူလူထုက အိုဘားမားကို မဲပေးပြီး သူတို့သမ္မတအဖြစ် တစ်ခဲနက် ရွေးချယ်လိုက် ကြသည်။ အိုဘားမား၏ အဖေ ကင်ညာနိုင်ငံသားဖြစ်တာ၊ အိုဘားမား၏ အမေ အင်ဒိုနီးရှားလူမျိုးကို ယူတာ သူတို့ စိတ်မ၀င်စား။

သူတို့စိတ်ဝင်စားသည်မှာ အိုဘားမားသာဖြစ်သည်။ အိုဘားမားက အမေရိကန်ပြည်သူတွေ ဘ၀ တိုးတက်မှုရှိအောင်၊ လုံခြုံစိတ်ချစွာနေနိုင်အောင် လုပ်ပေးနိုင်စွမ်းရှိသည်ဟု ယုံကြည် ကြသည်။

ထိုသို့ ယုံကြည်သည့်အလျောက် သူတို့၏ဆန္ဒမဲဖြင့် အိုဘားမားကို သမ္မတအာဏာ အပ်နှင်းလိုက်ခြင်း ဖြစ်သည်။ သမ္မတ ၄ နှစ်သက်တမ်းအတွင်း လူထုယုံကြည်သည့်အတိုင်း လုပ်ချင်လုပ်၊ မလုပ်လျှင်နောက်တစ် ကျော့သမ္မတရွေးကောက်ပွဲမှာ အိုဘားမားကို မဲမထည့် ဘဲနေကြလိမ့်မည်။

အကယ်၍ လူထုမဲဆန္ဒဖြင့် သမ္မတ ရွေးကောက်ခွင့် မြန်မာပြည်သူတို့သာ ရမည် ဆိုလျှင် ဗေဒင်မေးစရာမလို ဒေါ်အောင်ဆန်းစု ကြည် မြေကြီးလက်ခတ်မလွဲ သမ္မတ ဖြစ်ပေလိမ့်မည်။
ရေးသားသူ - နတ်မှုး (ဥာဏ်နီ ဥာဏ်နက်ဆောင်းပါးမှ)
ဒီမိုဖက်တီးဖေ့ဘုတ်မှ ဖော်ပြအပ်ပါတယ်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template