Headlines News :
Home » » မိုဘိုင်းဖုန်းအင်တာနက်အသုံးပြုခကို Volume ဖြင့် ကောက်ခံမည့်ကိစ္စအတွက် နှုန်းထားသစ်အား သုံးစွဲသူများထံ အသိပေးပြီး အများစုလက်ခံမှ အတည်ပြုမည်

မိုဘိုင်းဖုန်းအင်တာနက်အသုံးပြုခကို Volume ဖြင့် ကောက်ခံမည့်ကိစ္စအတွက် နှုန်းထားသစ်အား သုံးစွဲသူများထံ အသိပေးပြီး အများစုလက်ခံမှ အတည်ပြုမည်

Written By လွင့်မောင်မောင် on Sunday, December 9, 2012 | 4:53 PM

မိုဘိုင်းဖုန်းဖြင့် အင်တာနက် အသုံးပြုခများကို ယခင် Time Based Charging စနစ်မှ Volume Based Charging စနစ်သို့ ပြောင်းလဲကောက်ခံရာတွင် ပြန်လည်ပြင်ဆင်မည့်နှုန်းထားသစ်ကို အများပြည်သူသို့ ကြိုတင်အသိပေးအကြောင်းကြားပြီး အများစု လက်ခံသဘောတူမှသာ အတည်ပြုသွားမည်ဟု မြန်မာ့ဆက်သွယ်ရေးမှ သတင်းရရှိသည်။
''ဒီဇင်ဘာလလယ်လောက်မှာ မီဒီယာတွေနဲ့ တွေ့ဆုံဆွေးနွေးပြီးတော့ ပြင်ဆင်သတ်မှတ်ထားတဲ့ နှုန်းထားသစ်ကို တင်ပြသွားဖို့အစီအ စဉ်ရှိပါတယ်။ အဲဒီနှုန်းထားက အရင်သတ်မှတ်ခဲ့တဲ့ 100 Kb ကို နှစ်ကျပ်ဆိုတဲ့နှုန်းထားထက် လျော့နည်းသွားမှာ ဖြစ်ပါတယ်။ လောလောဆယ် အကြမ်းဖျင်း သတ်မှတ်ထားတာက 1Mb ကို ငါးကျပ်၊ ခြောက်ကျပ်နှုန်းလောက် ဖြစ်ဖို့ရှိပါတယ်။ အဲဒီ ပြင်ဆင်သတ်မှတ်မယ့် နှုန်းထားကို ပြည်သူတွေလက်ခံနိုင်ခြင်း ရှိ၊ မရှိ ကြည့်ပြီးတော့မှ ဆုံးဖြတ်ပြီး သတ်မှတ်သွားမှာပါ။ အဲဒါကြောင့် ဒီနှုန်းထားသစ်က လာမယ့်နှစ် ဇန်န၀ါရီလောက်မှပဲ စတင်ဖို့ ရှိနေပါတယ်''ဟု မြန်မာ့ဆက်သွယ်ရေးမှ  အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ဒီဇင်ဘာလ ၈ ရက်နေ့က ပြောကြားခဲ့သည်။
Volumle Based ဖြင့် ပြောင်းလဲကောက်ခံရာတွင် မူလသတ်မှတ်ခဲ့သော နှုန်းထားမှာ 100 Kb လျင် နှစ်ကျပ်ဖြစ်သောကြောင့် 1Mb လျင် ကျပ်၂၀ နှုန်းခန့် ကျသင့်မည်ဖြစ် သည်။ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းက မိမိတို့၏ ဆောင်ရွက်ချက်များအား ပွင့်လင်းမြင်သာမှုရှိစွာဖြင့် ပြည်သူနှင့် သတင်းမီဒီယာများကို ကြိုတင်အသိပေးထားရန် လိုကြောင်း ဒီဇင်ဘာလဆန်းပိုင်းက ပြောကြားခဲ့သည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template