Headlines News :
Home » » ခရီးစဉ်မတိုင်မီ ကံမော်ကျေးရွာတွင် အသေးစားပေါက်ကွဲမှု ဖြစ်ပွားခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ကော့သောင်းခရီးစဉ် ဖျက်သိမ်းမည်မဟုတ်

ခရီးစဉ်မတိုင်မီ ကံမော်ကျေးရွာတွင် အသေးစားပေါက်ကွဲမှု ဖြစ်ပွားခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ကော့သောင်းခရီးစဉ် ဖျက်သိမ်းမည်မဟုတ်

Written By လွင့်မောင်မောင် on Saturday, December 15, 2012 | 6:54 PM


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ကော့သောင်း-မြိတ်-ကျွန်းစု-ကံမော် ခရီးစဉ်မတိုင်မီ ကံမော်ကျေးရွာတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားမည့် စင်မြင့်အနီးတွင် ဒီဇင်ဘာလ ၁၄ ရက်နေ့က အသေးစားပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သော်လည်း ခရီးစဉ်ကို ဖျက်သိမ်းမဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထံမှ စုံစမ်းသိရှိရသည်။
“ခရီးစဉ် မပျက်ပါဘူး။ နဂိုစီစဉ်ထားတဲ့ အတိုင်းပါပဲ” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးအုန်းကြိုင်က ပြောပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ၄င်း၏ ကော့သောင်း-မြိတ်-ကျွန်းစုမြို့နယ်-ကံမော်ကျေးရွာခရီးစဉ်ကို ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် စတင်မည်ဖြစ်သည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့မှ လေကြောင်းဖြင့် ကော့သောင်းမြို့သို့ သွားရောက်မည်ဖြစ်ပြီး၊ ထိုမှတစ်ဆင့် မြိတ်မြို့သို့ ဆက်လက်သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ကျွန်းစုမြို့သို့ ရှပ်ပြေးဖြင့်သွားရောက်မည်ဖြစ်ကြောင်း၊ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကံမော်ကျေးရွာမှတစ်ဆင့် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာရန် စီစဉ်ထားကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါခရီးစဉ်အတွင်း ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ မိန့်ခွန်းပြောကြားမည်လည်း ဖြစ်သည်။
အမျိုးသားဒီမိုကရေအဖွဲ့ချုပ် ဥက္ကဋ္ဌအနေဖြင့် နိုဝင်ဘာလ ၂၉ မှ ၃၀ ရက်နေ့အထိ မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင်စီမံကိန်းအပါအ၀င် ကျေးရွာများသို့လည်းကောင်း၊ ဒီဇင်ဘာလ ၉ ရက်၊ ၁၀ ရက်နေ့များတွင် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးရပ်ဇာတိဖြစ်သော နတ်မောက်မြို့နယ်အပါအ၀င် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့ သွားရောက်ခဲ့ပြီး ဖြစ်သည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template