Headlines News :
Home » » ကမ္ဘာ့ဖလားခြေစစ်ပွဲ မြန်မာအသင်း တောင်ကိုရီးယားကို ရှုံးနိမ့်

ကမ္ဘာ့ဖလားခြေစစ်ပွဲ မြန်မာအသင်း တောင်ကိုရီးယားကို ရှုံးနိမ့်

Written By Live100 on Wednesday, June 17, 2015 | 8:19 AM


မြန်မာ့လက်ရွေးစင်အသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယပွဲစဉ်အဖြစ် တောင်ကိုရီးယား အသင်းနဲ့ ဇွန် ၁၆ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ရာဇမင်္ဂလာ ဘောလုံးကွင်းမှာ ကစားခဲ့ရာ ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
ပွဲချိန် ၃၅ မိနစ်မှာ တောင်ကိုရီးယားကွင်းလယ်လူ လီဂျေးဆောင်က ခေါင်းတိုက်ဂိုးနဲ့ ၆၇ မိနစ်မှာ တိုက်စစ်မှူး ဆွန်ဟောင်မင်က ပြစ်ဒဏ်ဘောမှတဆင့် သွင်းယူတဲ့ ဂိုးတွေနဲ့ ရှုံးနိမ့် ခဲ့ရတာပါ။
မြန်မာအသင်းဟာ ပထမပွဲစဉ်မှာ လာအိုနဲ့ သရေကျထားတာကြောင့် ၂ ပွဲကစား ၁ မှတ်သာ ရပါသေးတယ်။
အုပ်စုတွင်း အခြားပွဲစဉ်မှာတော့ လက်ဘနွန်က လာအိုကို ၂ – ၀ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
အခုအကြိမ်ဟာ  ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားခြေစစ်ပွဲနဲ့ အာရှဖလား ခြေစစ်ပွဲကို ပေါင်းပြီး ကျင်းပတာ ဖြစ်ပါတယ်။
မြန်မာအသင်းဟာ တောင်ကိုရီးယား၊ ကူဝိတ်၊ လက်ဘနွန်၊ လာအိုတို့နဲ့ ကစားရမှာ ဖြစ်ပါတယ်။
အုပ်စုဗိုလ် ၈ သင်းနဲ့ အကောင်းဆုံး ဒုတိယ ၄ သင်းဟာ ၂၀၁၉ အာရှဖလား ခြေစစ်ပွဲအောင်မှာ ဖြစ်သလို ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ တတိယအဆင့်ကိုလည်း တက်မှာ ဖြစ်ပါတယ်။
ကျန်ခဲ့တဲ့  အကောင်းဆုံး ဒုတိယ ၄ သင်း၊ အုပ်စု တတိယနေရာရ အသင်း ၈ သင်းနဲ့  စတုတ္ထနေရာက အကောင်းဆုံး ၄ သင်းဟာ ၂၀၁၉ အာရှဖလားခြေစစ်ပွဲ တတိယအဆင့် တက်မှာ ဖြစ်ပါတယ်။
ကျန် စတုတ္ထနေရာရ ၄ သင်းနဲ့ အုပ်စုနောက်ဆုံးနေရာရ ၈ သင်းတို့ကတော့ အာရှဖလားခြေစစ်ပွဲ တတိယအဆင့်တက်ဖို့ ရှုံးထွက်ပွဲ ကစားရမှာ ဖြစ်ပါတယ်။
DVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template