နယူးဇီလန်မှာ ကျင်းပနေတဲ့ ယူ ၂၀ ကမ္ဘာ့ဖလား နောက်ဆုံးဗိုလ်လုပွဲအဖြစ် ဒီနေ့ ယှဉ်ပြိုင်ကစားရာမှာ ဆားဘီးယားအသင်းက ဘရာဇီးအသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။
ပထမပိုင်းမှာ တဖက်နဲ့ တဖက် ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ ဒုတိယပိုင်းကစားပြီး ပွဲချိန် မိနစ် ၇၀ မှာ ဆားဘီယားအသင်းရဲ့ ကစားသမား Mandic က ဦးဆောင်ဂိုးကို သွားယူခဲ့ပါတယ်။ ဒီနောက် ၇၃ မိနစ်မှာ ဘရာဇီးအသင်းအတွက် Pereira က ချေပဂိုး ပြန်လည်သွင်းယူခဲ့တာပါ။
ပွဲစဉ်ပြီးဆုံးချိန်ထိ ၁-၁ ဂိုးနဲ့ သရေကျနေလို့ အချိန်ပိုကစားရာမှာ ဆားဘီးယားအသင်းအတွက် အနိုင်ဂိုးကို ပွဲချိန် ၁၁၈ မိနစ်မှာ Maksimoviင က သွင်းယူခဲ့ပါတယ်။
တတိယနေရာလုပွဲမှာတော့ မာလီအသင်းက ဆီနီဂေါအသင်းကို ၃-၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။
DVB