Headlines News :
Home » » မိုးမမှန်၍ ထားဝယ်တွင် လယ်စိုက်ရန် အခက်ကြုံ

မိုးမမှန်၍ ထားဝယ်တွင် လယ်စိုက်ရန် အခက်ကြုံ

Written By Live100 on Saturday, June 20, 2015 | 8:34 PM



ထားဝယ်မြို့နယ်အတွင်းရှိ လယ်ယာ လုပ်ငန်းခွင် တစ်နေရာ
ဓာတ်ပုံ - အောင်သူ / Dawei Watch
|Dawei Watch| ထားဝယ်၊ ဇွန် ၂၀
ထားဝယ်ခရိုင်အတွင်း မိုးအ၀င်တွင် ရက်ပိုင်းမျှ မိုးရွာသွန်းပြီးနောက် ထပ်မရွာတော့သည့်အတွက် စပါးစိုက်ပျိုးရန် အခက်တွေ့ နေကြောင်း ထားဝယ်ဒေသမှ တောင်သူလယ်သမားများက ပြောသည်။
နှစ်စဉ် နယုန်လဆန်းတွင် လယ်ယာလုပ်ငန်းခွင်ဝင်ရန် ပြင်ဆင်၍ နယုန်လပြည့်ကျော်တွင် စပါး စိုက်ပျိုးလေ့ရှိသော်လည်း ယခုနှစ်တွင် မိုးရေမရသောကြောင့် ၀ါဆိုလ ရောက်သည်အထိပင် စပါးစိုက်ပျိုး၍ မစိုက်ရသေးဟု အထက်ပါ လယ်သမားများက ပြောသည်။
ထို့ကြောင့် ပုံမှန်ထက် စပါးစိုက် နောက်ကျမည်ဖြစ်၍ သက်ကြီးစပါး စိုက်ပျိုးမည်အစား လယ်သမား အများစုမှ သက်လတ်( လယ်သမားများအခေါ် သက်လယ် စပါး)စပါးများကို စိုက်ပျိုးရန် ပြင်ဆင်နေကြသည်ဟု သိရသည်။
“ဒီလိုမျိုး ဖြစ်တာမကြုံဖူးဘူး၊ ထယ်လှန်(မြေလှန်)ပြီး မိုးမရွာလို့ ပျိုးခင်းထောင် မရ၊ စပါးစိုက်မရ ဖြစ်နေတယ်” ဟု သက်လတ် စပါးမျိုးစိုက်ပျိုးရန် ပြင်ဆင်ထားသော လယ်ဧက ၂၀ ကျော်ပိုင်ရှင်တစ်ဦးဖြစ်သူ ထားဝယ်ဒေသခံ ဦး မောင်အေးက ဆိုသည်။
သက်ကြီးစပါးများမှာ ရေလွှမ်းမှု ဒဏ်ကို ခံနိုင်ပြီး သက်လတ် စပါးများမှာ မိုးနည်းသည့် အချိန်တွင် စိုက်ပျိုးသည့် စပါးဖြစ်သည်ဟု သိရသည်။
သို့သော် တချို့လယ်သမားများမှာ နောက်လများတွင် မိုးကောင်းနိုင်သည်ဟု ခန့်မှန်းပြီး သက်ကြီးစပါးကိုသာ စိုက်ပျိုးမည်ဟု ပြေသည်။
“ဒီနှစ်က လထပ်နှစ်ဖြစ်လို့ နောက်ပိုင်း မိုးကောင်းမယ်လို့ မှန်းထားတယ်။ ဒါကြောင့် သက်ကြီးစပါးကိုပဲ စိုက်ပျိုးမယ်”ဟု ထား ၀ယ်မြို့၊ ကြက်စားပြင်ရပ်ကွက်မှ လယ် ၅ဧက ပိုင်ရှင် ဦးအောင်ကျော်မိုးက ပြောသည်။
သက်ကြီး၊ သက်လတ်၊ သက်ငယ်စပါးမျိုးများကို မိုးရွာသွန်းမှုအပေါ် မူတည်ပြီး ရွှေးချယ်စိုက်ပျိုးခြင်ဖြစ်ကာ စပါးအထွက်နှုန်း ကွာဟမှု မရှိဟု အထက်ပါ လယ်သမားများက ပြောသည်။
သက်ကြီးစပါးမျိုး၏ သက်တမ်းမှာ လေးလကျော်ရှိပြီး၊ သက်လတ်စပါးမျိုးမှာ သုံးလခွဲမှ လေးလအကြား၊ သက်ငယ် စပါးမျိုးမှာ သုံးလခန့် သက်တမ်းရှိသည်ဟု လယ်သမားများထံမှ သိရသည်။
စပါးမျိုး ၃ခုရှိသည်အနက်မှ သက်ကြီးစပါးမျိုးနှင့် သက်လတ်စပါးမျိုးကို မိုးရာသီတွင် စိုက်ပျိုးကြပြီး နွေရာသီတွင် သက်ငယ် စပါးမျိုးကို ရေသွင်းကာ စိုက်ပျိုးကြသည်ဟု သိရသည်။

Dawei Watch
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template