Headlines News :
Home » » မြိတ်ခရိုင်မဲစာရင်းတွင် မှတ်ပုံတင်အပါအ၀င် ၅ ချက် မပါသူ ၉ သောင်း ကျော်ရှိ

မြိတ်ခရိုင်မဲစာရင်းတွင် မှတ်ပုံတင်အပါအ၀င် ၅ ချက် မပါသူ ၉ သောင်း ကျော်ရှိ

Written By Live100 on Wednesday, June 17, 2015 | 10:34 PM


 မြိတ်မြို့ပေါ် ရပ်ကွက်တစ်ခုတွင် မဲစာရင်း ကြည့်နေစဉ် ဓာတ်ပုံ - ဇော်ဇော် / Dawei Watch

|Dawei Watch| မြိတ်၊ ဇွန် ၁၆
မြိတ်ခရိုင်အတွင်း ဇွန်လ ၈ ရက်နေ့မှစပြီး မဲစာရင်း စတင်ကြေညာသည့် မဲစာရင်းများတွင် မှတ်ပုံတင်အပါအဝင် အချက်(၅)ချက် မပါသူ ဦးရေ ၉ သောင်းကျော် အထိရှိနေကြာင်း မြိတ်ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အရာရှိ လက်ထောက် ညွှန်ကြားရေးမှူး ဦးလှိုင်ဘွားထံမှ သိရသည်။
ယင်းအချက် (၅)ချက်တွင် မှတ်ပုံတင် မရှိသူ၊ နေရပ်လိပ်စာ မပါသူ၊ အဖေနာမည်မပါသူ၊ အမိနာမည်မပါသူနှင့် မွေးသက္ကရာဇ် မပါသူတွေဖြစ်ကြောင်း ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
“အများဆုံးကတော့ မှတ်ပုံတင် ပျောက်နေတာနဲ့ နံပါတ် မသိသူတွေပါ၊ မှတ်ပုံတင် မလုပ်ရသေးသူက နည်းတယ်” ဟု လက်ထောက် ညွှန်ကြားရေးမှူး ဦးလှိုင်ဘွားက ပြောသည်။
အချက်(၅)မပါ သူအများဆုံးမှာ မြိတ်မြို့မှ ဖြစ်ပြီး လူဦးရေ ၃၃၀၀၀ နှင့် အနည်းဆုံးက တနင်္သာရီမြို့နယ်မှ ၁၁၇၀၀ ဦး ဖြစ်ကြောင်း ဦလှိုင်ဘွားက ပြောသည်။
“မဲစာရင်းမှာ နာမည်တော့ ပါနေတယ်။ မှတ်ပုံတင် မရှိတော့ နံပါတ် မပါဘူး ဖြစ်နေတယ်”ဟု အောင်မင်္ဂလာရပ်ကွက်နေ အသက် (၄၀)ရှိ အမျိုးသမီးတစ်ဦးက ပြောပြသည်။
ယင်းသို့ အချက် ၅ ချက် မပါသူများကို မဲပေးနိုင်ရန်အတွက် ရပ်/ကျေး အထောက်အကူပြု အဖွဲ့များ၏ ထောက်ခံမှု သို့မဟုတ် အုပ်ချုပ်ရေးမှူးများ၏ ထောက်ခံမှုဖြင့် မဲပေးနိုင်ရန် စီစဉ်သွားမည်ဖြစ်ပြီး လက်ရှိအချိန်အထိ မည်သို့ လုပ်ဆောင်ပေးမည်ကို အတိအကျ မသိမပြောနိုင်သေးဟု ဦးလှိုင်ဘွားက ပြောသည်။
မြိတ်ခရိုင်အတွင်းတွင် မဲပေးပိုင်ခွင့်ရှိသူ ဦးရေ  မြိတ်မြို့မှ ၁၃၉၇၀၅ ဦး၊ ကျွန်းစုမြို့နယ်မှ ၈၄၇၆၈ ဦး၊ ပုလောမြို့နယ်မှ ၈၃၈၄၁ ဦး၊ တနင်္သာရီမြို့နယ်မှ ၅၃၆၂၅ ဦး စုစုပေါင်း ၃၆၁၉၃၉ ဦးရှိကြောင်း ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
အဆိုပါ အခြေခံမဲဆန္ဒရှင် စာရင်းများကို ဇွန်လ ၈ ရက်နေ့မှ ၂၁ ရက်နေ့အထိ ၁၄ ရက် တိုင်တိုင် ရပ်/ကျေး ကော်မရှင် အဖွဲ့ခွဲ ရုံးများနှင့် တချို့ရပ်ကွက်ကြီးများတွင် တစ်ရပ်ကွက်ချင်း အလိုက် ကြေညာပေးထားမည်ဖြစ်ကြောင်း  မြိတ်ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
Dawei Watch
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template