ဇွန်လ ၁၅ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ ကမ္ဘာ့ဖလား အမျိုးသမီးပြိုင်ပွဲ
အုပ်စု ဘီ တတိယ ပွဲစဉ်တွေမှာ ဂျာမနီက ထိုင်းကို ၄ ဂိုး ဂိုးမရှိနဲ့
အနိုင်ရသွားပါတယ်။
ဂျာမနီအမျိုးသမီးအသင်းအတွက် အနိုင်ဂိုးတွေကို ပထမပိုင်းမှာ ၁ လုံးနဲ့ ဒုတိယပိုင်းမှာ ၃ လုံး သွင်းယူပါတယ်။
ဒီပွဲမှာ ဂျာမနီက ဘောလုံးပိုင်ဆိုင်မှု ၆၅ ရာခိုင်နှုန်းအထိ
ရှိခဲ့ပြီး ထိုးဖောက် ကန်သွင်းခွင့် အကြိမ်ရေ ၃၆ ကြိမ်အထိ ရှိခဲ့ပါတယ်။
ထိုင်းအမျိုးသမီးအသင်းကတော့ ဂျာမနီဘက်ကို ထိထိရောက်ရောက် ထိုးဖောက်နိုင်ခြင်း မရှိပါဘူး။
ဒီပွဲရှုံးလို့ ထိုင်းအမျိုးသမီးအသင်းဟာ အုပ်စုတွင်းမှာ ၁ ပွဲနိုင် ၁ ပွဲရှုံးနဲ့ အုပ်စုအဆင့်ကနေ လှည့်ပြန်ရပြီ ဖြစ်ပါတယ်။
အုပ်စု ဘီ အခြားပွဲစဉ်မှာ နော်ဝေက အိုင်ဗရီကို့စ်ကို ၃-၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
အုပ်စု ဘီမှာ ဂျာမနီက ရမှတ် ၇ မှတ်နဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပြီး
နော်ဝေကလည်း ၇ မှတ်နဲ့ ဒုတိယ၊ ထိုင်းက ၃ မှတ်နဲ့ တတိယနေရာမှာ
ရပ်တည်နေပါတယ်။
ထိုင်းအသင်းဟာ အုပ်စုတွင်းမှာ အိုင်ဗရီကို့စ်ကို အနိုင်ရထားတာ ဖြစ်ပါတယ်။