ဆာနား ၊ ၁၇-၆-၂၀၁၅
ဆော်ဒီ တိုက်လေယာဉ် များသည် တားမြစ်ထားသည့် လူအမြောက်အမြား ကို
သေစေနိုင်သော Cluster Bomb ဗုံးစကြာ (ခေါ်) ပဒေသာဗုံး များကို အသုံးပြု၍
ယီမင်နိုင်ငံရှိ ပြည်နယ်နှစ်ခု အတွင်းသို့ လေကြောင်းမှ တစ်ဆင့်
တိုက်ခိုက်ခဲ့ကြောင်း Press TV သတင်းဌာန က ယမန်နေ့တွင် သတင်း
ထုတ်ပြန်ခဲ့သည်။
ဆော်ဒီ ဦးဆောင်သည့် အဆိုပါ တိုက်လေယာဉ် များသည် ဟဂျာပြည်နယ် အနောက်
မြောက်ပိုင်း ဟာရာဒက်ရှက်မြို့ အတွင်းသို့ ဇွန် ၁၅ ရက်က လေကြောင်းမှ
တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ယင်း တိုက်ခိုက်မှု အတွင်း ဒေသခံငါးဦး
သေဆုံးပြီး ၁ဝ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း ထုတ်ပြန်ချက် အရ သိရသည်။
ထို့ပြင် အဆိုပါ တိုက်လေယာဉ် များသည် ဟာဒီဒါပြည်နယ် တာအီဇ်မြို့
တစ်ဝန်းသို့ လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ အမျိုးသမီး လေးဦး နှင့်
ကလေးငယ်များ အပါအဝင် လူ ၁၂ ဦးခန့် သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိ
ခဲ့ကြောင်း သိရသည်။
အဆိုပါ ဗုံးကြဲ တိုက်ခိုက်မှု များသည် ယီမင်နိုင်ငံ အတွင်းရှိ
သွေးချောင်းစီး တိုက်ခိုက်မှု များကို အဆုံးသတ် နိုင်ရေးအတွက်
နည်းလမ်းသစ်များ ရှာဖွေရန် ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာမြို့တွင် ကုလသမဂ္ဂ
အဖွဲ့က ဦးဆောင်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ကျင်းပနေစဉ်
ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
PyiChitThar