Headlines News :
Home » » ၂၀၁၆ ထိ ရုရှားကို ဒဏ်ခတ်ပိတ်ဆို့ဖို့ အီးယူဆုံးဖြတ်

၂၀၁၆ ထိ ရုရှားကို ဒဏ်ခတ်ပိတ်ဆို့ဖို့ အီးယူဆုံးဖြတ်

Written By Live100 on Thursday, June 18, 2015 | 3:02 PM


ယူကရိန်းအရှေ့ပိုင်းမှာ မငြိမ်မသက်မှု ဆက်ဖြစ်နေ (Credit: Reuters)
ယူကရိန်း ​အရေးမှာ ​ရုရှားပါဝင်တယ် ​ဆိုပြီး ​ဥရောပ ​သမဂ္ဂ ​အီးယူက ​ရုရှားအပေါ် ​ဒဏ်ခတ်ပိတ်ဆို့ထားပြီး ​၂၀၁၆ ​ဇန်နဝါရီလ ​အထိ ​ဆက်လက်ချမှတ်ဖို့ ​အီးယူအဖွဲ့ဝင်တွေက ​သဘောတူခဲ့ကြပါတယ်။

အီးယူအဖွဲ့ဝင် ​နိုင်ငံပေါင်း ​၂၈ ​နိုင်ငံက ​သံအမတ်တွေ ​စုပေါင်းတွေ့ဆုံပြီးနောက် ​ရုရှားအပေါ် ​ဒဏ်ခတ်ပိတ်ဆို့မှု ​ဆက်လုပ်ဖို့ ​သဘောတူခဲ့ကြတာပါ။

အဲဒီ ​သဘောတူညီချက်ကို ​အီးယူ ​နိုင်ငံခြားရေး ​ဝန်ကြီးတွေက ​လာမယ့် ​တစ်ပါတ်မှာ ​တွေ့ဆုံဖို့ရှိပြီး ​အဲဒီမှာ ​အပြီးသတ် ​လုပ်ဆောင်မှာ ​ဖြစ်ပါတယ်။

မနေ့တုန်းကပဲ ​အနောက်အုပ်စု ​နေတိုးအဖွဲ့အနေနဲ့ ​တပ်နေရာ ​ချထားမှုတွေ ​ပိုလုပ်မယ်လို့ ​ပြောပါတယ်။

ရုရှား ​သမ္မတက ​သူတို့ရဲ့ ​လက်နက်တိုက်ထဲကို ​ပဲ့ထိန်းဒုံးပေါင်း ​၄၀ ​ထည့်သွင်းမယ်လို့ ​ပြောဆိုပြီးနောက် ​နေတိုးအဖွဲ့က ​အဲလို ​ပြောဆိုလိုက်တာပါ။

ရုရှားက ​ယူကရိန်းအရှေ့ပိုင်းမှာ ​ကွဲပြဲမှုတွေ ​ဖြစ်အောင် ​လုပ်ဆောင်နေတဲ့အပေါ် ​ကာကွယ်ဖို့ ​လိုအပ်တဲ့အတွက် ​တပ်နေရာ ​တိုးထားတာလို့ ​ဆိုပါတယ်။

ရုရှားကတော့ ​သူတို့နယ်နဲ့ ​နီးတဲ့ ​နေရာကို ​နေတိုးရောက်လာတာ ​ဖြစ်ပြီး ​သူတို့က ​နေတိုးဆီ ​သွားပြီး ​ရန်စနေတာ ​မဟုတ်ဘူးလို့ ​တုန့်ပြန်ထားပါတယ်။

ယူကရိန်းနိုင်ငံ ​ကွဲပြားအောင် ​ရုရှားက ​ယူကရိန်းသူပုန်တွေကို ​စစ်အင်အားတွေ၊ ​လက်နက်တွေ ​ကူညီတယ်လို့ ​အနောက်တိုင်းနိုင်ငံက ​ယုံကြည်တဲ့အတွက် ​ရုရှားအပေါ် ​ဒဏ်ခတ်ပိတ်ဆို့ထားတာ ​ဖြစ်ပါတယ်။

ABC Radio Australia
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template