Headlines News :
Home » » ကမ္ဘာ့ဖလား ခြေစစ်ပွဲ မြန်မာနှင့် တောင်ကိုရီးယား ဘန်ကောက်တွင် ယှဉ်ပြိုင်မည်

ကမ္ဘာ့ဖလား ခြေစစ်ပွဲ မြန်မာနှင့် တောင်ကိုရီးယား ဘန်ကောက်တွင် ယှဉ်ပြိုင်မည်

Written By Live100 on Tuesday, June 16, 2015 | 12:51 PM


ရုရှားနိုင်ငံမှာ ကျင်းပမယ့် ၂၀၁၈ ကမ္ဘာ့ဖလားဘောလုံး ခြေစစ်ပွဲစဉ်အဖြစ် မြန်မာ့ လက်ရွေးစင်အသင်းနဲ့ တောင်ကိုရီးယား လက်ရွေးစင်အသင်းတို့ ဒီကနေ့ ဇွန် ၁၆ ရက် မြန်မာစံတော်ချိန် ညနေ ၆း၃၀ မှာ ထိုင်းနိုင်ငံ ဘန်ကောက်ရှိ ရာဇမင်္ဂလာ အားကစားကွင်းကြီးမှာ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
မြန်မာ့လက်ရွေးစင်အသင်းအတွက် ဒုတိယ ခြေစစ်ပွဲဖြစ်ပြီး ဇွန် ၁၁ ရက်နေ့က ပထမပွဲစဉ်အဖြစ် လာအိုအသင်းနဲ့ ကစားခဲ့ရာ ၂ ဂိုးစီ သရေကျခဲ့ပါတယ်။
၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲဝင် မြန်မာအသင်းဟာ အုပ်စု ဂျီမှာ တောင်ကိုရီးယား၊ ကူဝိတ်၊ လက်ဘနွန်၊ လာအိုတို့နဲ့ ကျရောက်နေပြီး အုပ်စုပွဲစဉ်တွေကို အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စနစ်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က မြန်မာကို အိမ်ကွင်းကျင်းပခွင့် ပိတ်ပင်ထားတဲ့အတွက် ဘန်ကောက်မှာ မြန်မာက အိမ်ကွင်းအဖြစ် ယှဉ်ပြိုင်ကစားရတာ ဖြစ်ပါတယ်။
မြန်မာနဲ့ တောင်ကိုရီးယား ပွဲကြို သတင်းစာရှင်းလင်းပွဲမှာတော့ မြန်မာအသင်း နည်းပြချုပ် အဗရာမိုဗစ်ခ်ျက “တောင်ကိုရီးယားနဲ့ပွဲက ကျနော်တို့ မြန်မာအသင်းအတွက် ခက်ခဲတဲ့ပွဲ ဖြစ်ပေမယ့် ကျနော်တို့ အစွမ်းကုန် ကြိုးစားမှာပါ။ ရလဒ်ကို ကြိုတင်ခန့်မှန်းဖို့တော့ မဖြစ်နိုင်ပါဘူး။ ခုလို ရလဒ်ခန့်မှန်းဖို့ မဖြစ်နိုင်ခြင်းဟာပဲ ကျေန်ာတို့တွေ ဘောလုံးပွဲတွေကို နှစ်သက်နေကြရတဲ့ အကြောင်းရင်းပါ။ ကျနော် တောင်ကိုရီးယား အသင်းအကြောင်း ကောင်းကောင်းသိပါတယ်။ ကစားသမား တဦးချင်းစီရဲ့ အကြောင်းတွေကို သိသလို အားသာချက်၊ အားနည်းချက်တွေကိုလည်း သိပါတယ်။ မြန်မာအသင်းရဲ့ အားသာချက်က ဘာလဲ ဆိုတာကိုတော့ ကျနော် ထုတ်ပြောမှာ မဟုတ်ပါဘူး။” လို့ ပြောပါတယ်။
မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် ခင်မောင်လွင်ကလည်း “ဒီပွဲအတွက် ကျနော်တို့ အသေအချာ ပြင်ဆင်နေပါတယ်။ ခက်ခဲမယ်ဆိုတာကို သေချာသိပေမယ့် အစွမ်းကုန် ကြိုးစားသွားမှာပါ။” လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောတဲ့အကြောင်း မြန်မာဘောလုံးအဖွဲ့ချုပ် လူမှုကွန်ရက်မှာ ပြောပါတယ်။
အခုအကြိမ်ဟာ ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားခြေစစ်ပွဲနဲ့ အာရှဖလား ခြေစစ်ပွဲကို ပေါင်းပြီးကျင်းပတာ ဖြစ်ပါတယ်။
အုပ်စု ဗိုလ် ၈ သင်းနဲ့ အုပ်စု အကောင်းဆုရ ဒုတိယ ၄ သင်းတို့ဟာ ၂၀၁၉ အာရှဖလား ခြေစစ်ပွဲအောင်ပြီး ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ တတိယအဆင့်တက်မှာ ဖြစ်ပါတယ်။
အုပ်စု အကောင်းဆုံးဒုတိယ ၄ သင်း၊ အုပ်စု တတိယနေရာရ အသင်း ၈ သင်း၊ အုပ်စု အကောင်းဆုံး စတုတ္ထနေရာရ ၄ သင်းဟာ ၂၀၁၉ အာရှဖလားခြေစစ်ပွဲ တတိယအဆင့်တက်မှာ ဖြစ်ပါတယ်။
ကျန် စတုတ္ထနေရာရ ၄ သင်းနဲ့ အုပ်စု နောက်ဆုံးနေရာရ ၈ သင်းတို့ဟာ  အာရှဖလားခြေစစ်ပွဲ တတိယအဆင့်တက်ဖို့ ရှုံးထွက်ပွဲ ကစားရမှာ ဖြစ်ပါတယ်။
ဓာတ်ပုံ – MFF
 11111128_567161420089341_7196341780847743134_n
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template