Headlines News :
Home » » တိုက်ပွဲတွေကြောင့် မိုးကောင်း-ဖားကန့်ကားလမ်း ပိတ်

တိုက်ပွဲတွေကြောင့် မိုးကောင်း-ဖားကန့်ကားလမ်း ပိတ်

Written By Live100 on Wednesday, June 17, 2015 | 9:59 PM

ကချင်ပြည်နယ် မိုးကောင်း-ဖားကန့် ကားလမ်းပေါ်မှာ အစိုးရ တပ်မတော်နဲ့ ကေအိုင်အေ ကချင် လွတ်မြောက်ရေး တပ်မတော် တပ်မဟာ -၂ လက်အောက်ခံ တပ်ရင်း ၆ တို့ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး မိုးကောင်းနဲ့ ဖားကန့် ကားလမ်းကို ပိတ်ထား လိုက်ပါတယ်။

မိုးကောင်း-ဖားကန့်ကားလမ်းပေါ် နန့်ဟိုင်ကျေးရွာနဲ့ နန့်ယားကျေးရွာတွေအနီးမှာ တိုက်ပွဲတွေ ဖြစ်ပွား နေတာဖြစ်ပြီး ယာဉ်အသွားအလာတွေကို ပိတ်ထားတယ် လို့ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်ဆွေမြင့်က ပြောပါတယ်။

"တိုက်ပွဲကတော့ မိုးကောင်းနဲ့ ဖားကန့်လမ်းက နန့်ဟိုင်ကြားမှာ ကြားနေတယ်ဗျ၊ ဖြတ်သန်းသွားလာနေတဲ့ ကားတွေကိုပိတ်ပြီး၊ ဖြတ်သန်းခွင့်မပြုဘူး၊ မြို့ထဲ မှာတော့ ကျနော်တို့ သတိနဲ့သွားလာနေရတယ်"

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာနဲ့ ၁၀ မိုင်အကွာ နမ့်ကျန်ခူးချောင်းဖျားအနီး ကေအိုင်အေတပ်ရင်း ၆ နဲ့ အစိုးရတပ်မတော် စကခ-၇ လက်အောက်ခံတပ်တွေနဲ့ ပြီးခဲ့တဲ့ ၂ရက်လောက်ကစလို့ တိုက်ပွဲဖြစ်ပွားနေတာပါ။

ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်းကလည်း ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ တာဝန်နဲ့ ရောက်ရှိနေတဲ့ ကချင်ပြည်နယ်အစိုးရဝန်ကြီးတစ်ဦးကို ကေအိုင်အေ တပ်သားတွေက ဖမ်းဆီးရာကနေအစိုးရနဲ့ ကေအိုင်အေတပ်တွေအကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပါသေးတယ်။

RFA Burmese
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template