Headlines News :
Home » » အငြင်းပွားဖွယ်ပါတီရန်ပုံငွေရှာဖွေခြင်းကိစ္စကို ဦးဥာဏ်ဝင်း နဲ့ ဦးသိန်းညွန့်ဆွေးနွေး

အငြင်းပွားဖွယ်ပါတီရန်ပုံငွေရှာဖွေခြင်းကိစ္စကို ဦးဥာဏ်ဝင်း နဲ့ ဦးသိန်းညွန့်ဆွေးနွေး

Written By လွင့်မောင်မောင် on Wednesday, May 1, 2013 | 12:42 PM

 
ဧပြီလ၂၆ ရက်နေ့က နေပြည်တော် တိုင်းဒေသကြီးပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ရုံး၌ ကျင်းပသော ၂၀၁၅ အကြိုညှိနှိုင်းတိုင်ပင်ဆွေးနွေးပွဲတွင် ရွေး ကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ကြမည့် ပါတီများနှင့် အရပ်ဘက် လူ့အဖွဲ့အစည်း များက အပြန်အလှန် ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲ၌ ဆွေးနွေး သည့်အချက်ငါးချက်တွင်နိုင်ငံရေးပါတီများ ငွေရေးကြေးရေးသုံးစွဲခြင်းသည် အငြင်း ပွားဖွယ်ရာများ ဖြစ်ပေါ်ခဲ့ကြောင်းလည်း ပါဝင်ကြောင်းသိရှိရသည်။ အဆိုပါ အငြင်း ပွားဖွယ်ရာ ကိစ္စများတွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ နိုင်ငံပိုင်ပစ္စည်းများ သုံးစွဲရယူခြင်း၊ နိုင်ငံခြားအထောက်အပံ့ ငွေကြေးများရယူသုံးစွဲခြင်း ကိစ္စရပ်များ တွင် မည်သည့်အချက်များအားရယူ သုံးစွဲသင့်၊ မသင့်အပေါ် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်း၊ အမျိုးသားဒီမိုကရေစီ ပါတီ သစ်မှ ဥက္ကဋ္ဌ ဦးသိန်းညွန့်တို့က အသီးသီး ရှင်းလင်းတင်ပြခဲ့ပါသည်။ လင်းပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဉာဏ် ၀င်းက““ကျွန်တော်တို့ ဘဏ္ဍာငွေရယူသုံး စွဲခြင်းနဲ့ ပတ်သက်ပြီးတော့ ပါတီရန်ပုံ ငွေဟာ ဥပဒေအတိုင်း ရယူသုံးစွဲခဲ့ပါ တယ်။ အထူးသဖြင့် နိုင်ငံခြားက လှူ ဒါန်းငွေ (သို့)ထောက်ပံ့ငွေရယူခြင်းလို့ ပြောလာကြတယ်။

တစ်ခါတစ်ရံမှာ ကျွန်တော်တို့နိုင်ငံရေးပါတီတွေမှာ ဆက် စပ်နေတဲ့လူမှုရေးအဖွဲ့အစည်းတွေ ရှိပါ တယ်။ အဲဒီလူမှုရေးအဖွဲ့အစည်းတွေက မိမိဖာသာမိမိ လူမှုရေး လုပ်ငန်းတွေ လုပ်ကြတယ်။ မိမိဖာသာမိမိ ရန်ပုံငွေ ရှာတယ်။ အထူးသဖြင့် ဒါမျိုးတွေရှိကြ ပါတယ်။ နာဂစ်လိုကိစ္စမျိုးတွေမှာ လူတွေ က သိပ်ဒုက္ခရောက်တယ်။ ထောက်ပံ့ဖို့ လိုတယ်။ စားဖို့လိုတယ်။ ရေမရှိဘူး၊ ဘာ လုပ်ရလဲဆိုတော့ ရန်ပုံငွေရှာတယ်။ ဒီရှာ တဲ့ငွေဟာ ပါတီရန်ပုံငွေလည်းမဟုတ်ဘူး။ ပါတီက ရယူသွယ်ဝိုက်တဲ့ရန်ပုံငွေလည်း မဟုတ်ဘူး။ အဲဒီဟာနဲ့ ပတ်သက်ပြီး တကယ့်အရေးကြီးတဲ့ နိုင်ငံရေးကိစ္စတွေ နိုင်ငံရေး ပါတီတွေက ဘာမှမလုပ်ဘဲ ထိုင်ကြည့်နေရုံပဲ ရှိတော့တယ်။ ထိုင် ကြည့်နေလို့ ဘယ်ဖြစ်ပါ့မလဲ။ လူသား ချင်းစာနာပြီး လုပ်ရမှာဖြစ်တယ်။

ကျွန် တော်တို့ပါတီတိုင်းဟာ ဘဏ္ဍာငွေရှာဖွေ ရေးကို ဘယ်လိုပုံစံနဲ့ လုပ်လုပ် ဘဏ္ဍာ ငွေကို စနစ်တကျ ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းရှိတယ်။ စာရင်းကျွမ်းကျင်တဲ့ လူတွေရဲ့ စနစ်တကျစီမံခန့်ခွဲနိုင်မှုအောက် မှာထားတယ်။ ကိစ္စတစ်ခုဖြစ်တိုင်း ဖြစ် တိုင်း ကျွန်တော်တို့ဘဏ္ဍာငွေကို ကြည့် ရမှာဖြစ်တယ်။ အောက်ခြေထိ ကြည့် နေရပါတယ်။ စာရင်းအင်းတတ်တဲ့လူ ခေါ်ပါ။ ကိုယ်မတတ်ရင်လည်း တတ် တဲ့လူကိုခေါ်တယ်။ စနစ်တကျထိန်းသိမ်း ထားပါတယ်။ ဒါမှလည်း လိုအပ်လို့ စစ် ဆေးတဲ့အခါမှာ ဒီဘဏ္ဍာငွေကို သုံးစွဲ တာမှန်တယ်၊ နိုင်ငံခြားငွေကိုသုံးစွဲတာ မှန်တယ်လို့ ကောက်ချက်ချကြပါတယ်။

အထူးသဖြင့် ကျွန်တော်တင်ပြလိုတာက ပါတီများဆိုတာလည်း ပါတီနဲ့ဆက်စပ်တဲ့ ကွန်ရက်အကွက်ကြီးတွေနဲ့ မတူဘူးဆို တာကိုပြောချင်ပါတယ်။ အဲဒီကွန်ရက် အဖွဲ့အစည်းတွေကို ပါတီရန်ပုံငွေထဲ ထည့်လို့မရဘူးဆိုတာကို ပြောချင်လို့။ ရရှိထားတဲ့ ငွေတွေရယ်၊ လှူဒါန်းတဲ့ ငွေ တွေရယ် စီးပွားရေးဆိုပြီးပြောလိုက်လို့ အကြီးအကျယ်မဟုတ်ပါဘူး။ ကျွန်တော် တို့ပါတီရုံးတိုင်းမှာ ရောင်းနေတဲ့ပစ္စည်း လေးတွေရှိပါတယ်။ အဲဒါကလည်း ပါတီ ရန်ပုံငွေပါပဲ””ဟု ဦးဉာဏ်ဝင်းက ရှင်းလင်း သွားသည်။
ဦးသိန်းညွန့်က ““လွန်ခဲ့တဲ့ ၂ နှစ် လောက်က နိုင်ငံခြားကပုဂိ္ဂုလ်များရယ်၊ နိုင်ငံကြီးတစ်ခုက ပုဂိ္ဂုလ်များရယ် ကျွန် တော်တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံရေးပါတီ လေးငါးခြောက်ခုလောက်က ပုဂိ္ဂုလ်တွေ လည်း ရှိပါတယ်။ အဲဒီတုန်းက ပြည်ခိုင် ဖြိုးပါတီလည်း ရန်ကုန်မှာရှိတယ်။ နိုင်ငံ ခြားသားက နိုင်ငံရေးပါတီတွေမှာ ခင်ဗျားတို့ နိုင်ငံရေးပါတီတွေမှာ ဟွန်း ကြီးကြီး ရှိရဲ့လားလို့မေးဖူးတယ်။ သူ ပြော ချင်တဲ့စကား ဟွန်းကြီးကြီးက ဘာကို ဆိုလိုတာလဲဆိုရင် ခင်ဗျားတို့မှာ ငွေ ကြေးရှိရဲ့လားလို့ မေးလာပါတယ်။ ပွင့် ပွင့်လင်းလင်းပြောရရင်ဗျာ ခင်ဗျားတို့ နိုင်ငံမှာ ခင်ဗျားတို့ပါတီတွေဟာ နိုင်ငံ ခြားအထောက်အပံ့ ရယူနိုင်တဲ့အဆင့် ရှိရဲ့လားလို့ မေးတာပဲ။

အဲဒီတော့ ကျွန် တော်က နိုင်ငံခြားသားကို တိုးတိုးလေး ပြန်ပြောလိုက်ပါတယ်။ ကျွန်တော်တို့ ပါတီနိုင်ငံရေးမှာ တကယ်နိုင်ငံရေးလုပ် တဲ့သူဆိုရင်၊ တိုင်းပြည်အတွက် တကယ် လုပ်တဲ့သူကို တိုင်းပြည်က ပြန်ကြည့် ပါတယ်။ အဲဒါကို သူတို့က ကဲ့ရဲ့ကြ တယ်ဗျ။ ဘာပဲဖြစ်ဖြစ် နိုင်ငံရေးပါတီရန်ပုံ ငွေကိစ္စပြောရင်းနဲ့ နိုင်ငံခြားထောက်ပံ့ငွေ ရယူသုံးစွဲခြင်း နိုင်ငံပိုင်ပစ္စည်းတွေသုံးစွဲခြင်း ကိစ္စဆိုတာ အငြင်းပွားဖွယ်ရာကိစ္စလို့မြင် လို့လဲဒီစကားကျွန်တော်ပြောလိုက်တာပါ။ ကျွန်တော်တို့နိုင်ငံရေးမှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန် ထားတဲ့ ပုဒ်မ-၉ မှာ နိုင်ငံရေးပါတီတွေရဲ့ အဆုံးအဖြတ်ကိုပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က အပြီးအပြတ်ပေးနိုင်ဖို့ မရှိ သေးဘူးဗျ။ နိုင်ငံခြားရန်ပုံငွေ ရယူသုံးစွဲ ရေးကိစ္စနိုင်ငံပိုင်ငွေကြေး သုံးစွဲခြင်းကိစ်္စ တွေ အတွက် ဘယ်လိုကိစ္စပဲဖြစ်ဖြစ်အတိ အကျ ဖွင့်ဆိုနိုင်ခွင့် ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင် ပြတ်ပြတ်သားသား လုပ်ခွင့်ရှိတယ်။

၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်ဆောင်ရွက်ပေးဖို့ လက်ရှိဥပဒေ အရမပြည့်စုံဘူးဆိုရင်လည်းလွှတ်တော်ကို ဥပဒေသစ်တင်ဖို့ကျွန်တော်တို့ထောက်ခံ ပြီးတော့၊ ရပ်တည်ပြီးတော့ လုပ်ကြရင် ကောင်းမှာပဲ။ နိုင်ငံခြားငွေကိစ္စလို့ပြော တဲ့အခါမှာ ဒါဟာခပ်ပေါ့ပေါ့စဉ်းစားလို့မရ ပါဘူး။ ကျွန်တော်တို့ရဲ့လက်တွေ့သမိုင်းမှာ တစ်ချိန်တုန်းက ဗကပနဲ့ ရင်ဆိုင်တဲ့အခါ မှာ တစ်ဖက်နိုင်ငံကြီးက စစ်ရေးအကူ အညီရော၊ လူမှုရေး အကူအညရော၊ ငွေရေးကြေးရေးအကူအညီရော လူအကူ အညီရောရှိခဲ့ဖူးတယ်။ ဒါဟာ နှောင်ကြိုး တွေပဲ။ အခုလည်း ဘာပဲဖြစ်ဖြစ် နိုင်ငံ ရေးအပေါ်မူတည်ပြီးတော့ ငွေရေးကြေး ရေးတွေ ထောက်ပံ့၊ ဒီနိုင်ငံကသူ့အကျိုး စီးပွားအတွက်နဲ့ ပတ်သက်ပြီး ဗမာပြည် အစိုးရအဆက်ဆက်ပေါ်မှာတဖြည်းဖြည်း ထောက်ပံ့ခြင်း၊ တစ်ချိန်တည်းမှာတစ်ဖက် ကိုဖိအားပေးခြင်းလုပ်ခဲ့တာ ရှိပါတယ်။

အဲဒီတော့ ဒီကိစ္စတွေကို ကျွန်တော်တို့က ပါတီနဲ့မဆိုင်ဘူး။ တို့ကွန်ရက်နဲ့ ဆိုင် တာပဲဆိုပြီး ငွေကြေးထောက်ပံ့တာ၊လက်ခံ တာရှိနေပါတယ်။ သွယ်ဝိုက်ပေး ခြင်းဆိုတဲ့ ဥပဒေပြဋ္ဌာန်းချက်မှာ အဓိပ္ပာယ်ဖွင့်ဆိုပြီး သားပါ။ ၂၀၁၅ ရွေးကောက်ပွဲ လွတ်လပ် ပြီးတရားမျှတမှုအတွက်ပြင်ဆင်မယ်ဆိုရင် နိုင်ငံရေးအရလွတ်လပ်တဲ့ နိုင်ငံစီးပွားရေး အရလွတ်လပ်တဲ့ နိုင်ငံအဖြစ် အဓွန့်ရှည်ဖို့ လိုအပ်ပါတယ်။ နိုင်ငံခြားငွေထောက်ပံ့မှု တိုက်ရိုက်သော်လည်းကောင်း၊သွယ်ဝိုက်၍ သော်လည်းကောင်းကိစ္စမှာပြတ်ပြတ်သား သားကိုင်တွယ်ဖို့ ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်ကိုတိုက်တွန်းချင်ပါ တယ်။ လွှတ်တော်မှာလည်း လိုအပ်တဲ့ ဥပဒေနည်းဥပဒေတစ်ရပ်အဖြစ်ထောက်ခံ ပေးပါ့မယ်။

အကယ်၍ကော်မရှင်ကမလုပ် ဘူးဆိုရင် ကျွန်တော်တို့ကတော့လုပ်ရမှာ ဖြစ်တယ်””ဟု ဦးသိန်းညွန့်က တိုက်တွန်း လိုက်ကြောင်းသိရှိရသည်။ ၎င်းပါတီများ နိုင်ငံပိုင်ပစ္စည်းရယူသုံးစွဲခြင်းကိစ္စ ငွေရေး ကြေးရေးရယူသုံးစွဲခြင်းနှင့် ပတ်သက်၍ တိကျရေရာတဲ့ အဖြေတစ်ခုအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးတင်အေးကလည်းဆောင်ရွက်သွား မည်ဖြစ်ကြောင်းလည်း သိရှိရသည်။

စိုးဝင်းနိုင်
Hot News Weekly
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template