Headlines News :
Home » » လက်ပံတောင်း အရေး ကူညီသူများကို ဖမ်းဝရမ်းထုတ်ကာ လက်ခံထားသူများကိုလဲ အရေးယူမည် ဆိုလို့ ရွာသား ၅၀၀ သွားရောက် အဖမ်း ခံရာ ရဲက ဖမ်းလို့မရ ဟုပြောပြန်

လက်ပံတောင်း အရေး ကူညီသူများကို ဖမ်းဝရမ်းထုတ်ကာ လက်ခံထားသူများကိုလဲ အရေးယူမည် ဆိုလို့ ရွာသား ၅၀၀ သွားရောက် အဖမ်း ခံရာ ရဲက ဖမ်းလို့မရ ဟုပြောပြန်

Written By လွင့်မောင်မောင် on Tuesday, April 30, 2013 | 3:23 PM


စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့က လက်ပတောင်း အရေး ကူညီဆောင် ရွက်ပေးနေသော ကိုဟန်ဝင်း အောင် ပါ ၈ ဦးကို ဒေသခံများကို သွေးထိုးလှုံ့ဆော်သည်ဆိုကာ အမှုပေါင်း ၆၆ မှု ဖွင့်လှစ်ထား ပြီး ဖမ်းဝရမ်း ထုတ်ကာ လက်ခံထားသူများ နှင့်သတင်းပေးရန် ပျက်ကွက်သူများ ကိုလည်း ရာဇသတ်ကြီးပုဒ်မ၁၇၆ နှင့် ပုဒ်မ ၂၁၂ တို့ဖြင့် အရေး ယူမည်ဖြစ်ကြောင်း ကြေငြာချက် ထုတ်ပြန် ခဲ့သဖြင့် ရွာသူရွာသား ၅၀၀ ခန့်က ယနေ့သွားရောက် အဖမ်း ခံခဲ့ရာ ရဲက လက်မခံ ခဲ့ကြောင်း သွားရောက် အဖမ်းခံသူများကို ဦးဆောင်သူတဦး ဖြစ်သည့် တုံအလယ်တောရွာသူ မစန္ဒာ က Hot News သို့ပြောသည်
”ဒေသခံတွေကို ကူညီတဲ့သူတွေကို သူတို့က တယောက်ကို အမှု ၁ မှုကနေ ၁၈ မှု အထိ ဖွင့်ထားတယ် ဒေသခံတွေရဲ့ ဆန္ဒမပါဘူး ဒေသခံတွေ ကတိုင်ကြားတာမဟုတ်ဘူး လက်ခံထားသူတွေ ကိုဖမ်း မယ်ဆိုလို့ အခုလာအဖမ်းခံကြတာပါ ရွာသူရွာသားတွေ အကုန်လုံး အဖမ်း ခံကြမှာပါ အဲ့တာကို အခု ရဲ အရာရှိ ကိုရဲအောင်က မဖမ်းဘူး ဖမ်းခွင့်မရှိဘူးလို့ပြောနေတယ် သူက ကိုဟန်ဝင်းအောင်တို့ကိုပဲထုတ်ပေးပါ ဖွက်ထားလို့မရဘူး ဒီ ၈ ယောက် နဲ့ပဲညှိနှိုင်းယူမယ်ပြောတယ် ရဲစခန်းရှေ့မှာ ဒီလိုစုရုံး နေတာ နာရီဝက်ကျော်ရင် တရားစွဲမယ် လို့လဲပြောနေတယ် “ ဟုမစန္ဒာက ညနေ၃နာရီကျော် အချိန်က ညောင်ပင်ကြီး ရဲစခန်းရှေ့ တွင်အဖမ်းခံရန်စောင့်ဆိုင်းရင်း တယ်လီဖုန်းမှတဆင့်ပြောသည်
ဆည်တည်းရွာမှ ဦးဝင်းတင့်နှင့်တုံအလယ်တောရွာမှ မစန္ဒာ တို့ဦးဆောင်လာသော ရွာသူရွာသား ၅၀၀ ခန့်သည် နေ့လယ် ၂နာရီမှစတင်ကာ တုံရွာမှ ၀မ်ပေါင်ကုမဏီ သို့တရားဝင်ခွင့်ပြုမိန့်ဖြင့် လမ်းလျှောက်ဆန္ဒပြ ချီတက်လာရင်း ညောင်ပင်ကြီးရဲစခန်း ရှေ့အရောက်တွင် ယင်းသို့ဝင်ရောက် အဖမ်းခံခဲ့ခြင်းဖြစ်သည် ဆန္ဒပြရွာသူရွာသား ၅၀၀ ခန့်သည် ရဲကမဖမ်းသဖြင့် ၀မ်ပေါင် ကုမဏီ ဘက်သို့ ဆက်လက် လမ်းလျှောက် ဆန္ဒပြခဲ့ကာ ညနေ၅ နာရီကျော် အချိန်တွင် ညောင်ပင်ကြီး ရဲစခန်းသို့ ပြန်လည်လမ်းလျှောက်လာပြီး ထပ်မံအဖမ်းခံခဲ့ကြောင်းသိရသည်
”ဖမ်းဝရမ်းထုတ်တာရုတ်သိမ်း ပေးဖို့ပြောမယ် ဒေသခံတွေကိုကူညီနေတာ သူပုန်တွေလို ဆက်ကြေးကောက်နေတာ မဟုတ်ဘူး ဒေသခံတွေကိုကူညီနေသူတွေကို ခုလို ဖမ်းဝရမ်းထုတ်တာကို ဒေသခံတွေက လက်ပိုက်ကြည့်မနေနိုင်ဘူး အမှုရုပ်သိမ်းပေးဖို့ပြောမယ် မဖမ်းမချင်းမထဘူး ရဲစခန်းရှေ့မှာ အားလုံး ထိုင်နေမယ် “ ဟု မစန္ဒာက ထပ်မံအဖမ်းခံရန် ညောင်ပင်ကြီးရဲစခန်းသို့ သွားနေစဉ်တယ်လီဖုန်းမှတဆင့် ပြောသည်
ညနေ ၅ နာရီကျော် အချိန် တွင် ထပ်မံ အဖမ်းခံရန်ရောက်ရှိလာသည့် ရွာသူရွာသား ၅၀၀ ခန့်ကို ရဲက ဖမ်းဆီးခြင်း မပြုပဲ ဦးဆောင်လာသူ အချို့ ကို ဖိတ်ခေါ်ညှိနှိုင်း မှုများပြု လုပ်ခဲ့ပြီး ဧပြီ ၃၀ မနက်တွင် ဦးဆောင် သူ၂ ဦး လာရောက်ရန် ချိန်းဆိုခဲ့ရာ ဦးဆောင်သူများက ယင်းနေ့တွင် ဦးဆောင် သူများကိုသာ ဖမ်းဆီးခြင်း မပြုရန် ဂတိတောင်းခံခဲ့ပြီး မီဒီယာများ ကိုပါ လိုက်ပါခွင့်တောင်းခံခဲ့ရာ ရဲနှင့်သဘောတူညီမှုရရှိခဲ့ကြောင်း လက်ပတောင်းသို့ရောက်ရှိနေသော Hot News သတင်းထောက်ကပြောသည်
ရဲနှင့်သဘောတူညီမှုရသဖြင့် အဖမ်းခံရန် စောင့်ဆိုင်းနေသော ရွာသူရွာသား များသည် ညနေ ၆နာရီ ခွဲခန့်တွင် ပြန်လည်ထွက်ခွာသွားကြကြောင်းသိရသည်



လူထုမျိုးမြင့် ၊ ပြည်သူ့ညီညီအောင်http://www.hotnewsweekly.com/
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template