Headlines News :
Home » » "တရုတ်တိုက်ခိုက်ရေး ရဟတ်ယာဉ် 'ဝ'တပ်မတော်သို့ပေးပို့ခြင်းသတင်းမှာ မဟုတ်မှန်ဟုနှစ်ဖက်ငြင်းဆို"

"တရုတ်တိုက်ခိုက်ရေး ရဟတ်ယာဉ် 'ဝ'တပ်မတော်သို့ပေးပို့ခြင်းသတင်းမှာ မဟုတ်မှန်ဟုနှစ်ဖက်ငြင်းဆို"

Written By လွင့်မောင်မောင် on Thursday, May 2, 2013 | 2:59 PM

mi17-75.jpg
Add caption
  မေ- ၂
တရုတ်နိုင်ငံမှ 'ဝ'ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA) သို့ တိုက်ခိုက်ရေး ရဟတ် ယာဉ်များ ပေးပို့ခဲ့ ခြင်းမှာ မဟုတ်မှန်ကြောင်း 'ဝ'ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပြောရေးဆိုခွင့်ရှိသူ ဦးခင်မောင်ဦးက (UWSA) စစ်ဘက်ဆိုင် ရာတာဝန်ရှိသူများအား အတည်ပြုမေး မြန်းချက်အပေါ် အခြေခံ၍ ပြောကြား သည်။
''ဒါ မဖြစ်နိုင်ပါဘူး။ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ကျွန်တော် အထက်တာ ဝန်ရှိသူတွေ ကိုလည်း မေးမြန်း ပြီးပါပြီ'' ဟု ၎င်းက ပြောသည်။
တရုတ်မှ မြန်မာနိုင်ငံရှိ တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခု ဖြစ်သော (UWSA) သို့ TY 90 ဝေဟင် ပစ်ဒုံးကျည်လက်နက် တပ်ဆင်ထား သော Mi-17 အမျိုးအစားအလတ်စား သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်များ ကို ဖေဖော်ဝါရီလကုန်ပိုင်းနှင့် မတ်လ ဆန်းပိုင်းက လွှဲပြောင်းပေးခဲ့ကြောင်း Jane's Information Group က ထုတ် ဝေသော ane's Intelligence Review မဂ္ဂဇင်းတွင် ဧပြီလ ၂၉ ရက် ရက်စွဲဖြင့် ဖော်ပြထားသည်။ အဆိုပါအဖွဲ့သည် နိုင်ငံတကာလုံခြုံရေးဆိုင်ရာ သတင်း များ၊ ဖြစ်ပွားလျက်ရှိသော ပဋိပက္ခများ၊ လက်နက်ရောင်းဝယ်မှုဆိုင်ရာ သတင်း များကို စဉ်ဆက်မပြတ် ဖော်ထုတ်ရေး သားလျက်ရှိသော သတင်းအဖွဲ့အစည်း တစ်ခုဖြစ်ပြီး ၁၉၈၉ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သော အဖွဲ့အစည်းဖြစ် သည်။
''ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော် တို့ကိုယ်တိုင်လည်း ဘာမှမကြားထားပါ ဘူး''ဟု ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ် စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သူ က ပြောသည်။'ဝ'ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ် သော်လည်း ရှမ်းပြည်နယ်အစိုးရ၏အုပ် ချုပ်မှုလက်အောက်၌ပင် ရှိနေကြောင်း၊ သို့ရာတွင် တရုတ်နယ်စပ်နှင့်နီးစပ်လွန်း သောကြောင့် တရုတ်ဒေသဘ က်တွင် ဖြစ်ခြင်း ကို မြန်မာဘက်တွင် ဖြစ်ခြင်း သဘောမျိုး ယူမှတ်မှုမှားယွင်းပြီး ပြော ဆိုခြင်းလည်းဖြစ်နိုင်ကြောင်း ဦးခင်
မောင်ဦးက ပြောသည်။
ယင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက တရုတ်နိုင်ငံအ နေဖြင့် ကုလသမဂ္ဂ အဖွဲ့ ဝင်နိုင်ငံတစ်နိုင် ငံဖြစ်ခြင်းကြောင့် ကုလသမဂ္ဂကတားမြစ်ထားသော လက်နက်ရောင်းဝယ်မှု နှင့် ကုန်သွယ်ခွင့်ကို တိကျစွာလိုက်နာလျက်ရှိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် ချစ်ကြည် ရင်းနှီးမှုကို အခိုင်အမာတည်ဆောက်ထားကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံမှ မည်သည့်ပါတီ၊ အဖွဲ့အစည်းကိုမဆို ဘယ်သောအခါမျှ တရားမဝင်ဆက် သွယ်မှု လုပ်ဆောင်သွားမည်မဟုတ် ကြောင်း၊ ထွက်ပေါ်လာခဲ့သောသတင်းနှင့်ပတ်သက်၍ များစွာဝမ်းနည်းမိ ကြောင်း ထုတ်ပြန်ချက်တစ်ရပ်ကို သ တင်းထွက်ပေါ်ပြီး မကြာမီထုတ်ပြန်ခဲ့ သည်။သတင်းထွက်ပေါ်ခဲ့သော ရဟတ် ယာဉ်များ သည် မြန်မာနိုင်ငံသို့ တိုက် ရိုက်ရောက်ရှိလာခြင်းမဟုတ်ဘဲ လာအို နိုင်ငံမှတစ်ဆင့် မဲခေါင်မြစ် ကိုဖြတ်သန်း ပြီး 'ဝ'ထိန်းချုပ်ရေးနယ်မြေသို့ ရောက်ရှိ လာခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံမှ ငါး စင်းပေး ပို့ခြင်းဖြစ်ပြီး လက်ရှိတွင် နှစ် စင်းရောက်ရှိထားပြီးဖြစ်ကြောင်း မဂ္ဂဇင်း သတင်းတွင် ဖော်ပြထားသည်။

'ဝ'ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်သည် မြန်မာအစိုးရနှင့် ၂ဝ၁၁ ခုနှစ်တွင် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ပြန်လည်ရယူနိုင်ခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အ စည်းများအနက် အင်အားအကြီးဆုံး လက်နက်ကိုင်အဖွဲ့အစည်းတစ်ရပ်ဖြစ်ကာ မြန်မာနိုင်ငံမြောက်ပိုင်း ရှမ်းပြည် အ ရှေ့မြောက်ဒေသ တရုတ်-မြန်မာနယ် စပ် ပန်ဆိုင်းဒေသတွင်ဌာနချုပ်တည်ရှိသော အဖွဲ့အစည်း တစ်ခုဖြစ်သည်။
မဲခေါင်မြစ်ကိုဖြတ်သန်း ပြီး 'ဝ'ထိန်းချုပ်ရေးနယ်မြေသို့ ရောက်ရှိ လာခြင်းဖြစ် ကြောင်း၊ တရုတ်နိုင်ငံမှ ငါးစင်းပေးပို့ခြင်းဖြစ်ပြီး လက်ရှိတွင် နှစ်စင်းရောက် ရှိထားပြီးဖြစ်ကြောင်း မဂ္ဂဇင်း သတင်း တွင် ဖော်ပြ ထားသည်။
'ဝ'ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်သည် မြန်မာအစိုးရနှင့် ၂ဝ၁၁ ခုနှစ်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ပြန်လည်ရယူနိုင်ခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနက် အင်အား အကြီးဆုံးလက်နက်ကိုင်အဖွဲ့အစည်းတစ်ရပ်ဖြစ်ကာ မြန်မာနိုင်ငံမြောက်ပိုင်း ရှမ်းပြည်နယ် အရှေ့ မြောက်ဒေသ တရုတ်- မြန်မာနယ်စပ် ပန်ဆိုင်းဒေသတွင် ဌာနချုပ်တည်ရှိသော အဖွဲ့အစည်း တစ်ခုဖြစ်သည်။
From...Popular Myanmar News Journal
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template