Headlines News :
Home » » ပြည်သူတွေနစ်နာရင်ဒီဖုန်းတွေကိုတိုင်နိုင်ပြီ

ပြည်သူတွေနစ်နာရင်ဒီဖုန်းတွေကိုတိုင်နိုင်ပြီ

Written By လွင့်မောင်မောင် on Thursday, May 2, 2013 | 4:26 PM


ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြည်သူတို့ ၏ လုံခြုံရေးကို ကူညီဆောင်ရွက် ရန် ထူးခြားဖြစ်စဉ်သတင်းများ၊ ပြည်သူလူထု၏ နစ်နာချက်များ၊ ရဲတပ်ဖွဲ့များ၏ ဥပဒေဖြင့်မညီ သော ဆောင်ရွက်ချက်များ၊ လုပ် ပိုင်ခွင့်အလွဲသုံးစားပြုလုပ်မှုများ၊ အဂတိလိုက်စားမှုများနှင့်ပတ်သက် ၍ တိုင်ကြားနိုင် အရေးပေါ်ဖုန်း နံပါတ်များ တပ်ဆင်ပေးထား ကြောင်း သိရသည်။
အရေးပေါ်ဖုန်းအမှတ် ၁၉၉ ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာန ချုပ် နေပြည်တော်ရဲတပ်ဖွဲ့၊ ပြည် နယ်နှင့်တိုင်းဒေသကြီးနဲ့တပ်ဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီးရှိ ခရိုင် ရဲတပ်ဖွဲ့မှူးရုံးများ၊ ရှမ်းပြည်နယ် အမှတ်(၁)ရဲတပ်ဖွဲ့စခန်း၊ တောင် ကြီးမြို့ ဒုတိယပြည်နယ်ရဲတပ် ဖွဲ့မှူးရုံး၊ လားရှိုးမြို့နှင့် ကျိုင်းတုံ ရဲတပ်ဖွဲ့စခန်းတို့တွင် တပ်ဆင် ထားကြောင်း သိရသည်။
၎င်းပြင် ပြည်သူလူထု၏ နစ်နာချက်များ တိုင်ကြားနိုင် သော ဖုန်းနံပါတ်များမှာ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် ၀၆၇-၄၁၂၂၂၂ နှင့် ၀၆၇-၄၁၂၄၄၄၊ နေပြည်တော်ရဲတပ်ဖွဲ့ ၀၆၇-၅၅၀၃၃၃၊ ကချင်ပြည်နယ်ရဲတပ် ဖွဲ့ ၀၇၄-၂၁၄၄၄၊ ကရင်ပြည်နယ် ရဲတပ်ဖွဲ့ ၀၅၈-၂၃၃၅၅၊ စစ်ကိုင်း တိုင်း ၀၇၁-၂၄၉၉၆၊ တနင်္သာရီ တိုင်း ၀၅၉-၂၃၉၉၈၊ ပဲခူးတိုင်း ၀၅၂-၂၃၉၉၉၊ မကွေးတိုင်း ၀၆၃-၂၈၀၉၉၊ မန္တလေးတိုင်း ၀၂-၆၁၄၄၄၊ မွန်ပြည်နယ် ၀၅၇-၂၄၉၈၇၊ ရခိုင်ပြည်နယ် ၀၈၁-၂၁၂၅၄၅၅၊ ဧရာဝတီတိုင်း ၀၄၂-၂၃၈၄၄ တို့ကို ဆက်သွယ်တိုင် ကြားနိုင်ပြီး ၎င်းဖုန်းများသို့ ဆူပူ မှုနှောင့်ယှက်မှုများမပြုလုပ်ကြရန် လည်း မေတ္တာရပ်ခံထားကြောင်း သိရသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template