Headlines News :
Home » » အစိုးရတပ်၏ ရာဇသံကို DKBA ပယ်ချ

အစိုးရတပ်၏ ရာဇသံကို DKBA ပယ်ချ

Written By လွင့်မောင်မောင် on Saturday, May 4, 2013 | 10:07 AM

ယနေ့မြန်မာနယ်စပ်တနေရာတွင်တွေ့ရသည့်  DKBA မှ ဗိုလ်မှူးကြီးဆန်းအောင်၊ ဗိုလ်မှူးရှာထူးဝေါ် တို့နှင့် KNU/KNLAငြိမ်းကောင်စီမှ ဗိုလ်မှူးကြီးတိုက်ဂါး (ဓာတ်ပုံ-ပြည်တော်မြင့်/ဧရာဝတီ) 

ကလို့ထူးဘော DKBA တပ်များ ကရင်ပြည်နယ် ဟတ်ကြီးရေကာတာစီမံကိန်းဒေသမှ  မနက်ဖြန် စနေနေ့ကို နောက်ဆုံးထား၍ ထွက်ခွာပေးရန် မြန်မာ့တပ်မတော်က အကြောင်းကြားထားသည်။

ကချင်ဒေသ သေနတ်သံ တိတ်သွားချိန် ထွက်ပေါ်လာသော ဤရာဇသံကြောင့် အစိုးရတပ်တို့၏ ထိုးစစ်က ကရင်ပြည်နယ်ဘက် လှည့်လာတော့မည်လောဟု တွေးစရာ ဖြစ်နေသည်

DKBA ဗိုလ်မှူးကြီးဆန်းအောင် 
DKBA ဗိုလ်မှူးရှာထူးဝေါ်
ငြိမ်းချမ်းရေးဆက်လက် ထိန်းသိမ်းထားရန်မှာ သေနတ်ကိုင်ထားကြသည့် နှစ်ဘက်လုံးပေါ်တွင် မူတည်နေသည်။

အစိုးရတပ်၏ ရာဇသံကို DKBA ပယ်ချလိုက်ကြောင်း ကလို့ထူးဘော အခြေချ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဆန်းအောင်က ပြောသည်။

“ဒီနယ်မြေကကိုယ့်နေရာပဲ။ ဖယ်ပေးစရာအကြောင်းမရှိဘူး။ ဒီက ဖယ်ပေးလိုက်ရင် ထိုင်းဘက်ရောက်ဘိဖို့ပဲ ရှိတော့မယ်” ဟု  ဧရာဝတီသတင်းဌာနကို ယနေ့ နံနက်ပိုင်းက ပြောသည်။


“အတင်းအကြပ်ရွှေ့ခိုင်းမယ်ဆိုရင်တော့ ငြိမ်းချမ်းရေးရဲ့ဆိုးကျိုးကိုပဲ ဖြစ်စေမယ်” ဟု ဆိုသည်။
ဒီကေဘီအေသည် မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေး ပြုလုပ်ထားခြင်းဖြစ်သည့်အတွက် အောက်ခြေစစ်တပ်နှင့် စကားပြောရန်အကြောင်း လုံးဝ မရှိကြောင်း၊
မြောက်ကိုရီးယားနှင့် တရုတ်နိုင်ငံထုတ် လက်နက်များဖြင့် မိမိတို့ကို အကြမ်းဖက် တိုက်ခိုက်လာပါက ပြန်လည်ခုခံမည်ဟုလည်း  သူက ဖြည့်စွက်ပြောကြားသည်။

အစိုးရတပ်၏ ရာဇသံ လွန်ခဲ့သည့်ရက်ပိုင်းအတွင်းက မြိုင်ကြီးငူတွင် (ကရင်ပြည်နယ်)နယ်ခြားစောင့်တပ်နှင့် DKBA တို့ ဖြစ်ပွားခဲ့သည့် ၃ ရက်ကြာ တိုက်ပွဲ နှင့် ဆက်စပ်နေသည်ဟု
၎င်းတိုက်ပွဲတွင်ပါဝင်ခဲ့သည့် DKBA ဗိုလ်မှူးရှာထူးဝေါ်က ပြောသည်။

KNU/KNLAငြိမ်းချမ်းရေးကောင်စီမှ ဗိုလ်မှူးကြီးတိုက်ဂါး 

“ဒီတိုက်ပွဲဖြစ်တာလည်း သူတို့ရဲ့အကြံအစည်ပဲ။ ကျွန်တော်တို့ဘက်ကတော့ တပ်တွေကို ဖယ်ပေးစရာမရှိဘူး။ အရင်ကလည်းမြိုင်ကြီးငူကနေ
လက်ရှိနေရာကိုပြောင်လာခဲ့တာဘဲ ထပ်ပြီးဘယ်ကိုမှပြောင်းစရာမရှိတော့ဘူး” ဟု  ဗိုလ်မှူးရှာထူးဝေါ်က ပြောသည်။



  • ဒေသတွင်း တုံ့ပြန်ချက်တချို့

DKBA ကို တိုက်လျှင် လက်ပိုက်ကြည့် နေမည်မဟုတ်ဟု KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ ဗိုလ်မှူးကြီးတိုက်ဂါးက ဧရာဝတီသို့ ပြောသည်။

အစိုးရ၏ ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးအဖွဲ့အနေနှင့် လက်ရှိအခြေအနေများကို ၀င်ရောက်ထိန်းသိမ်းပေးရန်  DKBA အဖွဲ့က တောင်းဆိုလိုက်ပြီး ပြေလည်မှု မရပါက  ဆိုးကျိုးများသာဖြစ်ပေါ်စေမည်ဟု ပြောသည်။ 

  • ဟတ်ကြီးရေကာတာစီမံကိန်း

 DKBA တို့ တပ်စွဲထားသည့်နေရာသည် ဟတ်ကြီးရေကာတာ စီမံကိန်း နယ်မြေ အနီးတွင်ဖြစ်သည်။

ပြီးခဲ့သည့်နှစ်အတန်ကြာက အစပြုခဲ့သည့် ဟတ်ကြီးရေကာတာစီမံကိန်းသည် သံလွင်မြစ်နှင့် ဒေသဝန်းကျင်၏ သဘာဝကို ထိခိုက်ပျက်စီးစေသည်ဟု ဆိုကာ ဒေသခံ အများအပြားက ကန့်ကွက်နေကြသည်။

 စီမံကိန်းကို သဘောမတူသောကြောင့်လည်း DKBA က ထိုနေရာမှ ထွက်ခွာရန် ငြင်းဆန်နေခြင်းဖြစ်သည်ဟု ဆိုသည်။

“အများပြည်သူရဲ့ဆန္ဒမပါဘဲ လုပ်မယ့် ဟတ်ကြီးရေကာတာ စီမံကိန်းကို ကျွန်တော်တို့ လုံးဝ ခွင့်မပြုနိုင်သလို ဒီနေရာကနေလည်း ဘယ်ကိုမှာရွှေ့ပြောင်းပေးမှာ မဟုတ်ဘူး။
သံလွင်မြစ်အပါအ၀င် ကရင်ပြည်နယ်ရဲ့သဘာဝတော တောင်ရေမြေတွေနဲ့ သယံဇာတတွေကို ကာကွယ်ထိန်းသိမ်းသွားဖို့ တာဝန်ရှိတယ်” ဟု DKBA ဗိုလ်မှူးရှာထူးဝေါ်က ပြောသည်။

သေနတ်သံ အဆက်မပြတ် ထွက်ခဲ့သည့် ကရင်ပြည်နယ်သည် ကာလအတန်ကြာ ငြိမ်းချမ်းခဲ့ပြီး ယခုအခါ တိုက်ပွဲကြီးငယ်များ ပြန်ထွက်လာနိုင်သည့် အရိပ်အယောင်တချို့ တွေ့နေရသည်။
တိုက်ပွဲဖြစ်မည် သို့မဟုတ် ငြိမ်းချမ်းရေး ဆက်ထိန်းမည် ဆိုသည်တို့မှာ လက်နက်ကိုင်ထားကြသူတို့၏ ဆုံးဖြတ်ချက်အပေါ်တွင် အဓိက မူတည်နေသည်ဟု ဆိုရမည်ဖြစ်သည်။
သတင်းနှင့်ဓာတ်ပုံ- ဧရာဝတီhttp://blog.irrawaddy.org/2013/05/blog-post_1982.html

 
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template